Advertisement

ချစ်တို့ရေ ကိုယ့်ရဲ့ အဆုတ်လေး ကောင်းမွန်ချင်တယ်ဆိုရင် ဘာတွေစားရမလဲဆိုတာ သိထားပြီးပြီဆိုရင်တော့ မဖြစ်မနေ စားပေးနော်။

ကိုယ့်ရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေက ကိုယ်အသက်ရှင်ဖို့အတွက် လုပ်ငန်းဆောင်တာတွေ အများကြီး လုပ်ပေးနေတာပါ။ အစိတ်အပိုင်း တစ်ခုချင်းဆီမှာ သူ့တာဝန်နဲ့ သူရှိပြီးသားပါ။ အဆုတ်ကတော့ အသက်ရှူနိုင်ဖို့၊ အောက်ဆီဂျင်တွေ ရှူသွင်းပြီး ကာဗွန်ဒိုက်အောက်ဆိုဒ်တွေ ပြန်ထုတ်နိုင်ဖို့ သူတာဝန်ကျေရပါတယ်။ အဆုတ်ကသာ ကောင်းကောင်း အလုပ်မလုပ်နိုင်ဘူး သူ့ရဲ့တာဝန် မကျေနိုင်ဘူးဆိုရင် ချစ်တို့ အသက်ရှူရခက်မယ် အသက်ရှူကြပ်ပြီး အသက်သေတဲ့အထိတောင် ဖြစ်သွားနိုင်ပါတယ်။ အဆုတ်တာဝန် ကောင်းကောင်းကျေနိုင်ဖို့ ဂရုစိုက်ရမှာပါ။ အဲဒါကတော့ အဆုတ်အတွက် ကောင်းမွန်ပြီး လိုအပ်တဲ့ အာဟာရတွေ ပေးစွမ်းရမှာပါ။

ရေ

ရေက အဆုတ်အတွက် အလိုအပ်ဆုံး အရာပါပဲ။ နေ့တိုင်း မမေ့ဘဲ ရေများများ သောက်ပေးမယ်ဆိုရင် အဆုတ်ထဲမှာ ရှိတဲ့ ကြွက်သားလိုင်းတွေကို ရေဓါတ်ပြည့်ပေးနိုင်ပါတယ်။ နောက်ပြီး အသက်ရှူလမ်းကြောင်း တစ်လျှောက်လုံး ကောင်းမွန်စေတာမလို့ အဆုတ်ရဲ့ အလုပ်လုပ်ပုံတွေလည်း ပိုကောင်းလာမှာပါ။ ရေက အဆိပ်အတောက်ပြေလျော့စေတာမလို့ အဆုတ်အတွက် သောက်ပေးနော်။

www.eatthis.com

ငါး

ငါးမကြိုက်တဲ့သူတွေလည်း ကျန်းမာရေးအတွက် အတွက် နည်းနည်းပါးပါးတော့ စားပေးသင့်ပါတယ်နော်။ ငါးမှာပါဝင်တဲ့ omega-3 fatty acids က အဆုတ်ရောင်ရမ်းတာတွေကို တိုက်ထုတ်နိုင်ပြီး ပိုးဝင်ရောက်တာကိုလည်း လျော့ကျစေနိုင်ပါတယ်။

ပန်းသီး

အဆုတ်ရဲ့ ကျန်းမာရေးကို ကောင်းမွန်စေတဲ့ အစားအသောက်တွေထဲမှာ ပန်းသီးလည်း ပါဝင်ပါတယ်။ ပန်းသီးက ဗီတာမင် စီနဲ့ အီးအပြင် တခြားချဥ◌်တဲ့အသီးတွေလို အာဟာရဓါတ်ပေးတာမလို့ အဆုတ်အတွက် ကောင်းမွန်စေပါတယ်။

www.eatthis.com

ပန်းဂေါ်ဖီစိမ်း

ချစ်တို့ရေ ပန်းဂေါ်ဖီစိမ်းကလည်း အဆုတ်အတွက် စားပေးသင့်ပါတယ်။ ဘာလို့လဲဆိုတော့ ပန်းဂေါ်ဖီစိမ်းမှာ Sulforaphane ပါဝင်ပြီး အဲဒါက အသက်ရှူလမ်းကြောင်းကို ဖျားနာစေတာနဲ့ asthma ဖြစ်တာတွေကို ဆန့်ကျင်ပေးနိုင်တဲ့ အင်ဇိုင်းဓါတ် ထွက်တာကြောင့်ပါပဲ။

www.eatthis.com

ဘယ်ရီသီး

ဘယ်ရီသီးမှာ antioxidants တွေ များများစားစား ပါဝင်ပြီး အဲဒါက အဆုတ်ကျန်းမာရေး ကောင်းမွန်ဖို့ အထောက်အကူ အများကြီး ပြုပေးတယ်လို့ American Cancer Society က အဆိုပြုထားပါတယ်။ ဘယ်ရီသီး မစားဖြစ်ဘူးဆိုရင်တောင် စပျစ်သီးတော့ စားဖြစ်အောင် စားပေးပါနော်။

 

Tags: foodlungs health

Comments

0 comments