Advertisement

မလှုပ်မရှားနေတာကြာရင် အရိုးအဆစ်တွေကို ထိခိုက်မိရင်လည်း ထိခိုက်လွယ်လာတတ်ပါတယ်။ ဒီတော့ တင်ပါးကြွက်သားအတွက် ချစ်တို့ လှုပ်လှုပ်ရှားရှား နေပါ။

ချစ်တို့ရေ တင်ပါးပြားချပ်ချပ်လေး ဖြစ်လို့ စိတ်တိုင်းမကျဖြစ်နေပြီလား။ တင်ပါးပြားချပ်ချပ် ဖြစ်တာကနေ တင်လုံးလုံးကျစ်ကျစ်လေး ဖြစ်ချင်တယ်ဆိုရင်တော့ လုပ်ဆောင်လို့ ရတာတွေ ရှိပါတယ်။ တင်ပါးလေး လုံးလုံးကျစ်ကျစ်နဲ့ တင်းရင်းနေတယ်ဆိုရင် ကြည့်ကောင်းပြီး အဝတ်အစား ဝတ်တာကအစ အဆင်ပြေစေတယ်လေ။ တင်ပါးကျစ်ကျစ်လေး ဖြစ်နေအောင် ဘာတွေလုပ်လို့ရမလဲဆိုတာ ပြောပြပေးလိုက်ပါတယ်နော်။

လေ့ကျင့်ခန်း

တင်ပါးပြားပြားဖြစ်တာကနေ လုံးလုံးကျစ်ကျစ်လေး ဖြစ်လာစေချင်တယ်ဆိုရင်တော့ လေ့ကျင့်ခန်း လုပ်ဖို့ လိုပါတယ်။ gymတွေဆီသွားပြီး လေ့ကျင့်ခန်း မလုပ်ဖြစ်ဘူးဆိုရင်တောင် ပုံမှန် ကိုယ်လက်လှုပ်ရှားမှုတွေတော့ ရှိဖို့ လိုပါတယ်။ ပုံမှန် လမ်းလျှောက်တာ အပြေးလေ့ကျင့်တာတွေနဲ့ ချွေးထွက်အောင် လေ့ကျင့်ခန်း လုပ်တာမျိုးတွေ ရှိဖို့ လိုအပ်ပါတယ်။ အဓိကကတော့ အားကစား လုပ်ပေးဖို့ လိုပါတယ်။ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းတွေ ရှိမှသာ တင်ပြားပါးချပ်တာကနေ ကြွက်သားတွေ ပုံကျလာပြီး တင်းတင်းရင်းရင်း ဖြစ်လာမှာပါ။

လေ့ကျင့်ခန်း

လေ့ကျင့်ခန်း

အစားအသောက်

တင်ပါးလုံးကျစ်လာဖို့ဆိုတာ ကြွက်သားတွေ တောင့်တင်းလာဖို့ပါ။ ခန္ဓာကိုယ်ကို တင်းရင်းအောင် လုပ်နေပြီဆိုရင်တော့ အစားအသောက်တွေကို သေချာဂရုစိုက်ဖို့ လိုပါတယ်။ အစားအသောက်တွေကို သေချာစားသုံးဖို့ လိုပါတယ်။ ခန္ဓာကိုယ် ကြွက်သားအတွက် လိုအပ်တဲ့ အသား၊ငါး၊ အသီးအရွက်၊ ပဲအမျိုးမျိုးတွေ စားသုံးဖို့ လိုပါတယ်။

ပရိုတင်းဓါတ် ကြွယ်ဝဖို့အတွက် စားပေးဖို့ လိုသလို ကစီဓါတ် ပါဝင်တဲ့ ကန်စွန်းဥလိုမျိုး ဥတွေလည်း စားပေးဖို့ လိုပါသေးတယ်။ ပရိုတင်းအတွက် လိုအပ်တဲ့ ဆေးတွေ သောက်ဖို့လိုတယ်ဆိုရင်လည်း ချစ်တို့ တတ်ကျွမ်းတဲ့သူတွေနဲ့ တိုင်ပင်ပြီး သောက်ပါ။

Gym ဆော့ကြတဲ့အခါ

ချစ်တို့ Gym ဆော့တဲ့အခါ တင်ပါး လုံးလုံးကျစ်ကျစ်လေး ဖြစ်လာဖို့ဆိုရင် သေချာလေ့ကျင့်ဖို့ လိုပါတယ်။ အောက်ပိုင်းထိုင်ဖို့ကို ပျင်းနေ ကြောက်နေမယ်ဆိုရင်တော့ ဘယ်လိုနည်းနဲ့မှ တင်ပါး လုံးလုံးကျစ်ကျစ်လေး မရနိုင်ပါဘူး။ တင်ပါးကျစ်ကျစ်လေး ဖြစ်ဖို့အတွက် gym trainer နဲ့ သေချာတိုင်ပင်ပြီး စနစ်တကျ ဆော့ရပါမယ်။

အဲဒီလိုမှ မဟုတ်ရင် တင်ဘေးဘက်ချိုင့်သွားတာမျိုး ဖြစ်တတ်သလို ခါးနာတာတွေ ဖြစ်တတ်ပါတယ်။ ထိုင် ထ လုပ်တဲ့အခါတွေမှာ တကယ်ထိရောက်အောင် လေ့ကျင့်ဖို့ လိုပါတယ်။ စိတ်ရှည်ဖို့ လိုပါတယ်။ လေ့ကျင့်တဲ့အချိန်မှာ နာကျင်တာမျိုးတွေ ကိုက်ခဲတာတွေ ရှိလာရင်လည်း သည်းခံပြီး မပျက်မကွက် လုပ်ဆောင်ဖို့ လိုပါတယ်။ အဲဒါမှ တင်က လုံးလုံးကျစ်ကျစ် ဖြစ်လာမှာပါ။

အစားအသောက်

အစားအသောက်

မလှုပ်မရှား မနေပါနဲ့

ချစ်တို့ရေ တင်ပါးပြားချပ်ချပ် မဖြစ်ချင်ဘူးဆိုရင် မလှုပ်မရှားနေတာတွေကို ရှောင်ဖို့ လိုပါတယ်။ တင်ပါးလုံးလုံးကျစ်ကျစ်လေး ဖြစ်ဖို့အတွက် ကြွက်သားတွေ လှုပ်ရှားရပါမယ်နော်။ တင်ပါးကြွက်သားတွေက လှုပ်ရှားမှု မရှိဘူးဆိုရင် အချိန်ကြာလာတဲ့အခါ ပြားချပ်ချပ် ဖြစ်လာတတ်ပါတယ်။

မလှုပ်မရှားနေတာကြာရင် အရိုးအဆစ်တွေကို ထိခိုက်မိရင်လည်း ထိခိုက်လွယ်လာတတ်ပါတယ်။ ဒီတော့ တင်ပါးကြွက်သားအတွက် ချစ်တို့ လှုပ်လှုပ်ရှားရှား နေပါ။

ချစ်တို့ရေ တင်ပါးပြားရာကနေ လုံးလုံးကျစ်ကျစ်လေး ဖြစ်ချင်တယ်ဆိုရင် ခုပြောတဲ့ အချက်လေးတွေ မမေ့နဲ့နော်။

Tags: fitnesship

Comments

0 comments