Advertisement

ရာသီလာတာကို ရှောင်လွှဲလို့ မရဘူးဆိုမှတော့ အကောင်းဆုံး ဖြစ်အောင် လက်ခံဖို့ပဲ ရှိတော့တာပေါ့နော်။ ဒီတော့ ကြိုတင်ပြင်ဆင်ထားဖို့ ဖတ်ကြည့်ရအောင်။

အရွယ်ရောက်ပြီဆိုတာနဲ့ မလွဲမသွေကြုံရမှာက ရာသီလာခြင်းပါပဲ။ ရာသီလာတာကို ရှောင်လွှဲလို့ မရဘူးဆိုမှတော့ အကောင်းဆုံး ဖြစ်အောင် လက်ခံဖို့ပဲ ရှိတော့တာပေါ့နော်။ မိန်းကလေးအများစုဟာ ရာသီလာနေချိန်မှာ စိတ်ပင်ပန်းကြပါတယ်။ အဲဒီအချိန်ဆို အလိုလိုစိတ်မကြည်တော့ဘူးလေ။ ဒီလို မဖြစ်ဘဲ ရာသီလာနေချိန်မှာ စိတ်ပျော်ရွှင်အောင် နေလို့ ရပါတယ်။ ကြိုတင်ပြင်ဆင်ထားဖို့တော့ လိုတာပေါ့လေ။

(၁) တစ်ကိုယ်ရည်သန့်ရှင်းရေး ဂရုစိုက်ပါ

ရာသီလာနေချိန်မှာ ခန္ဓာကိုယ်က ငြီးစိစိဖြစ်နေတတ်သလို ကိုယ့်မှာလည်း ဟိုနေရာက အနံ့ဆိုးရနေသလို ဒီနေရာက အနံ့ဆိုးရနေသလိုလိုနဲ့ ဖြစ်နေတတ်ပါတယ်။ ဒီလိုဆိုရင် စိတ်ကရှုပ်လာရောလေ။ ဒီလို မဖြစ်ရအောင် တကိုယ်ရည်သန့်ရှင်းရေး သေချာလုပ်ပေးပြီး မိန်းမကိုယ်ကိုလည်း သန့်ရှင်းအောင် ထားပါ။ ခန္ဓာကိုယ်လည်း မွှေးမွှေးကြိုင်ကြိုင်လေး ဆိုရင် စိတ်ကြည်ပြီလေ။

(၂) ကိုယ့်စိတ်ကို ကိုယ်နားလည်ပါ

ရာသီလာနေချိန်မှာ စိတ်ရောကိုယ်ပါ အလိုလို ပင်ပန်းနေတတ်တာမို့ အဲဒီလို အချိန်မှာ ကိုယ့်ကိုယ်ကို ဖိအားများများ မပေးဖို့ ဂရုစိုက်ပါ။ ရာသီလာနေချိန်မှာ ပင်ပန်းနေတတ်တာမို့ အရင်လို အလုပ်တွေ သေချာမလုပ်နိုင်တာ အသေးအဖွဲလေးကိုတောင် စိတ်မရှည်တာ စိတ်ရှုပ်တတ်တာမျိုး ဖြစ်တတ်တာမို့ အလုပ်တွေ ပြီးဖို့အရမ်းဖိအားမပေးဘဲ ဖြေးဖြေးချင်းသာ လုပ်ဆောင်ပါ။ နားနားနေနေ အလုပ်လုပ်ပါ။

https://researchfeatures.com/

(၃) ရေများများသောက်ပါ

ရာသီလာနေချိန်က အပေါ်မှာ ပြောသလို စိတ်ရောကိုယ်ပါ ပင်ပန်းနေတာမို့ လူကလန်းဆန်းတက်ကြွမှု နည်းနေမှာ သေချာပါတယ်။ ပျော်ပျော်ရွှင်ရွှင် ဖြစ်တဲ့ vibe ရဖို့ဆိုတာ လူက လန်းဆန်းတက်ကြွနေမှလေ။ ဒီတော့ ခန္ဓာကိုယ်မှာ ရေဓါတ် ပြည့်နေဖို့ လိုပါတယ်။  ဒါမှ ကိုယ်လက်မအီမသာ ဖြစ်နေရင်လည်း မပင်ပန်းမှာပါ။

(၄) အမျိုးသမီးလစဥ◌်သုံးပစ္စည်း သေချာရွေးပါ

ခဏခဏ ယိုစိမ့်နေတဲ့ ပစ္စည်းတွေ ထူလွန်းပူလွန်းပြီး လေဝင်လေထွက်အားနည်းတဲ့ လစဥ◌်သုံးပစ္စည်းတွေက သေချာပေါက် ကိုယ့်ကို စိတ်ရှုပ်စေပါတယ်။ မိန်းမကိုယ်နဲ့ ပေါင်တဝိုက်မှာ ပူလောင်ပြီး စိတ်တွေတိုလာတော့တာပါပဲ။ ဒီတော့ လစဥ◌်သုံးပစ္စည်းကို သက်တောင့်သက်တာ ဖြစ်စေမယ့်အရာ ရွေးသုံးပါ။

https://researchfeatures.com/

(၅) အိပ်ရေးဝအောင်အိပ်ပါ

ဒီလိုရက်တွေမှာ အိပ်‌ရေးဝဝ အိပ်ဖို့ လိုပါတယ်။ အိပ်ရေးဝမှ စိတ်ကြည်လင်နေမှာလေ။ ခန္ဓာကိုယ်က ပင်ပန်းနေတဲ့အချိန်မှာ အိပ်ရေးမဝဘူးဆိုရင် စိတ်က ဘယ်လိုမှ မကြည်နိုင်ပါဘူး။ ဒါကြောင့် ရာသီလာနေတဲ့ရက်တွေမှာ စိတ်အဆင်ပြေအောင် အိပ်ရာစောစောဝင်ပြီး အိပ်ရေးဝဝ အိပ်ပါ။

 

Tags: healthperiod

Comments

0 comments