အခုခေတ်မှာ ကင်ဆာဖြစ်စေတဲ့ အရာအားလုံးကို လူတိုင်းက ဂရုတစိုက်နဲ့ ဆင်ခြင်ကြမှာ အမှန်ပါပဲ။ ဒါပေမယ့် အခုပြောပြမယ့် အစားအစာများက ကင်ဆာဖြစ်နိုင်ခြေကို တိုးမြင့်စေတယ်လို့ သိပ္ပံနည်းကျ သက်သေပြထားပါတယ်။ လူသုံးယောက်မှာ တစ်ယောက်ဟာ ကင်ဆာဖြစ်နေပါတယ်။ ဒါကြောင့် ဘဝအတွက် ကင်ဆာရောဂါကို ကာကွယ်ဖို့အတွက် ရှောင်သင့်တဲ့ အစားအစာများကို ပြောပြပေးသွားပါ့မယ်နော်။
စည်သွပ်ခရမ်းချဥ◌်သီး

လတ်ဆတ်တဲ့ ခရမ်းချဉ်သီးတွေက ကျန်းမာရေးအတွက် အလွန်ကောင်းမွန်ပြီး ကင်ဆာရောဂါကိုပင် ကာကွယ်ပေးပါတယ်။ စည်သွပ်ဗူးထဲက ခရမ်းချဥ◌်သီးတွေကတော့ ဗူးအများစုက အများအားဖြင့် bisphenol A (BPA) နဲ့ ပြုလုပ်ထားတဲ့ အတွင်းဘက်မှာ ပါးလွှတဲ့ာ အလွှာတစ်ခု ပေးထားပါတယ်။ BPA က ခန္ဓာကိုယ်မှာရှိတဲ့ ဟော်မုန်းဆိုင်ရာ လုပ်ဆောင်ချက်များနဲ့ ဦးနှောက်အတွင်းရှိ မျိုးဗီဇများ လုပ်ဆောင်ပုံအပေါ် သက်ရောက်မှုရှိကြောင်း လေ့လာမှုများက ဖော်ပြထားကြပါတယ်။ ခရမ်းချဉ်သီးတွေက အရမ်းချဉ်တာကြောင့် ပိုအန္တရာယ်များပါတယ်။ အက်ဆစ်က ဗူးထဲမှ အဆိပ်အတောက်များကို ထုတ်လွှတ်ပြီး ခရမ်းချဉ်သီးထဲသို့ ယိုစိမ့်ပါတယ်။ BPA က မတူညီတဲ့ ကင်ဆာအမျိုးအစားများ၊ နှလုံးရောဂါနဲ့ မျိုးပွားမှုဆိုင်ရာ ပြဿနာများနဲ့ ဆက်စပ်မှုကို ပြသပါ။ ဒါကြောင့် အကြံပေးရရင် စည်သွတ်ခရမ်းချဉ်သီးများကို စားမဲ့အစား လတ်ဆတ်တဲ့ ခရမ်းချဉ်သီးများကို ရွေးချယ် စားသုံးပေးပါ။
ပြန်လည်ပြုပြင်ထားတဲ့ အသားများ

တကယ်လို့ ကိုယ်က အသားကို နှစ်သက်သူဖြစ်ပါက အရသာရှိတဲ့ အသားညှပ်ပေါင်မုန့်များကို စွန့်လွှတ်ရန် ခက်ခဲနေမှာပါ။ ဒါပေမယ့် ပြုပြင်ထားတဲ့ အသားထုတ်ကုန်တွေကို စားသုံးဖို့ သတိထားပါ။ ဥပမာ- ဝက်အူချောင်း၊ ဘေကွန်၊ ဟော့ဒေါ့များနှင့် ပေါင်မုန့်အတွက် အအေးဖြတ်ခြင်း အများဆုံးပါဝင်သည့် အသားများ ဖြစ်ပါတယ်။ လေ့လာမှုနှစ်များအရ လူ 17 ဦးတွင် 1 သည် ပြုပြင်ထားသောအသား 160 ဂရမ်ကို စား၍ သေဆုံးကြောင်းပြသထားပါတယ်။ ဒီလိုအသား 20 ဂရမ် ဒါမှမဟုတ် ဒီ့ထက်နည်းသော ပမာဏ စားတဲ့သူများမှာ ကင်ဆာဖြစ်နိုင်ချေ 44 ရာခိုင်နှုန်းပိုများတယ်လို့ သိရပါတယ်။ အသားများကို ပြုပြင်ရာတွင် လတ်ဆတ်နေစေရန်အတွက် ဓာတုပစ္စည်းများနဲ့ ဆားများစွာကို အသုံးပြုရပါတယ်။ ဒါကြောင့် ပြုပြင်ထားသော အသားထွက်ကုန်များအစား လတ်ဆတ်တဲ့ အသားများကိုသာ စားဖို့ အကြံပြုချင်ပါတယ်။
အာလူးကြော်များ

စျေးသက်သက်သာသာနဲ့ လွယ်ကူပြီး အရသာရှိနိုင်ပါတယ်။ ဒါပေမယ့် ဒီလို ရွစိစိနဲ့ စွဲလမ်းစေတဲ့ သရေစာတွေက သေစေနိုင်ပါတယ်။ အာလူးကြော်များမှာ အရသာအတုများ၊ ဆိုးဆေးများနှင့် ကြာရှည်ခံပစ္စည်းများ အမျိုးမျိုး ပါဝင်ပါတယ်။ နောက်ထပ်အန္တရာယ်တစ်ခုမှာ acrylamide ပါဝင်မှုဖြစ်ပါတယ်။ ဒီအရာများက ခန္ဓာကိုယ်က လုံးဝစောင့်ဆိုင်းမနေဘဲ ဓာတုပစ္စည်းများဖြစ်ပြီး ကင်ဆာဖြစ်နိုင်ခြေကို သိသိသာသာ တိုးစေပါတယ်။ ဒါကြောင့် ကျန်းမာရေးကို ကာကွယ်ဖို့အတွက် အသင့်စားအာလူးကြော်ထက် ခန္ဓာကိုယ်ကို ပိုကျန်းမာစေတဲ့ သရေစာတစ်ခု စားပေးပါ။
အရက်

အရက်သောက်ခြင်းက ဆေးလိပ်သောက်ခြင်းနောက် ကင်ဆာဖြစ်စေတဲ့ ဒုတိယမြောက် အကြောင်းရင်းဖြစ်ပါတယ်။ အရက်ကို အလယ်အလတ် သို့မဟုတ် နည်းပါးစွာ သောက်သုံးခြင်းက ကျန်းမာရေးနှင့် ညီညွတ်ပြီး နှလုံးရောဂါဖြစ်နိုင်ခြေကို လျော့ကျစေသော်လည်း အလွန်အကျွံသောက်သုံးခြင်းက နှလုံးရောဂါ၊ လေဖြတ်ခြင်းနှင့် ရုတ်တရက် သေဆုံးခြင်းတို့ကို ဖြစ်စေကြောင်း သိရှိထားပါတယ်။ အရက်အလွန်အကျွံသောက်ခြင်းက အစာပြွန်၊ အသည်း၊ ပါးစပ်၊ အူလမ်းကြောင်းနှင့် ရင်သားတို့တွင် ကင်ဆာဖြစ်စေနိုင်တဲ့ အဓိကအကြောင်းရင်းဖြစ်ပါတယ်။ ညမှာ ဝိုင်တစ်ခွက် ဒါမှမဟုတ် နှစ်ခွက် သုံးခွက် ခဏခဏ သောက်နိုင်ပါတယ်။ ဒါပေမဲ့ ကျန်းမာရေးကို သေချာစဉ်းစားပြီး တစ်ခွက်တည်းကိုသာ သောက်ပေးဖို့ အကြံပေးချင်ပါတယ်။
Comments