Advertisement

ချစ်တို့ရေ Chia Seeds တွေ သောက်နေတယ်ဆိုရင်တော့ သူ့ရဲ့ ကောင်းကျိုးအာနိသင်တွေကို သိထားသင့်တယ်နော်။

ခုနောက်ပိုင်း ကောင်မလေးတွေ ဝိတ်ကျဖို့အတွက် Detox လိုမျိုး သောက်လာကြတာက Chia Seeds လေးတွေပါ။ Chia Seed တွေက ပင်မွှားစေ့တွေနဲ့ ပုံစံဆင်တူပေမယ့် သေချာကြည့်မယ်ဆိုရင်တော့ မတူဘူးနော်။ Chia Seeds တွေက အရွယ်အစားပိုသေးပါတယ်။ ခုနောက်ပိုင်းမှာ Chia Seeds တွေ သောက်တာတွေ များလာပြီဆိုတော့ သူ့မှာ ဘယ်လိုအကျိုးအာနိသင်တွေ ရှိသလဲဆိုတာ သိထားဖို့ လိုတယ်နော်။ ဒါမှ ကိုယ်နဲ့ကိုက်မကိုက် ကြည့်ပြီး သောက်လို့ရမှာပေါ့။

(photo: beautymnl.com)

Energy ရနိုင်ခြင်း

Chia seed ကို သောက်မယ်ဆိုရင် Energy Drink တွေ သောက်သလိုမျိုး Energy တွေ ရနိုင်ပါတယ်။ သူ့ရဲ့ အားသာချက်ကတော့ Energy Drink တွေလိုမျိုး သကြားဓါတ်တွေ မပါတာပါပဲ။ သကြားတွေ မပါဘဲ သောက်ရမှာဆိုတော့ ခန္ဓာကိုယ် ကျန်းမာရေးအတွက် အကောင်းဆုံးပါနော်။

ဗိုက်ပြည့်စေတယ်

Chia Seeds ရဲ့ နောက်ထပ်ကောင်းကျိုးကတေ့ာ သူက အမျှင်ဓါတ်များများ ပါလို့ ခန္ဓာကိုယ်အတွက် အကျိုးပြုတဲ့အပြင် ဗိုက်ပြည့်စေတာမလို့ ထမင်းစားပြီးနောက် တခြားမုန့်သရေစာတွေ မစားချင်တော့တာမျိုး ဖြစ်တတ်ပါတယ်။ ဒီတော့ snack တွေကြောင့် ဝိတ်တက်လာတာမျိုး မဖြစ်တော့ဘူးပေါ့။

စိတ်ဖိစီးမှုတွေ ပြေပျောက်စေတယ်

Chia Seeds မှာ ပါဝင်တဲ့ အမိုင်နိုအက်ဆစ်ကတော့ စိတ်ဖိစီးမှုတွေကို လျော့စေပြီး စိတ်ပူပန်တာတွေကို တိုက်ထုတ်ပေးနိုင်ပါတယ်။ ဒီတော့ ချစ်တို့ emotional အတွက်လည်း အဆင်ပြေစေတယ်နော်။

O mega 3 fatty acid

Chia Seeds မှာ O mega 3 fatty acid ပါဝင်တာမို့ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အဆီတွေ ရရှိနိုင်ပါတယ်။ ကျန်းမာရေး ကောင်းကျိုးပြုပေးတဲ့ အဆီတွေပေါ့။ ဆယ်လ်မွန်ငါး စားပေးသလိုမျိုး အကျိုးအာနိသင် ရနိုင်တာမို့ Chia Seeds သောက်တာမျိုး လုပ်ပေးသင့်တယ်နော်။

(photo: www.eatthis.com)

ဝိတ်ကျစေခြင်း

အဓိက Chia Seeds စားကြတာက ဝိတ်ကျဖို့ အတွက်ပါ။ Chia seed မှာ ပါဝင်တဲ့ အမျှင်ဓါတ်နဲ့ ပရိုတင်းဓါတ်က တခြားအစားအစာတွေ စားချင်စိတ်ကို လျှော့ကျထိန်းချုပ်ထားပေးတာမို့ ဝိတ်ကျဖို့ အထောက်အကူပြုတာပါ။

 

Tags: benefithealth

Comments

0 comments