Advertisement
 Hip Dips ဆိုတာက တင်ပါးဘေးချိုင့် ခြင်း ကနေ တင်ပါးဆုံရိုးက ပေါင်ရိုးထက်ပိုပြီး မြင့်နေတဲ့အခါ အဆီနဲ့ ကြွက်သားတွေ အတွင်းထဲကို ပြိုဆင်းတာကြောင့်ဖြစ်လာတာပါ။ တင်ပါးဘေးချိုင့်ခြင်း (hip dips) ဖြစ်ရတဲ့အကြောင်းက အဆီတွေနဲ့ ပိန်လွန်းတာကြောင့် မဟုတ်ပဲ ခန္ဓာကိုယ်မှာရှိတဲ့ တင်ပါးခွက် တွေကြောင့်သာဖြစ်ပါတယ်။ Hip Dipsတွေကို တယောပုံဏ္ဍာန် တင်ပါး ( violin hips)လို့လည်း ခေါ်ကြပါတယ်။
တင်ပါးရဲ့ အပြင်စွန်းဘက် အနားသတ် တွေက ထောင့်တိုင်းစက်၀က်ခြမ်း ပုံလို အကွေးမျိုးနဲ့ Hip Dips လို့ အကြမ်းဖျင်းပြောလို့ရပါတယ်။ တင်ပါး​ဘေးချိုင့်ခြင်းကိုသက်သာစေနိုင်မဲ့နည်းလမ်းအချို့ကိုမျှဝေပေးခြင်ပါတယ်။
တင်ပါးကြွက်သားကိုအဓိကအသားပေးဆော့ရတဲ့ ရိုးရိုး squat ထိုင်တာမျိုး၊Sumo Squat ထိုင်တာမျိုးဆော့ပေးပါနော်။Youtube မှာလဲ Booty ပိုင်းနဲ့ပက်သက်ပြီးလှပအောင်ဆော့လို့ရမဲ့ Tutorial လေးတွေအများကြီးရှိတာမို့ တစ်နေ့ကိုအချိန်နဲနဲစီပေးသွားပြီး သေချာလေးပုံမှန်ဆော့ပေးပါ။ လှပပြီးကျစ်လစ်တဲ့တင်ပါးလေး ပိုင်ဆိုင်နိုင်ဖို့ဆိုတာ အစားအသောက်နဲ့လဲအများကြီးသက်ဆိုင်တာမို့ အဓိကထားစားသောက်ရမဲ့အစားအစာလေးတွေကိုလဲ ဝေမျှပေးချင်ပါတယ်။
အလွယ်ကူဆုံးနဲ့စားဖို့အဆင်ပြေစေမဲ့နည်းလမ်းကတော့ ကွေကာနဲ့ပျားရည်ကိုနှံ့စပ်အောင်ရောနယ်ပေးပါ။ပြုတ်ထားတဲ့ကြက်ဥပြုတ်ကိုပါးပါးလှီး၊ထောပတ်သီး အတွင်းသားကိုပါးပါးလှီး ငှက်ပျောသီးကိုပါးပါးလှီးပြီး ခုနကနယ်ထားတဲ့ကွေကာတွေနဲ့သမအောင်ရောနယ်ပေးပါ။
ပြီးလျှင် နွားနို့တခွက်နဲ့အတူစားသုံးပေးပါ။ဒီလိုစားသုံးတဲ့နည်းလမ်းကို ၁၄ရက်လောက်ပုံမှန်ပြုလုပ်ပေးပါ။လေ့ကျင့်ခန်းလဲပုံမှန်လေးဆော့ပေးမယ်ဆိုရင် ကျစ်လျစ်ပြီးလှပတဲ့ တင်ပါးလေးတွေကိုပိုင်ဆိုင်ရမှာပါနော်။

Comments

0 comments