Advertisement

ချစ်တို့ရေ နှုတ်ခမ်းမှာ ကွဲတာ၊ နာတာနဲ့ ခြောက်သွေ့ပြီး နေလို့မကောင်းတာတွေ မဖြစ်ရအောင် ဒီအချက်လေးတွေ လိုက်နာဖို့ လိုတယ်နော်။

ချစ်တို့ရေ ဆောင်းဝင်လာပြီဆိုတော့ ထုံးစံအတိုင်း နှုတ်ခမ်းထောင့်စွန်းတွေမှာ နှုတ်ခမ်းကွဲတာ နှုတ်ခမ်းနာတာတွေ ဖြစ်လာတော့မယ်လေ။ အဲဒီလို နှုတ်ခမ်းကွဲတာတွေ နှုတ်ခမ်းနာတာတွေ ဖြစ်ပြီဆိုရင် အစားလည်း ကောင်းကောင်း စားလို့မရ ပါးစပ်လည်း ကျယ်ကျယ်ဟလို့မရနဲ့ နာပြီး စိတ်ညစ်စရာ ကောင်းပါတယ်။ ဒီတော့ ဒီနှစ်ဆောင်းတွင်းမှာ ချစ်တို့ နှုတ်ခမ်းကွဲတာနဲ့ နှုတ်ခမ်းနာတာတွေ မဖြစ်စေဖို့ ဘာတွေလုပ်ထားရမလဲဆိုတာ ပြောပြပေးလိုက်ပါတယ်။

ရေများများသောက်ပါ

ချစ်တို့ရေ နှုတ်ခမ်းကွဲတာနဲ့ နှုတ်ခမ်းနာတာတွေရဲ့ အဓိက အကြောင်းအရင်းကတော့ ရေသောက်နည်းတာကြောင့်ပါ။ ခန္ဓာကိုယ်မှာ ရေဓါတ်ပြည့်ပြည့်ဝဝ ရနေရင် နှုတ်ခမ်းခြောက်တာနဲ့ ကွဲတာတွေ မဖြစ်စေပါဘူး။ ရေဓါတ်ခမ်းခြောက်လာတဲ့အခါ နှုတ်ခမ်းခြောက်သွေ့လာပြီး ကွဲတာ နာတာတွေ ဖြစ်တတ်ပါတယ်။ ဒါကြောင့် ဒီဆောင်းတွင်းမှာ ရေများများသောက်ဖို့ သတိထားပါ။

နှုတ်ခမ်းကွဲတာ နှုတ်ခမ်းနာတာတွေ မဖြစ်ရအောင်

နှုတ်ခမ်းကွဲတာ နှုတ်ခမ်းနာတာတွေ မဖြစ်ရအောင် (photo: www.medicalnewstoday.com/)

နှုတ်ခမ်းအဆီ

ချစ်တို့ရေ နှုတ်ခမ်းကွဲတာတွေနဲ့ နှုတ်ခမ်းနာတာတွေ မဖြစ်ချင်ဘူးဆိုရင် နှုတ်ခမ်းအသားအရေလေးတွေ စိုနေဖို့ လိုပါတယ်။ နှုတ်ခမ်းအသားအရေအတွက် နှုတ်ခမ်းအဆီပါတာတွေ ဆိုးပေးပါ။ ခုဆောင်းရာသီမှာ Matte type တွေထွက် Lip Balm တွေကိုသာ ဆိုးပါ။ သူတို့မှာ ပါဝင်တဲ့ အဆီကြောင့် နှုတ်ခမ်းသားစိုပြေပြီး ကွဲတာတွေ မဖြစ်စေပါဘူး။ အကယ်လို့   Lip Balm  မသုံးချင်ဘူးဆိုရင်တော့ Vaseline လိမ်းလို့လည်း ရပါသေးတယ်နော်။

နှုတ်ခမ်းကို ကိုက်တာနဲ့ သပ်တင်တာ

ချစ်တို့ရေ နှုတ်ခမ်း ကိုက်တတ်တဲ့ အကျင့်နဲ့ လျှာနဲ့ သပ်တင်တတ်တဲ့ အကျင့်ကိုလည်း ပြင်ဖို့လည်း လိုပါတယ်။ နှုတ်ခမ်းကို ခဏခဏ ကိုက်တာက နှုတ်ခမ်းအသားအရေကို ပျက်စီးစေပြီး လျှာနဲ့ သပ်တင်တာက ပါးစပ်ကနေ ထွက်တဲ့ အက်စစ်ကြောင့် ခြောက်သွေ့တာမျိုး ဖြစ်ပြီး နှုတ်ခမ်းမှာ ခြောက်သွေ့တာတွေ ဖြစ်တတ်ပါတယ်။ ဒါကြောင့် နှုတ်ခမ်းထောင့်စွန်းမှာ နာတာကွဲတာနဲ့ ခြောက်သွေ့တာတွေ မဖြစ်ချင်ရင် နှုတ်ခမ်းကိုက်တာနဲ့ သပ်တင်တာမျိုး ရှောင်ပါ။

Scrub လုပ်ပေးပါ

Scrub လုပ်ပေးပါ (photo: www.healthline.com/)

Scrub လုပ်ပေးပါ

ချစ်တို့ရေ နှုတ်ခမ်းမှာ ဘာပြဿနာမှ မဖြစ်ဖို့ဆိုတာ နှုတ်ခမ်းမှာ သန့်ရှင်းနေဖို့လည်း လိုပါတယ်။  နှုတ်ခမ်းမှာ ဆဲလ်သေတွေ မရှိအောင်နဲ့ အဖတ်လန်ပြီး ကွာကျတာမျိုး မဖြစ်အောင် Scrub လုပ်ပေးပါ။ ချစ်တို့ နှုတ်ခမ်းကွဲတာမျိုးတွေ သက်သာနိုင်ပါတယ်။ နှုတ်ခမ်းထောင့်စွန်းလေးတွေမှာ အနာဖြစ်တာလည်း သက်သာမှာပါ။

ဝမ်းမချုပ်ပါစေနဲ့

ချစ်တို့ရေ ခန္ဓာကိုယ်မှာ အပူအအေး မျှတဖို့လည်း လိုပါတယ်။ ခန္ဓာကိုယ်မှာ ဇီဝဖြစ်စဥ◌်တွေ မှန်ကန်နေဖို့ လိုပါတယ်။ ဝမ်းမှန်မှန် သွားဖို့လည်း လိုပါတယ်။ ဝမ်းမှန်မှန် ဖြစ်မှ အပူအအေး ဖြစ်ပြီး အပူကြောင့် ဖြစ်တဲ့ ပါးစပ်အနာတွေလည်း မဖြစ်မှာပါ။

ချစ်တို့ရေ နှုတ်ခမ်းမှာ ကွဲတာ၊ နာတာနဲ့ ခြောက်သွေ့ပြီး နေလို့မကောင်းတာတွေ မဖြစ်ရအောင် ဒီအချက်လေးတွေ လိုက်နာဖို့ လိုတယ်နော်။

Tags: healthlip health

Comments

0 comments