Advertisement

ချစ်တို့ ခံတွင်းကျန်းမာရေး ကောင်းချင်တယ်ဆိုရင် ဒါတွေ မမေ့လိုက်နဲ့နော်။

ကျန်းမာရေးကေင်းဖို့ ဂရုစိုက်ရမယ့်အထဲမှာာ ခံတွင်းကောင်းဖို့ဆိုတာ အရေးကြီးတယ်နော်။ ခံတွင်းကျန်းမာရေး ကောင်းနေမှ အစားအသောက် သေချာစားနိုင်မှာ ဖြစ်သလို ခန္ဓာကိုယ် ကျန်းမာနေမှာလေ။ ဒီတော့ ခံတွင်းကျန်းမာရေး ကောင်းနေအောင် ဘာတွေ လုပ်ဖို့လိုလဲဆိုတာ ပြောပြပေးလိုက်ပါတယ်။

သွားတိုက်တံကို ဂရုစိုက်ပေးပါ

သွားတိုက်တံတိုင်းက ကိုယ့်ခံတွင်း ကျန်းမာရေးအတွက် မကောင်းစေပါဘူး။ ကိုယ့်ခံတွင်း ကျန်းမာရေးအတွက် ကောင်းမွန်စေမယ့် သွားတိုက်တံကို ရွေးချယ်ဖို့ လိုပါတယ်။ သွားတိုက်တံမှာပါတဲ့ အမျှင်လေးတွေ နူးညံ့တာကမှ ကျန်းမာရေးနဲ့ ညီစေမှာပါ။ ကြမ်းတဲ့ သွားတိုက်တံတွေက သွားချေးတွေ အညစ်အကြေးတွေကို ပိုပြီး ဖယ်ရှားပေးနိုင်မယ်လို့ ထင်တာ မှားတယ်နော်။ တစ်မျှင်ချင်း နူးညံ့နေတဲ့ သွားတိုက်တံတွေက သွားကြားတစ်ချောင်းချင်းဆီ ဝင်ပြီး အညစ်အကြေးတွေကို ဖယ်နိုင်ပါတယ်။ နူးညံ့တဲ့အတွက် သွားဖုံးကို ထိခိုက်တာမျိုးတွေလည်း မဖြစ်စေတော့ဘူးပေါ့။

သွားတိုက်တဲ့အခါ

ခံတွင်းကျန်းမာရေး ကောင်းဖို့အတွက် သွားတိုက်တဲ့အခါ ဂရုစိုက်ဖို့ လိုပါတယ်။ သွားကို သေချာအချိန်ပေးပြီး တိုက်ပေးဖို့ လိုတယ်နော်။ သွားတိုက်ဖြစ်တယ်ဆိုရုံ အမြန်တိုက်တာတွေက အညစ်အကြေးတွေ မပျောက်စေဘူးလေ။ ဒီတော့ ခံတွင်းထဲမှာ ရှိတဲ့ သွားတွေ အကုန်သန့်ရှင်းအောင် တိုက်ဖို့အတွက် အချိန်(၂) မိနစ်လောက် ပေးပါ။ မနက်တစ်ခါ ညတစ်ခါ သေချာတိုက်ပေးဖို့လည်း လိုတယ်နော်။

ရေများများ သောက်ပါ

တခြားအချိုရည်တွေအစား ခံတွင်းကျန်းမာရေးအတွက် ရေများများ သောက်ပေးပါ။ ရေများများသောက်တဲ့အခါ ခံတွင်းထဲက ဘက်တီးရီးယားတွေ ရေနဲ့အတူ ပါသွားတာမို့ ခံတွင်းရှင်းပြီးသား ဖြစ်တာပေါ့။ ဒီလိုဆိုရင် အနံ့ဆိုးလည်း ကင်းစေတယ်လေ။

labusinessmagazine.com

ပလုတ်ကျင်းဖို့ မမေ့ပါနဲ့

ခံတွင်းကျန်းမာရေးကို အလေးထားတယ်ဆိုရင် ပလုတ်ကျင်းဖို့ မမေ့လိုက်ပါနဲ့ဦး။ အစာစားပြီးတိုင်း ပလုတ်ကျင်းမယ်ဆိုရင် အစာတွေ ခံတွင်းထဲ ကျန်ခဲ့တာမျိုး၊ သွားကြပ်ညပ်တာမျိုး နည်းသွားမှာပါ။ နောက်ပြီး ကြွင်းကျန်တဲ့ အစာတွေကြောင့် ခံတွင်းနံ့ဆိုးတာတွေ မဖြစ်တော့ဘူးပေါ့။ ခံတွင်းနံ့ ဆိုးတာတွေ သက်သာဖို့အတွက် ပလုတ်ကျင်းတာအပြင် ခံတွင်းသန့်ရှင်းစေတဲ့ ပလုတ်ကျင်းရည်တွေလည်း သုံးပေးပါ။

လျှာကျန်းမာရေးကိုလည်း ဂရုစိုက်ပါ

အများစုက ခံတွင်းသန့်ရှင်းရေးဆိုရင် သွားကိုပဲ ဂရုစိုက်လေ့ ရှိကြပါတယ်။ တကယ်တော့ လျှာကျန်းမာရေးကိုလည်း ဂရုစိုက်ပေးဖို့ လိုပါတယ်။ လျှာကျန်းမာရေးအတွက် လျှာပွတ်တဲ့ ကြိုးလေးတွေ သုံးပေးပါ။ နောက်ပြီး သွားတိုက်တံကိုလည်း (၃) လကို တစ်ကြိမ်လောက် လဲလှယ်ပေးပါ။ ဒါဆိုရင် ဘက်တီးရီးယားတွေ ကင်းပြီး ခံတွင်းကျန်းမာရေ ကောင်းလာမှာပါ။

 

Tags: healthoral

Comments

0 comments