Advertisement

ခန္ဓာကိုယ်ကနေ ချွေးနံ့ကင်းချင်တယ်ဆိုရင်တော့ အခုပြောတဲ့အချက်တွေကို သတိထားပြီး လုပ်ဆောင်ပါ။ ဒါဆိုရင် ကိုယ့်ရဲ့ ကိုယ်သင်းနံ့လေး ကောင်းမွန်လာမှာပါ။

ချစ်တို့ရေ ချွေးနံ့ဆိုတာ တကယ့်ကို စိတ်ညစ်စရာပါပဲ။ ချွေးနံ့တွေ ရှိနေရင် ရေမွှေးဆွတ်လိုက်ရင်တောင် အနံ့ပြောင်းသွားတတ်ပါတယ်။ ခန္ဓာကိုယ်ရဲ့ အနံ့ဆိုတာလည်း အရေးကြီးတာမလို့ ဂရုစိုက်ဖို့ လိုတယ်နော်။ ချွေးနံ့ကင်းအောင် ဘာတွေလုပ်ရမလဲဆိုတာ သိထားသင့်ပါတယ်။

ချိုင်းကို သန့်ရှင်းအောင် ထားပါ

ချွေးနံ့ကင်းစေချင်ရင်တော့ ကိုယ့်ရဲ့ ချိုင်းကို သေချာသန့်ရှင်းအောင် ထားဖို့ လိုပါတယ်။ ချိုင်းမွှေးတွေ ဖယ်ရှားဖို့ လိုသလို ချိုင်းကို သန့်ရှင်းအောင် ထားဖို့လည်း လိုပါတယ်။ ချိုင်းကို ရေချိုးတဲ့အခါ သေချာပွတ်တိုက်ပါ။ ချေးတွေလည်း သေချာတိုက်ပါ။ အဲဒါမှ ချိုင်းကနေ ချွေးနံ့ဆိုး မထွက်မှာပါ။

အဝတ်အစားတွေ သန့်ရှင်းနေပါစေ

ကိုယ့်ဆီကနေ ချွေးနံ့တွေ ကင်းစင်အောင် လုပ်မယ်ဆိုရင် ကိုယ့်ခန္ဓာကိုယ်နဲ့ ထိတွေ့မယ့် အဝတ်အစားတွေ သန့်ရှင်းနေပါစေ။ အဝတ်အစားတွေကို သေချာ လျှော်ဖို့ လိုသလို နေပူပူမှာ သေချာလှန်းဖို့လည်း လိုပါတယ်။ အဲဒါဆိုရင် ချစ်တို့ကိုယ်မှာ ဘက်တီးရီးယားတွေ နည်းသွားပြီး ချွေးနံ့ ကင်းလာမှာပါ။\

သေချာလျှော်ပါ

သေချာလျှော်ပါ

ဘရာစီယာနဲ့ အတွင်းခံတွေ သေချာလျှော်ပါ

ခန္ဓာကိုယ်မှာ ကြပ်နေအောင် ဝတ်ရတဲ့အဝတ်အစားက ဘရာစီယာနဲ့ အတွင်းခံတွေပဲ မလားနော်။ အဲဒီလိုမျိုးနေရာတွေက ပူလောင်ပြီး ကြပ်နေတဲ့အတွက် ချွေးထွက်လာပြီး ချွေးနံ့ နံပါတယ်။ အဲဒီလို နေရာတွေကို သန့်ရှင်းအောင် ထားဖို့ လိုသလို အတွင်းခံတွေနဲ့ ဘရာစီယာတွေကိုလည်း သန့်ရှင်းအောင်ထားပါ။ အနံ့အသက်ကင်းအောင် ထားပါ။ ဒါမှ ကိုယ့်ခန္ဓာကိုယ်ကနေ အနံ့ဆိုးထွက်တာ ရပ်မှာပါ။

အမွှေးနံ့တွေ သုံးပါ

ခုဆိုရင် ချိုင်းအတွက်ပဲ ဖြစ်ဖြစ် ခန္ဓာကိုယ်အတွက်ပဲ ဖြစ်ဖြစ် အမွှေးနံ့တွေ သုံးလို့ရတာမျိုး ထွက်လာပါပြီ။ အဲဒီလို အမွှေးနံ့တွေ သုံးပေးပါ။ ချိုင်းချွေးနံ့ ပျောက်စေတာတွေ ရေမွှေးတွေနဲ့ ဆပ်ပြာမွှေးတွေပေါ့။ အမွှေးနံ့ပါတာတွေက ချစ်တို့ရဲ့ ခန္ဓာကိုယ်ကနေ ချွေးနံ့ဆိုး ထွက်တာတွေကို ဖုံးထားပေးနိုင်ပါတယ်။ နောက်ပြီး ချွေးနံ့ထွက်တာကို သက်သာစေနိုင်ပါတယ်။

ရေချိုးတဲ့အခါ

ရေချိုးတဲ့အခါ

ရေချိုးတဲ့အခါ

ရေချိုးတဲ့အခါမှာ သေချာပွတ်တိုက်ပေးပါ။ ရေချိုးတဲ့အခါ ခန္ဓာကိုယ်နေရာအနှံ့ကို သေချာပွတ်တိုက်ဆေးကြောပေးတာမျိုးက ချွေးနံ့ ပျောက်စေပါတယ်။ ရေချိုးရင် ချေးတွန်းကျောက်တို့ အဝတ်စတွေနဲ့ တိုက်ပေးပါ။ အဲဒါဆိုရင် ခန္ဓာကိုယ်က ဆဲလ်သေတွေမရှိတော့ဘဲ ချွေးနံ့ဆိုးထွက်တာတွေ ကင်းစင်သွားမှာပါ။

ချစ်တို့ရေ ခန္ဓာကိုယ်ကနေ ချွေးနံ့ကင်းချင်တယ်ဆိုရင်တော့ အခုပြောတဲ့အချက်တွေကို သတိထားပြီး လုပ်ဆောင်ပါ။ ဒါဆိုရင် ကိုယ့်ရဲ့ ကိုယ်သင်းနံ့လေး ကောင်းမွန်လာမှာပါ။

 

 

Comments

0 comments