Advertisement

ကျန်းမာနေဖို့ဆိုရင် မိန်းမကိုယ်နဲ့ ထိတွေ့တဲ့အရာတွေ သန့်ရှင်းအောင် ထားပါ။ မိန်းမကိုယ်ကို ထိမယ့် အတွင်းခံ၊ ဂျုတ်တွေနဲ့ လက်တွေက သန့်ရှင်းနေဖို့ အရေးကြီးပါတယ်။

မိန်းမကိုယ်ဆိုတာ မိန်းကလေးတစ်ယောက်မှာ အနူးညံ့ဆုံး အစိတ်အပိုင်းပါ။ ဒီအစိတ်အပိုင်းကို သန့်ရှင်းအောင် ထားဖို့တော့ လိုပါတယ်။ ချစ်တို့ရဲ့ မိန်းမကိုယ်ကို ရေချိုးဆပ်ပြာတွေနဲ့ တိုက်ရုံနဲ့ သန့်ရှင်းသွားတယ်လို့တော့ မဆိုနိုင်ပါဘူး။ မိန်းမကိုယ်ကို သန့်ရှင်းအောင် မထားဘူးဆိုရင်လည်း ဘက်တီးရီးယားတွေကြောင့် မိန်းမကိုယ် ကျန်းမာရေး ထိခိုက်စေတာမလို့ သန့်ရှင်းအောင် ဘယ်လိုထားရမလဲဆိုတာ ပြောပြမယ်နော်။

မိန်းမကိုယ်နဲ့ ထိတွေ့တဲ့အရာတွေ သန့်ရှင်းနေပါစေ

မိန်းမကိုယ်သန့်ရှင်းပြီး ကျန်းမာနေဖို့ဆိုရင် မိန်းမကိုယ်နဲ့ ထိတွေ့တဲ့အရာတွေ သန့်ရှင်းအောင် ထားပါ။ မိန်းမကိုယ်ကို ထိမယ့် အတွင်းခံ၊ ဂျုတ်တွေနဲ့ လက်တွေက သန့်ရှင်းနေဖို့ အရေးကြီးပါတယ်။ အတွင်းခံတွေ စိုစိစိဖြစ်နေချိန်မှာ ဝတ်တာ၊ နေရောင်ကောင်းကောင်း မရတဲ့နေရာမှာ လှန်းတာတွေ မလုပ်ပါနဲ့။ နောက်ပြီး မိန်းမကိုယ်အမွှေးတွေကို ရိတ်တဲ့ ဂျုတ်တွေလည်း သန့်ရှင်းအောင် ထားပါ။ နောက်ပြီး မိန်းမကိုယ်ကိုလည်း လက်နဲ့ထိကိုင်မိတာတွေ ရှိတယ်ဆို‌ေတော့ လက်ကိုလည်း သန့်ရှင်းအောင် ထားပါ။

မိန်းမကိုယ် သန့်ရှင်းအောင် ထားဖို့ လိုပါတယ်

လစဥ◌်သုံးပစ္စည်းတွေကို တနေ့ကို (၂)ခုလောက် အနည်းဆုံး လဲပေးပါ https://theconversation.com/

ရာသီလာနေချိန်

ရာသီလာနေချိန်မှာလည်း မိန်းမကိုယ်သန့်ရှင်းအောင် ထားဖို့ လိုပါတယ်။ ဘက်တီးရီးယားတွေ အလွယ်တကူ မဝင်ရောက်နိုင်ဖို့ အတွက် ဂရုစိုက်ရပါမယ်နော်။ ရာသီလာတဲ့အခါမှာ သုံးတဲ့ လစဥ◌်သုံးပစ္စည်းတွေကို တနေ့ကို (၂)ခုလောက် အနည်းဆုံး လဲပေးပါ။ ဒါမှ ပူအိုက်အိုက်ဖြစ်တာ စွတ်စိုပြီး ဘက်တီးရီးယား ကပ်တွယ်နေတာတွေ မဖြစ်မှာပါ။ မိန်းမကိုယ်နဲ့ ထိတွေ့ရတဲ့ လစဥ◌်သုံးပစ္စည်းကိုလည်း အတတ်နိုင်ဆုံး အကောင်းဆုံး ရွေးချယ်ပါနော်။

 သန့်စင်ဆေးရည် သုံးတဲ့အခါ ဂရုစိုက်ပါ

တတ်နိုင်သမျှ အနံ့ပြင်းပြင်း ပါတာနဲ့ ပြင်းတဲ့ သန့်စင်ဆေးရည်တွေကို ရှောင်ပါ https://theconversation.com/

မိန်းမကိုယ်သန့်စင်ဆေးရည်တွေ သုံးတဲ့အခါ

မိန်းမကိုယ်ဆိုတာ အနူးညံ့ဆုံး အပိုင်းဖြစ်လို့ အထူးဂရုစိုက်ရပါမယ်နော်။ ဒီတော့ သန့်ရှင်းရေးအတွက် သန့်စင်ဆေးရည်တွေ သုံးကြပါတယ်။ တတ်နိုင်သမျှ အနံ့ပြင်းပြင်း ပါတာနဲ့ ပြင်းတဲ့ သန့်စင်ဆေးရည်တွေကို ရှောင်ပါ။ အနံ့ပါတာတွေက ဓါတုပစ္စည်းတွေ ပါတတ်တာမို့ မိန်းမကိုယ်အတွက် ထိခိုက်နိုင်ပါတယ်။ နောက်ပြီး သန့်စင်ဆေးရည်တွေ ပြင်းရင်လည်း မိန်းမကိုယ် ခြောက်သွေ့တာတွေ၊ ရှိရမယ့် ရေဓါတ်ပမာဏ မရှိတော့တာတွေ ဖြစ်တတ်တာမို့ မိန်းမကိုယ်သန့်ရှင်းကျန်းမာရေးအတွက် သန့်စင်ဆေးရည် သုံးတဲ့အခါ ဂရုစိုက်ပါ။

အတွင်းထဲထိ အတင်းနှိုက်ဆေးတာ

မိန်းမကိုယ်ကို အတွင်းထဲထိ အတင်းနှိုက်ဆေးတာမျိုးလည်း ရှောင်ပါ။ မိန်းမကိုယ်မှာ သန့်ရှင်းရေးလုပ်မယ့် အက်ဆစ်နဲ့ system ရှိပြီးသားပါ။ ဒါကြောင့် အပြင်ပိုင်းကိုပဲ သန့်ရှင်းအောင် ထားပေးပါ။ အတွင်းထဲထိ အတင်းနှိုက်ဆေးတာတွေက မိန်းမကိုယ်အတွင်းသား နာကျင်တာတွေလည်း ဖြစ်နိုင်ပါသေးတယ်။

ချစ်တို့ရေ မိန်းမကိုယ်ကို သန့်ရှင်းအောင် ထားချင်တယ်ဆိုရင် ဒီအချက်တွေကို သိထားပေးနော်။

Tags: healthvagina

Comments

0 comments