Advertisement

ဘာလေးပဲစားစား ဖြည်းဖြည်းချင်းစားပါ။ အစားကို ဖြည်းဖြည်းချင်းစားတာက အစားစားချင်စိတ်ကို လျော့ကျလာစေတာမို့ ပမာဏ နည်းနည်းပဲ စားဖြစ်စေပါတယ်။

 ဝိတ်တက်လာမှ ချတာထက် အစားစားချင်စိတ်ကို ထိန်းထားရင် အကောင်းဆုံးပဲမလား။ ဒီတော့ အစားစားချင်စိတ်ကို ထိန်းချုပ်ဖို့ လိုသလို လေ့ကျင့်ခန်းတွေလည်း လုပ်ဖို့ လိုပါတယ်။ အစားစားချင်စိတ်ကို အဓိက လျှော့ချဖို့အတွက် နည်းလမ်းလေးတွေ ရှိပါတယ်။အစားစားချင်စိတ်ကို ထိန်းချုပ်လျှော့ချဖို့ဆိုတာ ခက်ပေမယ့် တဆင့်ချင်း လုပ်ရင်တော့ ရပါတယ်။

လျှော့ဈေးတွေ

ခုက စားချင်တယ်ဆို ဖုန်းလေးနဲ့ မှာလိုက်ရုံပဲလေ။ နောက်ပြီး ပရိုမိုးရှင်းတွေ၊ ဒစ်စကောင့်တွေနဲ့ဆိုတော့ တန်တယ်ဆိုပြီးမှာ၊ မှာတော့စားဖြစ်နဲ့ ပတ်ချာလည်လိုက်နေတာပါပဲ။ အစားစားချင်စိတ်ကို လျှော့မယ်၊ အစားမစားမိအောင် နေမယ်ဆိုရင်တော့ App တွေ၊ ပရိုမိုးရှင်းတွေကို လုံးဝစိတ်မဝင်စားမိဖို့ လိုပါတယ်။ ဘယ်လောက်တန်တန် မစားဘူးဆိုတာမျိုး ဆုံးဖြတ်ထားနော်။

 ဗိုက်ပြည့်အောင် စားပါ

အစားစားချင်စိတ်ကို လျှော့ချချင်တယ်ဆိုရင်တော့ တစ်ခုခုစားတဲ့အခါ ဗိုက်ပြည့်တဲ့အထိ စားပါ။ ဗိုက်မပြည့်ဘူးဆိုရင် နောက်တစ်မျိုးစားချင်တာတွေ၊ ထပ်စားမိတာတွေ ဖြစ်တတ်တယ်လေ။ အစားစားချင်စိတ် မရှိအောင် စားတဲ့အခါ ဗိုက်ပြည့်အောင် စားထားရင်တော့ နောက်ထပ်စားချင်စိတ်ဖြစ်ဖို့ ရာခိုင်နှုန်းနည်းပါတယ်။

ရေသောက်ပါ

အစားစားချင်စိတ်လျော့ဖို့ဆိုတာ ရေဓါတ်နဲ့လည်း ဆိုင်ပါတယ်။ ရေများများသောက်တာက ဗိုက်ပြည့်စေတဲ့အပြင် တခြားအစားအစားတွေ ထပ်မစားမိအောင် ထိန်းထားပေးနိုင်ပါတယ်။ အဆာခံတာမလို့ ရေသောက်ပါ။ ရေမသောက်ဖြစ်ရင်လည်း တခြားအစားအစာတွေ လျှောက်စားနေတတ်တာမို့ ရေတစ်နေ့ကို (၂) ဗူးလောက်ထိ သောက်ပါ။

ဖြည်းဖြည်းစားပါ

အစားစားချင်စိတ်ကို လျှော့ချမယ်တွေးထားရင်တော့ ဘာလေးပဲစားစား ဖြည်းဖြည်းချင်းစားပါ။ အစားကို ဖြည်းဖြည်းချင်းစားတာက အစားစားချင်စိတ်ကို လျော့ကျလာစေတာမို့ ပမာဏ နည်းနည်းပဲ စားဖြစ်စေပါတယ်။ အဲဒီလိုဆိုရင် ကျင့်သားရလာပြီး အစားနည်းနည်းပဲ စားတတ်တဲ့အကျင့်ရလာမှာပါ။ ဒါဆို အစားစားချင်စိတ် နည်းလာမှာ သေချာသလောက်ပါပဲ။ နောက်တစ်ခုကတော့ တစ်ယောက်တည်းစားတဲ့အကျင့်ကို လုပ်ပါ။ သူငယ်ချင်းတွေနဲ့ စုပြီးစားရင် ပိုစားဝင်တယ်လေ။ အစားစားချင်စိတ်နည်းအောင် တတ်နိုင်သမျှ တစ်ယောက်တည်းစားပါ။

သရေစာတွေ မဝယ်ထားပါနဲ့

သရေစာတွေ မဝယ်ထားပါနဲ့

သရေစာတွေ မဝယ်ထားပါနဲ့

အစားစားချင်စိတ် မဖြစ်အောင်၊ မစားမိအောင် နေမယ်ဆိုရင်တော့ သရေစာတွေ၊ မုန့်တွေ မဝယ်ထားဖို့ လိုတယ်နော်။ လက်လှမ်းမီတဲ့နေရာမှာ စားစရာတွေ ထားမယ်ဆိုရင် ပိုပြီးတော့ စားမိမှာ သေချာသလောက်ပဲလေ။ မုန့်တွေ ဝယ်စုထားပြီး တရစပ်စားတာတွေ မဖြစ်အောင် အနားမှာ မဝယ်ထားပါနဲ့။

Tags: appetiteweight

Comments

0 comments