Advertisement

ချစ်တို့ရေ ခုချိန်က ဆေးခန်းဆေးရုံတွေလည်း သွားဖို့ အခက်အခဲတစ်ချို့ ရှိနေချိန်ဆိုတော့ ကိုယ့်ရဲ့ ကျန်းမာရေးအတွက် အခြေခံ စစ်လို့ရတာလေးတွေ စစ်ထားကြည့်နော်။

ချစ်တို့ရေ ကျန်းမာရေးဆိုတာ တခြားအရာတွေထက် အများကြီး အရေးကြီးတယ်နော်။ ကျန်းမာခြင်းသည် လာဘ်ကြီးတစ်ပါးဆိုတာလည်း ကြားဖူးမှာပါနော်။ ကိုယ်လိုချင်တာတွေ ဘယ်လောက်ပဲ ရနေနေ ကျန်းမာရေး မကောင်းရင် ဘာမှ အဆင်မပြေဘူးနော်။ စားချင်တာ မစားရ၊ သွားချင်တာ မသွားရ စိတ်မကြည်တဲ့အပြင် စီးပွား၊ လူမှုအကုန်ထိခိုက်လာတော့တာပဲလေ။ ဒီတော့ ကိုယ့်ရဲ့ ကျန်းမာရေး ကောင်းနေရဲ့လားဆိုတာ ကိုယ်တိုင်သိထားဖို့ လိုတာပေါ့။ ဆေးရုံဆေးခန်းတွေမှာ မစစ်သေးခင် ကိုယ်တိုင်စစ်ကြည့်လို့ရအောင် ဒါလေးတွေ ကြည့်ကြည့်ပေးနော်။

အိပ်ရေးဝဝ အိပ်ပျော်ရဲ့လား

ကျန်းမာရေး မကောင်းဘူးဆိုရင် ကောင်းကောင်း အိပ်မပျော်နိုင်သလို အိပ်ပေမယ့်လည်း အိပ်ရေးမဝဘူးလို့ ခံစားနေရတာမျိုး ရှိတတ်ပါတယ်။ ကိုယ်က ညဘက်တွေမှာ ကောင်းကောင်းအိပ်ပျော်တယ်၊ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ပြီး မနက်အိပ်ရာနိုးလာတဲ့အခါလည်း ကြည်ကြည်လင်လင် ဖြစ်တယ်ဆိုရင် ကိုယ့်ရဲ့ ကျန်းမာရေး ကောင်းမွန်ပါတယ်နော်။ အဲဒီလို မဖြစ်နေဘူူးဆိုရင်တော့ ဆရာဝန်နဲ့ တွေ့ဆုံပြီး စစ်ကြည့်သင့်တာမျိုး လုပ်သင့်ပါတယ်။

နှလုံးကျန်းမာရေး

ကျန်းမာရေး ကောင်းမကောင်း သိနိုင်ဖို့အတွက် နှလုံးကျန်းမာရေးကို ဂရုတစိုက် ကြည့်ဖို့ လိုပါတယ်။ နှလုံးအောင့်တာ၊ ရင်ဘတ်နေရာ အောင့်တာနဲ့ အမောမခံတာတွေက နှလုံးကျန်းမာရေးကို စစ်ကြည့်သင့်တယ်လို့ အချက်ပြနေတာမျိုးပါ။ မောလွယ်တာ၊ နှလုံးခုန်နှုန်းမမှန်တာမျိုးဆိုရင်လည်း စစ်ကြည့်ဖို့ လိုတယ်နော်။

ကိုယ့်ခန္ဓာကိုယ်

ကိုယ့်ခန္ဓာကိုယ်

လှေကားတက်တာ

ကျန်းမာရေး ကောင်းရဲ့လားဆိုတာ နောက်ထပ် ဆန်းစစ်နိုင်မယ့် အချက်ကတော့ လှေကားအထစ်(၂၀) လောက်ကို ခပ်မြန်မြန်တက်နိုင်လားဆိုတာပါ။ ကိုယ့်ရဲ့ အရိုးအဆစ်နဲ့ ကြွက်သားတွေရဲ့ ကျန်းမာရေးကောင်း မကောင်း သိချင်ရင်တော့ လှေကားတက်နိုင်ဖို့ လိုတယ်နော်။ တက်ပြီးတဲ့နောက် ကြွက်သား၊ အရိုးအဆစ်တွေ အရမ်းမနာကျင်နေဘူး၊ ကိုယ်လက်ကိုက်ခဲတာတွေ မဖြစ်ဘူးဆိုရင် ကျန်းမာရေး အိုကေပါတယ်နော်။

တင်ပါးခွေချိတ်ပြီး မတ်မတ်ထိုင်နိုင်လား

ကိုယ့်ရဲ့ ကျန်းမာရေး ကောင်းမကောင်းဆိုတာကို ဆန်းစစ်ချင်တယ်ဆိုရင်တော့ ပထမဆုံး အနေနဲ့ တင်ပါးခွေချိတ်ပြီး ကျောမမှီဘဲ မတ်မတ်ထိုင်နိုင်လားဆိုတာပါ။ တချို့က ထိုင်တာခဏလေးပဲ ရှိသေးတယ် မှီချင်လာတာ၊ ခြေထောက်ဆန့်ချင်လာတာမျိုး ရှိတယ်လေ။ အနည်းဆုံး (၁၅) မိနစ်လောက် ထိုင်နိုင်တယ်ဆိုရင် ကိုယ့်ရဲ့ ကြွက်သားတွေ သန်မာပြီး ကျန်းမာရေး ကောင်းမွန်ပါတယ်။

ချစ်တို့ရေ ခုချိန်က ဆေးခန်းဆေးရုံတွေလည်း သွားဖို့ အခက်အခဲတစ်ချို့ ရှိနေချိန်ဆိုတော့ ကိုယ့်ရဲ့ ကျန်းမာရေးအတွက် အခြေခံ စစ်လို့ရတာလေးတွေ စစ်ထားကြည့်နော်။

Tags: fitnesshealth

Comments

0 comments