Advertisement

ကိုယ်အလေးချိန်တက်လာတယ်ဆိုရင် ခန္ဓာကိုယ်မှာ အဆီပိုတွေ ရှိလာပြီလေ။ ဒီတော့ ခြေသလုံးမှာလည်း အဆီတွေရှိလာပြီး ခြေသလုံးကြီးလာနိုင်ပါတယ်

ချစ်တို့ရေ ကိုယ့်ရဲ့ ခန္ဓာကိုယ်မှာ စိတ်တိုင်းမကျတဲ့ အစိတ်အပိုင်းတစ်မျိုးစီတော့ ရှိတတ်ကြစမြဲပါပဲ။ ချစ်တို့ ခန္ဓာကိုယ်မှာ စိတ်တိုင်းမကျတဲ့ နေရာက ခြေသလုံး ဖြစ်နေတတ်ပါတယ်။ ခြေသလုံး ကြီးလို့ စိတ်ညစ်ပြီး အတိုလေးတွေ မဝတ်ရဲတာ ဘောင်းဘီအကျပ်တွေဆိုရင်လည်း ခြေသလုံးနေရာကြီး ကြီးနေလို့ မဝတ်ရဲတာမျိုးပေါ့။ အဲဒီလိုဖြစ်နေတာကို ပျောက်ချင်တယ်ဆိုရင်တော့ ဘာတွေ လုပ်ရမလဲဆိုတာ ပြောပြပေးလိုက်ပါတယ်။

လေ့ကျင့်ခန်း

ချစ်တို့ရေ ခြေသလုံးကြီးတာ ပျောက်ချင်ရင် လေ့ကျင့်ခန်းကို သေချာလုပ်ဖို့ လိုပါတယ်။ လေ့ကျင့်ခန်းကို gym ဒါမှမဟုတ် cardio လေ့ကျင့်ပေးဖို့ လိုပါတယ်။ ခြေသလုံးကြီးတာအတွက် သီးသန့် ဆော့လို့ရတဲ့ လေ့ကျင့်ခန်းတွေ ရှိပါတယ်။ အဲဒီလေ့ကျင့်ခန်းတွေကို သေချာလုပ်ပေးမယ်ဆိုရင် ချက်ချင်းကြီး သေးသွယ်သွားမှာမျိုး မဟုတ်ရင်တောင် တဖြည်းဖြည်းနဲ့ ကြီးတာတွေ လျော့ကျလာမှာပါ။ လေ့ကျင့်ခန်း လုပ်ရင်တော့ သေချာ အာရုံစိုက်ပြီး ပုံစံမှန်အောင် လုပ်ရပါမယ်။ မဟုတ်ရင် ခြေသလုံး ပိုကြီးလာတာမျိုး ဖြစ်တတ်ပါတယ်။ လေ့ကျင့်ခန်း လုပ်ပြီးတိုင်းလည်း အကြောလျှော့ပါ။

အကြောလျှော့ပါ

ချစ်တို့ရေ ခြေသလုံးကြီးတယ်ဆိုတာ ခြေသလုံးကြွက်သားတွေ လိုတာထက် ပိုပြီး တောင့်တင်းနေတာကြောင့်ပါ။ ခြေသလုံးကြီးတာ ရပ်တန့်ဖို့အတွက် အကြောလျှော့ဖို့ လိုပါတယ်။ လေ့ကျင့်ခန်း လုပ်ပြီးတိုင်း အကြောလျှော့ပါ။ ညအိပ်ရာဝင်ခါနီး နှိပ်နယ်ပေးတာမျိုးက သက်သာစေပါတယ်။ သွေးလည်ပတ်မှုလည်း ကောင်းစေတာမလို့ ခြေသလုံးကြီးတာအတွက် အဆင်ပြေစေပါတယ်။

ခြေသလုံး ကြီးတာ ပျောက်ချင်ရင်

ခြေသလုံး ကြီးတာ ပျောက်ချင်ရင်

 

ခြေသလုံးကို သက်ရောက်စေတဲ့အရာ

ချစ်တို့ရေ ခြေသလုံးကြီးတာကို ရပ်တန့်ချင်တယ်ဆိုရင်တော့ ကိုယ့်ခြေသလုံးကြီးစေဖို့ လုပ်မိနေတာတွေကို ရပ်တန့်လိုက်ဖို့ လိုပါတယ်။ ခြေထောက်အားသုံးပြီးစီးရတဲ့ ဖိနပ်တွေ တတ်နိုင်သမျှ ရှောင်ပါ။ ဒေါက်မြင့်ဖိနပ်တွေဆိုရင် ခြေသလုံးတောင့်ထားရတယ်မလား။ အဲဒီလို ခြေသလုံး ကြွက်သားတွေကို အသုံးပြုရတဲ့အခါ ခြေသလုံးကြီးလာတတ်ပါတယ်။ အဲဒါကြောင့် ခြေသလုံးကို အားပြုစေရမယ့် ဖိနပ်တွေ မစီးပါနဲ့။

ကိုယ်အလေးချိန်ကို ထိန်းပါ

ကိုယ်အလေးချိန်ကို ထိန်းပါ

ကိုယ်အလေးချိန်ကို ထိန်းပါ

ချစ်တို့ရေ ကိုယ်အလေးချိန်တက်လာတယ်ဆိုရင် ခန္ဓာကိုယ်မှာ အဆီပိုတွေ ရှိလာပြီလေ။ ဒီတော့ ခြေသလုံးမှာလည်း အဆီတွေရှိလာပြီး ခြေသလုံးကြီးလာနိုင်ပါတယ်။ နောက်ပြီး ကိုယ်ခန္ဓာရဲ့ အလေးချိန်ကိုလည်း ခြေသလုံးက တောင့်ခံထားရတယ်လေနော်။ အဲဒါကြောင့် ကိုယ်ခန္ဓာရဲ့ အလေးချိန် မတက်လာအောင် ထိန်းထားပါ။ အဲဒါဆိုရင် ခြေသလုံးလေး ကြီးတာ သေးသွယ်လာနိုင်ပါတယ်။

ချစ်တို့ရေ ခြေသလုံးကြီးတာ သေးသွယ်ချင်တယ်ဆိုရင်တော့ ခုပြောပြထားတဲ့ အချက်လေးတွေ သေချာ လိုက်နာသင့်တယ်နော်။ 

 

 

 

Comments

0 comments