စိတ်ကူးရတုန်း Gym သွားအပ်လိုက်၊ နောက်တော့ မသွားလိုက်နဲ့ Gym ဖိုးတွေ သောင်းနဲ့ချီ၊ သိန်းနဲ့ချီ ကုန်နေပြီလား။ အဲဒီလိုမျိုး ကိုယ့်စိတ်ကိုယ် မနိုင်လို့ ကုန်သွားတဲ့ ပိုက်ဆံတွေကို နှမြောနေပြီဆိုရင်တော့ Gym သွားချင်စိတ် ရှိသင့်ပြီနော်။ Gym မသွားချင်တဲ့စိတ်ကို ဒီလိုနည်းတွေနဲ့ တော်လှန်ကြတာပေါ့။
Plan ကောင်းကောင်းဆွဲထားပါ
Plan ကောင်းကောင်းဆွဲထားရင် Gym သွားချင်စိတ် ဖြစ်နိုင်တယ်နော်။ ဘယ်နေ့၊ ဘယ်လလောက်မှာ ဘယ်နှစ်ပေါင် ကျရမယ်၊ ဘယ်နှစ်ပေါင် တက်ရမယ်ဆိုပြီး Plan ကောင်းကောင်း ဆွဲထားဖို့ လိုပါတယ်။ ဒါဆိုရင်လည်း Gym သွားဖြစ်နိုင်ချေ များပါတယ်နော်။
ပုံမှန်လုပ်ပါ
Gym သွားတဲ့အခါ စိတ်တွေလောပြီး အများကြီး တပြိုင်တည်း လေ့ကျင့်ခန်း လုပ်တာမျိုးတွေ ရှောင်ပါ။ မဟုတ်ရင် အရမ်းပင်ပန်းပြီး နောက်နေ့ မသွားချင်တော့တာမျိုး ဖြစ်တတ်တာကြောင့်ပါ။ Gym မှာ ပုံမှန်လေး ဆော့နေတယ်ဆိုရင် နောက်နေ့တွေ ဆက်သွားချင်တယ်လေနော်။
အဝတ်အစား
အဝတ်အစားလေးတွေ လှလှလေးဆိုရင် ဝတ်ပြီး ဘယ်နေရာဖြစ်ဖြစ် သွားချင်တယ်လေနော်။ Gym အတွက် အဝတ်အစားတွေက သီးသန့်ဆိုပေမယ့်လည်း ခန္ဓာကိုယ်ကို မြင်ရတာမျိုး၊ အရောင်ကအစ ကိုယ်ကြိုက်တာမျိုးဆိုရင် ဝတ်ဖြစ်ပြီး Gym သွားဖြစ်မှာပါ။ Gym နဲ့ ဆက်စပ်ပစ္စည်းတွေ အကုန်လုံး ကိုယ့်အနားမှာ ရှိနေပါစေနော်။
အဖော်ညှိတာ
ဒါကတော့ ကောင်းနိုင်သလို ဆိုးနိုင်တယ်နော်။ တချို့ သူငယ်ချင်းနဲ့ အတူတူ Gym အပ်လိုက်တယ်၊ နောက်တော့ အဲဒီသူငယ်ချင်း Gym ပျက်တဲ့နေ့ဆို ကိုယ်ပါ လိုက်ပျက်၊ သူပျက်လိုက် ကိုယ်ပျက်လိုက် တလှည့်စီနဲ့ တစ်လပြည့်သွားရော။ အဲဒီလို အကျင့်တွေလည်း ဖယ်ရှားရမယ်နော်။ လုံးဝကို အတိအကျ မပျင်းမရိ ဆော့မယ့်သူနဲ့ပဲ အဖော်ညှိပြီး ဆေ့ာပါ။
မိတ်ဆွေထားပါ
Gym မှာ မိတ်ဆွေသူငယ်ချင်း ထားလိုက်ပါ။ သူရှိတယ်ဆိုတဲ့ စိတ်နဲ့ တစ်ရက်လောက် သွားဖြစ်လည်း အကျိုးရှိတယ်လေ။ ဒါမှမဟုတ်လည်း အဆင်ချောချောလေးတွေဆို Crush သင့်ရင် Crush ပစ်လိုက်၊ Motivated ဖြစ်တာပေါ့လေ။ ဒါဆို Gym ဆော့မပျက်တော့ဘူးပေါ့။
ချစ်တို့ရေ Gym အပ်ထားပြီး ပိုက်ဆံတွေမဆုံးချင်ဘူးဆိုရင်တော့ Gym သွားချင်စိတ်ဖြစ်အောင် လုပ်ထားသင့်တာတွေ ရှိတယ်နော်။
Comments