Advertisement

Gym မှာ ငှားလို့ရမ်းလို့လည်း မရဘူးလေ။ ကိုယ့်ရဲ့ ကိုယ်ပိုင်ပစ္စည်း သေးသေးလေးတွေ သယ်သွားသင့်ပါတယ်။ ဒါမှလည်း ဟိုရောက်တဲ့အခါ အဆင်ပြေနိုင်မှာပါ။

ချစ်တို့ရေ ဝိတ်ချချင်လို့ပဲ ဖြစ်ဖြစ်၊ ဝိတ်တက်ချင်လို့ပဲ ဖြစ်ဖြစ် Gym သွားဖြစ်ကြတယ်မလား။ အဲဒီလို Gym သွားဆော့တယ်ဆိုရင် Gym မှာ ကိုယ့်တစ်ကိုယ်ရည်စာ လိုအပ်တာလေးတွေ သိထားပြီး ယူသွားမှ ဖြစ်မယ်နော်။

Face Shield

ချစ်တို့ရေ ခုချိန်က ကျန်းမာရေး သေချာဂရုစိုက်ဖို့လိုတာဆိုတော့ Face Shield သေချာတပ်သွားဖို့ လိုပါတယ်။ ကိုယ်က အရမ်းဂရုစိုက်တယ်ဆိုရင်တော့ Face Shield ကို အပြန်အတွက်ပါ တစ်ခု အပိုဆောင်းယူသွားပါ။ Gym အသွားကို တစ်ခု အပြန်ကို တစ်ခု တပ်ဆင်ပါ။

Mask

ဒီကာလတွေကတော့ Mask က မဖြစ်မနေ လိုအပ်တဲ့အရာပါပဲ။ Gym မှာလည်း လုံးဝမချွတ်ဘဲ ဆော့ဖို့က မလွယ်ကူတော့ ချွတ်ထားရမှာပါ။ တွေ့ကရာ မတင်မိစေဖို့နဲ့ ဖြစ်နိုင်ရင်တော့ အသစ်တစ်ခု တပ်ဆင်ပါ။ ဒါက ချစ်တို့အတွက် အန္တရာယ်ကနေ လုံခြုံစေမှာပါ။

ဒီကာလမှာ Gym ပြန်ဆော့မယ်ဆိုရင်

ဒီကာလမှာ Gym ပြန်ဆော့မယ်ဆိုရင် (photo: www.bestproducts.com/)

Spray

ချစ်တို့ရေ Spray ကတော့ ဗူးကြီးဆောင်ထားပါ။ အသွားအပြန် မသယ်ချင်ဘူးဆိုရင် Gym မှာပဲ အပ်ထားခဲ့တာမျိုး လုပ်ပါ။ Spray နဲ့ ပစ္စည်းတွေကို ဖြန်းဖို့ မမေ့ပါနဲ့။ ဒါမှ ပိုးမွှားကူးစက်နိုင်ခြေ နည်းမှာပါ။

ဝတ်စုံအပို

Gym ကနေ ပြန်တဲ့အခါ အဲဒီချွေးစိုဝတ်စုံတွေနဲ့ မပြန်ချင်ဘူးဆိုရင်တော့ ဝတ်စုံအပို ယူသွားဖို့ လိုတယ်နော်။ မိန်းကလေးတွေဆိုရင် Sport Bra လည်း လဲချင်တယ်ဆိုရင် သယ်သွားဖို့ လိုပါတယ်။ Gym ဆော့တဲ့ Sport type ဝတ်စုံတွေနဲ့ပဲ Gym ဆော့ရမှာလေနော်။

ဖိနပ်

Gym မှာ ပြေးတာတွေ လုပ်ရင် ဖိနပ်က Gym အတွက် သီးသန့်ထားတဲ့ ဖိနပ်ဖြစ်ဖို့ လိုပါတယ်။ ဒါမှလည်း Gym က စက်တွေရဲ့ သန့်ရှင်းရေးလည်း အဆင်ပြေမှာပါ။ အားကစားဖိနပ် ယူသွားပါ။

ရေဗူး

ချစ်တို့ရေ ကိုယ့်ရဲ့ တကိုယ်ရည်စာ ရေသန့်ဗူး သေးသေးလေးတွေလည်း သယ်သွားတာ အကောင်းဆုံး။ အနားယူချိန်ကျ ကိုယ့်ရေဗူးနဲ့ ကိုယ်သောက်ပါ။ အများသုံးတွေနဲ့ဆို သောက်ချင်မယ် မထင်ပါဘူးနော်။ နောက်ပြီး Gym ရဲ့ ရေသန့်ဗူးနေရာအထိ ခဏခဏ သွားသောက်ဖို့လည်း မဖြစ်ဘူးလေ။

ပုဝါ

ချွေးသုတ်ဖို့ ပုဝါ ယူသွားပါ။ Gym ဆော့ပြီဆိုတာနဲ့ သေချာပေါက် ချွေးထွက်မှာပါ။ မျက်နှာသုတ် ပုဝါ အသေးလေး ယူသွားပါ။ ချွေးတွေကို အင်္ကျီနဲ့ သုတ်ပစ်ဖို့လည်း အဆင်မပြေဘူးလေနော်။

အိတ်တစ်လုံးယူပါ

ချစ်တို့ရေ ကိုယ်ယူသွားတဲ့ ပစ္စည်းတွေကို လက်ကနေ တစဆီ ကိုင်သွားလို့တော့လည်း မရဘူးလေနော်။ Gym သွားတဲ့အခါ လွယ်မယ့် အိတ်လေး တစ်လုံးလောက် ဆောင်ထားပါ။ အိတ်တစ်လုံးနဲ့ဆို အကုန်စုထည့်လို့ရတော့ သက်သာတာပေ့ါ။

ခေါင်းစည်းကြိုး၊ ကလစ်

ချစ်တို့ရေ Gym သွားတဲ့အခါ ဆံပင်တွေ စည်းဖို့ ခေါင်းစည်းကြိုး၊ ရှေ့ဆံမြိတ်အတွက် ကလစ် သယ်သွားပါ။ ခေါင်းစည်းကြိုး အပျော့လေးတွေဆိုရင် ပြတ်တတ်တယ်နော်။ ပိုပိုလိုလိုလေး ဆောင်သွားပါ။

ချစ်တို့ရေ Gym ပြန်ဆော့တော့မယ်ဆိုရင် ဒီပစ္စည်းတွေ မမေ့လိုက်နဲ့နော်။

Tags: accessoriesgym

Comments

0 comments