Advertisement

အိမ်မှာတင် ပေါ့ပေါ့ပါးပါး ဝိတ်မတက်လာအောင် လုပ်ဖို့ လိုပါတယ်။ အဲဒါဆိုရင် ချစ်တို့ gym မသွားလည်း ခန္ဓာကိုယ်လေး သွယ်လျနေမှာနော်။

ချစ်တို့ရေ ဝိတ်မတက်ဖို့အတွက် အစားအသောက်နဲ့ ထိန်းထားဖို့ လိုသလို အိမ်မှာနေရင်း လေ့ကျင့်ခန်းတွေ လုပ်ဖို့လည်း လိုပါတယ်။ Gym သွားဖို့အတွက် အချိန်မပေးနိုင်တာဖြစ်ဖြစ် ပင်ပန်းလွန်းတယ်လို့တွေးပြီး Gym မသွားဖြစ်ရင် မဝလာအောင် ဝိတ်မတက်လာအောင် လေ့ကျင့်ထားဖို့ လိုပါတယ်။ ဘာတွေလုပ်ရမလဲဆိုတာ ပြောပြပေးလိုက်ပါတယ်။

ရေများများ သောက်ပါ

ခန္ဓာကိုယ်အတွက် အလိုအပ်ဆုံးအရာကတော့ ရေပါပဲ။ ရေများများသောက်ပေးဖို့ လိုတယ်နော်။ Gym နားထားတဲ့ရက်မှာ ရေကိုလည်း ဂရုတစိုက် မမေ့မလျော့ဘဲ သောက်ပါ။ အဆီပိုတွေအတွက် နေရာမရှိအောင်၊ အဆီပိုတွေကို ချေဖျက်နိုင်အောင် ရေက စွမ်းဆောင်ပေးနိုင်တာမို့ ရေကို မမေ့လိုက်ပါနဲ့။

ရေများများ သောက်ပါ

ရေများများ သောက်ပါ

တက်တက်ကြွကြွနေပါ

တက်တက်ကြွကြွနေတဲ့ အလေ့အကျင့် လုပ်ထားပါ။ ဒါမှ Gym ဆော့တဲ့အခါ ချွေးထွက်သလိုမျိုး ချွေးထွက်တာမျိုးလည်း ရှိမှာဖြစ်ပြီး နေရထိုင်ရတာလည်း အဆင်ပြေမှာပါ။ နောက်ပြီး တက်တက်ကြွကြွ နေမယ်ဆိုရင် စိတ်ဖိစီးမှုလည်း လျော့နည်းတာမို့ စိတ်ဖိစီးမှုကြောင့် ထွက်တဲ့ ဟော်မုန်းကြောင့် ဝတာမျိုးလည်း မဖြစ်စေတော့ဘူးပေါ့။

တက်တက်ကြွကြွနေပါ

တက်တက်ကြွကြွနေပါ

လေ့ကျင့်ခန်း အသေးစားလေးတွေ

Gym မဆော့လည်း ဝိတ်မတက်ချင်ရင်တော့ လေ့ကျင့်ခန်း အသေးစားလေးတွေကို မေ့ပစ်လိုက်၊ ကျော်ပစ်လိုက်လို့ မရဘူးနော်။ အိမ်မှာနေရင်းနဲ့ အိမ်တွင်းအသေးစား လေ့ကျင့်ခန်းတွေ လုပ်ပါ။ အိပ်ထမ တင် လုပ်တာ၊ အပြေးလေ့ကျင့်တာ၊ လမ်းလျှောက်တာ စတာတွေ လုပ်ပါ။ အဲဒါဆိုရင် Gym မှာ ဆော့သလောက် ဝိတ်မကျပေမယ့် ချက်ချင်းတော့ ဝိတ်ပြန်တက်လာမှာ မဟုတ်ပါဘူး။

ကယ်လိုရီများတဲ့ အစားအစာတွေ

ကယ်လိုရီများတဲ့ အစားအစာတွေ

ကယ်လိုရီများတဲ့ အစားအစာတွေ

ကယ်လိုရီတွေ များများစားလည်း Gym ဆော့နေရင် Burn ပေးနိုင်ပါတယ်။ စားလည်း Gym ဆော့နေတော့ မသိသာဘူးပေါ့လေ။ ဒီတော့ Gymမဆော့ဘူးဆိုရင်တော့ ကယ်လိုရီ များတဲ့ အစားအစာတွေ လျှော့စားဖို့ လိုပါတယ်။ ကိုယ်စားမယ့် အစားအစာတွေကို ကယ်လိုရီ တွက်ချက်ပြီးမှသာ စားပါ။ ဒါဆိုရင်တော့ ဝိတ်ပြန်တက်နိုင်မယ့် အခွင့်အရေး နည်းတယ်လေ။

ချစ်တို့ရေ Gym မသွားနိုင်သေးဘူးဆိုရင် အိမ်မှာတင် လုပ်ထားဖို့ လိုတာလေးတွေ ရှိပါတယ်။ အိမ်မှာတင် ပေါ့ပေါ့ပါးပါး ဝိတ်မတက်လာအောင် လုပ်ဖို့ လိုပါတယ်။ အဲဒါဆိုရင် ချစ်တို့ gym မသွားလည်း ခန္ဓာကိုယ်လေး သွယ်လျနေမှာနော်။

Tags: fitnessgym

Comments

0 comments