Advertisement

ကိုယ်ခန္ဓာကို ကျစ်လစ်ပြီးလှပစေဖို့ အတွက် လေ့ကျင့်ခန်းတွေ လုပ်ကြသလို အစားအစာကိုလည်း ထိန်းပြီးတော့ အချိန်မှန်မှန်နဲ့ စားဖို့ လိုအပ်လှပါတယ် ။ တချို့တွေ ဘယ်လောက်ပဲ လေ့ကျင့်ခန်းတွေလုပ်လုပ် သိသိသာသာ ပြောင်းလဲလာမှုမရှိဘူးဆိုတာလည်း အစားအစာကို သေချာစည်းစနစ်ကျကျ မစားလို့ ဆိုပြီး နားလည်တတ်ကျွမ်းသူတွေက သုံးသပ်ကြပါတယ်

ဒါကြောင့်မို့ အစားအစာကို ဘယ်လိုပုံစံမျိုးနဲ့ စားသုံးသင့်တယ် ဆိုတာကို အနည်းငယ်လောက် ဝေမျှပေးချင်ပါတယ် ။ တစ်နေ့ကို မိုးလင်းစမှာ အိပ်ယာနိုးတာနဲ့ ရေ တစ်ဖန်ခွက် ပြည့်ပြည့်ကို သောက်ပါ။ အိမ်ထဲမှာ လုပ်စရာရှိတာတွေကို စတင်လုပ်ဆောင်ပါ ။

အခုလို လုပ်ဆောင်တော့မှ သွေးပူလာမှာဖြစ်ပါတယ်။ ပြီးရင်တော့ ဝမ်းသွားလိုက်ဖို့ လိုအပ်ပါတယ် ။ ဝမ်းချုပ်မခံပါနဲ့ ဝမ်းချုပ်တာကလည်း ကျန်းမာရေးအတွက် မကောင်းတဲ့ အရာမို့ သတိထားရမှာ ဖြစ်ပါတယ် ။ လှပပြီး ကျန်းမာ ကျစ်လစ်တဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်နိုင်ဖို့ အတွက် ဒီအရာကိုလည်း မမေ့သင့်ပါဘူးနော်

အလုပ်သွားရမယ် ဆိုရင်လည်း မနက်စာကို အိမ်မှာ သေချာစွာ ပြည့်ပြည့်ဝဝ စားဖို့လိုအပ်ပါတယ် ။ မနက်အစောကြီးစားတဲ့ အစားအစာကို သေသေချာချာစားဖို့ အလေ့အကျင့်လုပ်ပါလို့ တိုက်တွန်းပါရစေ

အခုလိုစားထားတဲ့ အစားတွေက တစ်နေ့တာလုံးကို အထောက်အပံ့ဖြစ်စေသလို လှုပ်ရှားမှုတွေကို စတင်လုပ်ဆောင်မှာ ဖြစ်တဲ့အတွက် လောင်ကျွမ်းအားကောင်းစေတာမို့ အစာလည်း ကြေလွယ်မှာ ကတော့ အမှန်ပါပဲ။ နေ့လည်စာကို မနက်ကထက်လျော့စားလိုက်ပါ ။ တစ်နာရီမကျော်ခင်မှာ စားတာကတော့ အသင့်တော်ဆုံးလို့ အကြံပြုပါရစေ

ညနေဘက်မှာ အစားစားပြီးတိုင်း အိမ်ထဲမှာပဲ ဖြစ်ဖြစ်လမ်းလျောက်ကြည့်ပါ ။ တစ်နေ့ကို ရေပုံမှန် ၂ လီတာလောက်သောက်ပါ ။ ကျန်းမာပြီး ကျစ်လစ်တဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ချင်တဲ့သူတွေ အနေနဲ့ ကတော့ တစ်နေ့ကို ပုံမှန် တစ်နာရီလောက် Gym ဆော့ပေးနိုင်ရင်ကောင်းပါတယ်။ အစားအစာကိုတော့ အဆီပါတာကိုလျော့စာပြီး အပေါ်မှာပြောခဲ့တဲ့ နည်းအတိုင်း တစ်လလောက်ပုံမှန်စားကြည့်ရင် အကျင့်ဖြစ်ပြီး အဆင်ပြေလောက်မယ်ထင်ပါတယ် ။

Gym ကို ပုံမှန်ဆော့ဖို့ မအားတဲ့ သူတွေ အနေနဲ့ ကတော့ အကြောလျော့တာကို ပုံမှန်လုပ်နိုင်မယ် ဆိုရင် ကျန်းမာပြီး ကိုယ်ခံအားကောင်းမွန်တဲ့ နေ့ရက်တွေကို ဖြတ်သန်းနိုင်မယ်ဆိုတာကို အကြံပြုလိုက်ပါတယ်နော်

Comments

0 comments