Advertisement
ရာသီသွေးလာနေချိန်မှာ မနာမကျင်ရလေအောင် ဒါလေးတွေဆောင်

မိန်းကလေးတွေ အရွယ်ရောက်ပြီဆိုရင် ရှောင်လွှဲလို့မရတာက ရာသီလာတာပါပဲ။ အဲဒီလို ရာသီပုံမှန်လာပြီဆိုရင် နောက်ထပ် ထပ်ကြုံရတာကတော့ ရာသီလာရင် နာကျင်တာပါပဲ။ တချို့မိန်းကလေးတွေမှာတော့ ရာသီလာရင် အဲဒီလို နာကျင်တာမျိုး မရှိကြပါဘူး။ အများစုကတော့ နာကျင်တာပါပဲ။ ဒီလိုမျိုး  ခံရခက်တဲ့ ရာသီအလာ နာကျင်တာ သက်သာအောင် လုပ်လို့ရတဲ့ နည်းလမ်းလေးတွေလည်း ရှိပါတယ်။ အိမ်မှာပဲ ပေါ့ပေါ့ပါးပါး လုပ်လို့ရမယ့်အရာလေးတွေပေါ့။

ကျန်းမာရေးနဲ့ ညီညွတ်တာစားပါ

ရာသီလာချိန်မှာ ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ အစားအစာတွေ စားတာက နာကျင်တာတွေကို သက်သာစေပါတယ်။ ဟော်မုန်းအတွက် အထောက်အကူပြုမယ့် ဗီတာမင်စီနဲ့ ချောကလက်လေးတွေ စားပေးပါ။ အသီးအရွက်လည်း များများစားစား ပေးပါ။

နှိပ်နယ်တာတွေ လုပ်ပေးပါ

ရာသီလာချိန်မှာ နာကျင်တာတွေ သက်သာစေချင်တယ်ဆိုရင်တော့ ရာသီလာခါနီး ခြေလက်နဲ့၊ ဗိုက်နားတဝိုက်လေးတွေကို နှိပ်နယ်တာလေးတွေ လုပ်ပေးပါ။ ဖြည်းဖြည်းနှိပ်ပါ။ ဒါဆိုရင်တော့ ရာသီလာတဲ့အချိန် သွေးလည်ပတ်မှု ကောင်းပြီး ခြေလက်ကိုက်ခဲတာ သက်သာပါလိမ့်မယ်။

ရေနွေးအိတ်လေး ကပ်မယ်

ရာသီလာချိန်မှာ ဗိုက်က အောင့်တာလိုလို၊ ခါးကိုက်တာလိုလိုတွေ ခံစားရတတ်ပါတယ်။ အဓိက ဖြစ်တာကတော့ နာကျင်ကိုက်ခဲတာပါပဲ။ အဲဒီလိုတွေ ခံစားရပြီဆိုရင် သက်သာစေမယ့် အရာက ရေနွေးအိတ်လေး ကပ်ပေးတာပါပဲ။ တစ်ခုသတိထားရမှာက ရေနွေးအိတ်ရဲ့ ကွာလတီပါ။ အရေပြားကို ထိမယ့်အရာဖြစ်တဲ့အတွက် အပူလောင်တာမျိုး မဖြစ်ဖို့ လိုတယ်နော်။ ရေနွေးအိတ်ကောင်းကောင်းနဲ့ ကပ်ပါ။

ပေါ့ပေါ့ပါးပါး လေ့ကျင့်ခန်းလေးလုပ်ပါ

ရာသီလာချိန် နာကျင်နေတာ မထတောင် မထနိုင်ဘူး ဘယ်လိုလေ့ကျင့်ခန်းလုပ်မလဲဆိုပြီး ငြင်းလို့ရပေမယ့် နာကျင်တာတွေ သက်သာဖို့ဆိုရင်တော့ နည်းနည်းပါးပါး လှုပ်လှုပ်ရှားရှားလေး လုပ်ပေးပါ။ အနည်းဆုံေးတာ့ လမ်းနာရီဝက်လောက် လျှောက်တာမျိုးပေ့ါ။ အဆင်မပြေရင်လည်း (၁၅) မိနစ်လောက်ပေါ့။ ဒါက သွေးလည်ပတ်မှု ကောင်းစေပြီး နာကျင်တာ ပြေလျော့ဖို့ အထောက်အကူ ပြုနိုင်တယ်လေ။

Comments

0 comments