Advertisement

ချစ်တို့ရေ မျက်လုံးကျန်းမာရေးကို အထူးဂရုစိုက်ချင်တယ်ဆိုရင်တော့ မျက်လုံးနဲ့ ပတ်သက်ပြီး လုပ်မိနေတတ်တဲ့အမှားတွေကိုပြင်ဆင်ဖို့ လိုပါတယ်။

ချစ်တို့ရေ မျက်လုံးဆိုတာ ခန္ဓာကိုယ်အစိတ်အပိုင်းတွေထဲမှာ အနူးညံ့ဆုံးနဲ့ ထိခိုက်အလွယ်ဆုံး အစိတ်အပိုင်းပါ။ မျက်လုံးမှာ ပြဿနာ တစ်ခုခု ရှိပြီဆိုရင် ဘယ်လိုနည်းနဲ့မှ နေသာထိုင်သာ မရှိတော့ဘဲ မျက်လုံးထိခိုက်တာတွေ မမြင်ရတော့တာတွေအထိ ဖြစ်သွားနိုင်ပါတယ်။ မျက်လုံးဆိုတာ ကမ္ဘာကြီးက ခံစားနိုင်တဲ့အရာတစ်ခုဖြစ်တာမလို့ ပိုဂရုစိုက်ရပါမယ်နော်။ ဒါပေမယ့် မျက်လုံးကျန်းမာရေးကို ဂရုစိုက်တဲ့အခါ လုပ်မိနေတတ်တဲ့ အမှားတွေတော့ ရှိပါတယ်။ ဘာတွေဖြစ်မလဲ ဖတ်ကြည့်ရအောင်။

မျက်စဥ◌်းဆေး

မျက်လုံးကျန်းမာရေးအတွက် မျက်စဥ◌်းဆေး လိုအပ်ပါတယ်။ မျက်စဥ◌်းခပ်ရပါမယ်နော်။ ခန္ဓာကိုယ်က ရေဓါတ်လိုသလိုပဲ မျက်လုံးမှာ မျက်လုံးအိမ် ခြောက်သွေ့တတ်တာမလို့ ခြောက်သွေ့တာသက်သာအောင် မျက်စဥ◌်းဆေး လိုပါတယ်။ ဖုန်းနဲ့ ကွန်ပျူတာ အကြည့်များတဲ့ သူတွေဆို ပိုလို့တောင် လိုအပ်ပါသေးတယ်။  မျက်လုံးကျန်းမာရေးကို ဂရုစိုက်တဲ့အခါ  မှားနေတဲ့အချက်က မျက်စဥ◌်းဆေးကို ပုံမှန် မခပ်ကြတာပါ။ တကယ်က ပုံမှန် ခပ်ဖို့ လိုပါတယ်။ ဒါပေမယ့် သတိပြုရမှာကတော့ ဆရာဝန်ညွှန်ကြားတဲ့ မျက်စဥ◌်းဆေး ဖြစ်ရပါမယ်။

မျက်လုံးပွတ်တာ

ချစ်တို့ရဲ့ မျက်လုံးကျန်းမာရေး ကောင်းမွန်ချင်တယ်ဆိုရင် မျက်လုံးပွတ်တာကို ရှောင်ရပါမယ်။ မျက်လုံးပွတ်တာက ယားယံစေတဲ့အပြင် အတွင်းထဲကိုပါ ထိခိုက်စေနိုင်ပါတယ်။ လက်ကလည်း မသန့်ရှင်းဘူးဆိုရင် ပိုးမွှားတွေ မျက်လုံးထဲ တွန်းပို့လိုက်သလို ဖြစ်တတ်တာမလို့ လက်နဲ့ မျက်လုံးပွတ်တာကို အထူးဂရုစိုက်ရပါမယ်။ အများစုကတော့ မျက်လုံးယားယံတဲ့အခါပဲ ဖြစ်ဖြစ် တစ်ခုခု ဝင်တာကြောင့်ပဲ ဖြစ်ဖြစ် မျက်လုံးပွတ်လိုက်ရင် သက်သာသွားမယ်လို့ ထင်တတ်ပါတယ်။ ဒါက လုပ်မိနေတဲ့ အမှားတစ်ခုပါ ချစ်တို့ရေ။

မျက်လုံးပြဿနာ ရှိလာတဲ့အခါ

မျက်လုံး ယားယံတာ ခိုးလုခုလုဖြစ်နေတာ အောင့်တာ နီရဲတာတွေ ဖြစ်လာတဲ့အခါ မျက်စိဆရာဝန်နဲ့ မပြသဘဲ သက်သာမယ်ထင်တာတွေ လျှောက်လုပ်နေတတ်တာလည်း တကယ့်ကို အမှားကြီးပါပဲ။ မျက်လုံးမှာ ပုံမှန်မဟုတ်တဲ့ ပြဿနာတစ်ခုခု ရှိလာတဲ့အခါ ဆရာဝန်ဖို့ လိုကိုလိုအပ်ပါတယ်။ ဒါမှ မျက်လုံးရဲ့ ကျန်းမာရေးကို ကောင်းကောင်းဂရုစိုက်နိုင်မှာပါ။

မျက်လုံး မစစ်ဆေးတာ

တကယ်တော့ မျက်လုံးက တစ်နှစ်ကို တစ်ကြိမ် အနည်းဆုံး စစ်သင့်ပါတယ်။ မျက်မှန်တပ်တဲ့သူတွေဆိုရင် ပါဝါ အတွက် တစ်နှစ်ကို (၂) ကြိမ်လောက် မျက်လုံး စစ်ကြည့်ဖို့ လိုပါတယ်။ ဒါမှ ပါဝါ တက်နေမလား ဆလင်ဒါ ရှိနေမလား မျက်မှန်ပြောင်းဖို့ လိုလား ဘာဆေးတွေ သောက်ရမလဲ စတာတွေ သိနိုင်မှာပါ။ မြန်မြန် သိလေ ကုသရ လွယ်လေမလို့ မျက်လုံး စစ်ဆေးတာ မဖြစ်မနေ လုပ်ရမှာပါ။

သန့်ရှင်းရေး

သန့်ရှင်းရေး

မျက်လုံးနဲ့ ဆက်စပ်ပစ္စည်းတွေရဲ့ သန့်ရှင်းရေး

မျက်လုံးကို ဂရုစိုက်ပါတယ်ဆိုပြီး မျက်လုံးနဲ့ ဆက်စပ်ပစ္စည်းတွေကို သန့်ရှင်းရေး မလုပ်တာက တကယ့်ကို အမှားပါ။ မျက်တောင်ကော့စက်တွေ၊ မျက်ကပ်မှန်တွေက သန့်ရှင်းနေဖို့ အထူးလိုအပ်ပြီး မျက်လုံးမှာ ဆိုးတဲ့ ကာလာခြယ်တွေ အိုင်းလိုင်နာတွေကိုလည်း သေချာ ဖျက်ပြီး မျက်လုံးတဝိုက်သန့်ရှင်းရေး လုပ်ဖို့ လိုပါတယ်။ နောက်ပြီး မျက်လုံးနဲ့ ဆက်စပ်ပစ္စည်းတွေအားလုံးရဲ့ Quality ကောင်းဖို့လည်း လိုပါသေးတယ်။

ချစ်တို့ရေ မျက်လုံးကျန်းမာရေးကို အထူးဂရုစိုက်ချင်တယ်ဆိုရင်တော့ မျက်လုံးနဲ့ ပတ်သက်ပြီး လုပ်မိနေတတ်တဲ့အမှားတွေကိုပြင်ဆင်ဖို့ လိုပါတယ်။

 

Comments

0 comments