Advertisement
နှစ်ဦးကြား ဆက်ဆံရေးကောင်းနေဖို့ ကျန်းမာလှပအောင်နေကြစို့

ကျန်းမာပြီး အသက်ရှည်ဖို့ ချစ်ရတဲ့ သူတွေနဲ့  အတူတူ လေ့ကျင့်ခန်းတွေ လုပ်ဆောင်နိုင်တာကလည်း ကောင်းမွန်လှတဲ့ ဆုတောင်းတွေထဲက တစ်ခုပြည့်ရခြင်းပါပဲ ။ ချစ်သူနဲ့ ပဲဖြစ်ဖြစ် ၊ အိမ်ထောင်ကျသွားလို့ပဲ ဖြစ်ဖြစ် တစ်ယောက်ကို တစ်ယောက် ဖေးမရင်း တူညီတဲ့ ဝါသနာကို လုပ်ဆောင်နိုင်မယ် ဆိုရင်ပိုလို့ လိုအပ်တဲ့ ပန်းတိုင်ကို အမြန်ရောက်ရှိစေတာ ဖြစ်လို့ အတူတူလုပ်ဆောင်နိုင်မယ့် အရာတွေအလိုက်ရရှိလာမယ့် ကောင်းမွန်တဲ့ အရာတွေကို ဖော်ပြပေးလိုက်ပါတယ်နော်

လမ်းလျှောက်ခြင်း

ကိုယ်ချစ်ရတဲ့ သူ ၊  ကိုယ့်ကို ချစ်တဲ့သူ နဲ့ အတူတူ ကျန်းမာရေးလည်း ကောင်းမွန်အောင်လို့ တစ်နေ့ကို မိနစ် ၃၀ လောက်လမ်းလျှောက်ပေးသင့်ပါတယ် ။ အခုလို လမ်းလျှောက်ပေးတာကလည်း ခန္ဓာကိုယ်ထဲမှာရှိတဲ့ မလိုအပ်တဲ့ အဆီတွေကို အကောင်းဆုံးလောင်ကျွမ်းနိုင်ဖို့ အတွက် အထောက်အကူပြုသလို တစ်ယောက်နဲ့ တစ်ယောက်ရဲ့  ကျန်းမာရေးအတွက်လည်း တစ်ယောက်က ဂရုစိုက်ပေးပြီးသားဖြစ်စေပါတယ် ။ ဒါကြောင့် ဒီနေ့က စတင်လို့ တစ်ယောက်က လမ်းလျှောက်ဖို့ မေ့နေရင်တောင် တစ်ယောက်က သတိပေးခြင်း ကနေ စတင်ကြည့်လိုက်ပါနော်

အားကစားလုပ်နေစဉ် သီချင်းနားထောင်ပေးခြင်း

အားကစားလုပ်နေစဉ် ဖြစ်ဖြစ် ယောဂလုပ်နေစဉ် ဖြစ်ဖြစ် ကိုယ်နှစ်သက်ပြီးတော့ သာယာမှုကို ခံစားရနိုင်မယ့် တေးသံစဉ်တွေကို ဖွင့်ထားပေးကြပါ ။ နှစ်ယောက်အတူတူ လေ့ကျင့်ခန်းဖြစ်ဖြစ်‌ ယောဂပဲဖြစ်ဖြစ်လုပ်နေစဉ်မှာ အခုလိုတေးသံကို ကြားရခြင်းကြောင့် အချိန်ကုန်လို့ ကုန်မှန်းမသိစေပဲ အတူတူလုပ်ဆောင်တဲ့ အရာတွေမှာပိုလို့ စိတ်ချမ်းသာမှု ရှိရှိနဲ့ လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်

ကျန်းမာရေးနဲ့ ညီညွှတ်တာတွေ အတူတူစားပါ

လေ့ကျင့်ခန်းလုပ်နေရုံနဲ့ ကျန်းမာပြီး လှပတဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်နိုင်မှာ မဟုတ်ပါဘူး အဓိကအနေနဲ့ အစားစားတဲ့ အခါမှာလည်း ကျန်းမာရေး ကောင်းမွန်စေမယ့် အရာတွေကိုရွေးချယ်ပြီးတော့ စားပေးဖို့ လိုမယ်လို့ထင်ပါတယ်

ဒီလို အစားအစာတွေကတော့ အဆီများတဲ့ အစားစာတွေကိုရှောင်ရပါမယ် ၊ ပရိုတင်း နဲ့ အမျှင်ဓါတ်ပါဝင်တာတွေကို များများစားပေးရပါမယ် ၊ ပြီးရင်တော့ ကြက်ပြုတ်ရည် ၊ ကြက်ပေါင်းရည် စတာတွေကို တစ်ပတ်ကို နှစ်ကြိမ်လောက်တော့ သောက်ပေးသင့်ပါတယ်

အခုလိုခေတ်မှီတဲ့ အချိန်အခါမှာ ဆေးတွေကလည်း များစွာပေါ်ထွက်လာပါတယ် ဒီလိုတွေ့သမျှ ဝိတ်ကျဆေး ၊ ပိန်ဆေး တွေကို မလိုအပ်ပဲ သောက်သုံးခြင်းကို အတူတူရှောင်ကြဉ်ဖို့လိုပါတယ်နော် ။ တစ်ယောက်က သောက်မယ်ဆိုရင်လည်း တစ်ယောက်က တားပေးရမှာ ဖြစ်ပါတယ် ။ ဒါမှလည်း နှစ်ယောက်အတူတူကျန်းမာလှပတဲ့ ဘဝတစ်ခုကို ပိုင်ဆိုင်နိုင်မှာလည်း ဖြစ်ပါတယ်

Comments

0 comments