Advertisement

ကျန်းမာတဲ့ သူတစ်ယောက်ဖြစ်ဖို့ နဲ့ အသက်ရှည်ရှည်နေနိုင်ဖို့ အတွက် ကျန်းမာပြီး အာဟာရပြည့်တဲ့ အစားအစာတွေကို စားသောက်ပေးဖို့ လိုအပ်သလို သွေးလေ လည်ပတ်မှု ကောင်းစေဖို့ အတွက် လေ့ကျင့်ခန်းကို တစ်နေ့ ဆယ့်ငါးမိနစ်အနေနဲ့ အနည်းဆုံး လုပ်ဆောင်ပေးသင့်ပါတယ်

အခုလို လုပ်ဆောင်ပေးဖို့အတွက် အချိန်မရှိခဲ့ဘူး စိတ်မပါခဲ့ဘူး ဆိုရင်တောင် ညအိပ်ခါနီး တစ်နာရီလောက် အလိုမှာ အကြောလျော့ပေးခြင်းကိုတော့ မဖြစ်မနေလုပ်ဆောင်သင့်ပါတယ်

အခုလို အကြောလျော့ပေးခြင်းကြောင့် ညအိပ်ပျော်ခြင်း အစာကြေခြင်း ဝမ်းမှန်ခြင်း စိတ်ကြည်လင်ခြင်း တို့ကို ဖြစ်စေပါတယ် ။ အခုလိုလုပ်ဆောင်ပေးဖို့လည်း လိုအပ်သလို ရေများများသောက်ဖို့ ကလည်း တစ်နေ့တာမှာ  လိုအပ်လှပါတယ်။ ရေ ၈ ခွက် (သို့ ) ရေ ၂ လီတာ ဖြစ်ဖြစ် မဖြစ်မနေ သောက်ပေးဖို့ လိုအပ်တာလည်း ဖြစ်ပါတယ်။

ကျန်းမာတဲ့ သူတစ်ယောက်ဖြစ်ဖို့အတွက် ဆိုတာ အစာအာဟာရဆိုတာလိုအပ်သလို လေ့ကျင့်ခန်း နဲ့ လုပ်ဆောင်ရမယ့် အပိုင်းတွေလည်း ရှိတာမို့ လေ့ကျင့်ခန်းလုပ်ဆောင်ရင်း လှပကျန်းမာတဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်နိုင်ကြပါစေရှင်

 

Comments

0 comments