Advertisement

အသားအရည် ကြည်လင်ပြီးလှပစေဖို့လိုအပ်သလို ကျန်းမာရေးကောင်းတဲ့ အသားအရည်ဖြစ်ဖို့ ဆိုတာကတော့ အမျိုးသမီးတွေ အတွက်မဖြစ်မနေလိုအပ်လှပါတယ်

ဒီတော့ အသားအရည်ကြည်လင်စေဖို့ အတွက် လုပ်ဆောင်နိုင်တာတွေကို ဖော်ပြပေးမှာ ဖြစ်ပါတယ်

ရေများများသောက်ပါ ၊ တစ်နေ့ကို ရေ ၂ လီတာ ကနေ ၃ လီတာ မဖြစ်မနေသောက်ပေးသင့်ပါတယ်။ ဝမ်းမှန်ဖို့ လည်း လိုအပ်ပါတယ် ၊ လေ့ကျင့်ခန်း အနေနဲ့ တစ်နေ့ကို ၁၅ မိနစ်ခန့်လုပ်သင့်ပါတယ်။ လေ့ကျင့်ခန်း ကို အချိန်တစ်ခုပေးပြီးတော့ မလုပ်နိုင်ဘူးဆိုရင်တော့ တစ်နေ့ကို မိနစ် ၃၀ ခန့်လောက် လမ်းလျှောက်ပေးတဲ့ အခါ ချွေးထွက်ပြီး လေ့ကျင့်ခန်းလုပ်သလိုပဲ ကောင်းမွန်တဲ့ အကျိုးထူးကို ရရှိစေမှာဖြစ်ပါတယ်

အသားအရည် ကြည်လင်ပြီး လှပစေဖို့ အတွက် အခုလိုလမ်းလျှောက်ပေးခြင်း ၊ ကိုယ်လက်လှုပ်ရှားပေးခြင်းတို့ဟာ အသားအရည်လှပစေရုံတင်မကဘဲ အသက်ရှည်လို့ သွေးလေလည်ပတ်မှုကောင်းစေတဲ့ အတွက် အခုလို အကြံပြုဖော်ပြပေးတာ ဖြစ်ပါတယ်

တရားထိုင်ခြင်း ၊ ယောဂဆော့ကစားခြင်း နဲ့ တခြားသော ကိုယ်လက်လှုပ်ရှား အားကစားတစ်ခုခု ကို လုပ်ဆောင်ပေးခြင်း ကလည်း ချွေးထွက်ပြီး အသားအရည် ကြည်လင်တောက်ပကာ ကျန်းမာတဲ့ အသားအရည်ဖြစ်စေခြင်းအတွက် များစွာ အထောက်အပံ့ဖြစ်စေမှာပါ

Tags: exercisefaceskin

Comments

0 comments