Advertisement

ချစ်တို့ရေ Stay Home ကာလနဲ့ ဘရာမဝတ်ဖြစ်တဲ့ နေ့ရက်တွေဆိုတာ ကိုယ့်ရင်သားကျန်းမာရေးအတွက်တော့ အကျိုးရှိစေတယ်နော်။

ခုက Stay Home ကာလကို ဖြတ်သန်းနေတဲ့အချိန်တွေဆိုတော့ အိမ်မှာပဲ ပေါ့ပေါ့ပါးပါး ဝတ်စားနေဖြစ်မှာ သေချာပါတယ်နော်။ ချစ်တို့ အိမ်မှာပဲ နေတာဆိုတော့ ဘရာ မဝတ်ဖြစ်လောက်ဘူးလေ။ အိမ်မှာနေတဲ့ အချိန်တွေ ဝတ်ထားတော့လည်း စိတ်အိုက်ပြီး ပူလောင်နေတာမျိုး ဖြစ်မှာ သေချာသလောက်ပါပဲ။ ဒီတော့ Stay Home ကာလနဲ့ ဘရာမဝတ်ဖြစ်တဲ့ နေ့ရက်တွေ ဖြတ်သန်းရတော့တာပေါ့။ ချစ်တို့ရေ ဒီလိုမျိုး ဘရာမဝတ်ဖြစ်တာက ကောင်းကျိုးတွေလည်း ရှိသတဲ့နော်။ ဘာတွေဖြစ်မလဲဆိုတာ ဖတ်ကြည့်ရအောင်နော်။

သက်တောင့်သက်သာရှိတယ်

ဒါကတော့ ချစ်တို့ ဘရာချွတ်လိုက်ပြီဆိုတာနဲ့ ချက်ချင်းခံစားရမယ့် ဖီလင်လေး တစ်ခုပါနော်။ ဘရာမဝတ်ထားတာက စိတ်ရော ကိုယ်ပါ သက်တောင့်သက်သာ ရှိစေတယ်လေ။ အိမ်မှာနေတာပဲဆိုတော့ စိတ်ရောကိုယ်ပါ လွတ်လပ်တာ ကောင်းတဲ့ အချက်ပါပဲ။

သွေးလည်ပတ်မှုကို ကောင်းစေတယ်

ဘရာတွေဆိုတာက ကိုယ့်ရဲ့ ရင်သားပတ်ပတ်လည်ကို တင်းကျပ်နေအောင် ဆွဲစီးထားတဲ့ အရာတွေဆိုတော့ သွေးလည်ပတ်မှုကို အနည်းနဲ့အများ ထိခိုက်စေပါတယ်။ ဘရာမဝတ်ဘူးဆိုရင်တော့ သွေးလည်ပတ်မှုက အားကောင်းပြီး ကိုယ့်ရဲ့ ကျန်းမာရေးလည်း တိုးတက်လာမှာ သေချာပါတယ်။

indianexpress.com

ရင်သားတစ်သျှူးတွေ ကောင်းစေတယ်

ရင်သားဖွံ့ဖြိုးပြီး ကျန်းမာဖို့ဆိုတာ ရင်သားတစ်သျှူးတွေ ကောင်းမွန်နေဖို့ လိုတယ်နော်။ ဘရာတွေ ဝတ်ထားတာက ရင်သားတစ်သျှူးတွေကို ထိခိုက်စေနိုင်တာမလို့ ရင်သားနဲ့ ပတ်သက်တဲ့ ရောဂါတွေ ရတာမျိုး ဖြစ်တတ်ပါတယ်။ ရင်သားတစ်သျှူးတွေ ကောင်းမွန်နေမယ်ဆိုရင် ရင်သားကင်ဆာလိုမျိုး ရင်သားနဲ့ ဆိုင်တဲ့ ရောဂါတွေ ဖြစ်နိုင်ချေကိုလည်း လျော့နည်းစေပါတယ်။

ပိုအိပ်ပျော်စေတယ်

နေ့လည်နေ့ခင်း ဘရာဝတ်တယ်ဆိုရင်တောင် ညအိပ်တဲ့အခါ ချွတ်အိပ်ဖို့ အကြံပြုပါရစေနော်။ ဘာလို့လဲဆိုတော့ ညဘက် ဘရာချွတ်အိပ်တဲ့အခါ နာကျင်တာတွေ ရင်သားမှာ စည်းနှောင်တာမျိုးတွေ မဖြစ်တော့ဘဲ နှစ်နှစ်ခြိုက်ခြိုက် ပေါ့ပေါ့ပါးပါး အိပ်ပျော်စေနိုင်တာကြောင့်ပါ။

indianexpress.com

ရင်သားအရေပြား သန့်ရှင်းစေတယ်

ဘရာတွေ တောက်လျောက်ဝတ်ထားမယ်ဆိုရင် ရင်သားမှာ ချွေးတွေ နဲ့ ပိုးမွှားတွေ ရှိနေတာမျိုး ဖြစ်တတ်ပါတယ်။ အဲဒီအရာတွေက ရင်ဘတ်မှာ ဝက်ခြံထွက်စေတာနဲ့ အသားအရေကို ထိခိုက်စေတာမျိုး ဖြစ်လာနိုင်ပါတယ်။ ဘရာမဝတ်ဘူးဆိုရင်တော့ ဒီလိုပြဿနာတွေကနေလည်း ရှောင်နိုင်ပြီလေ။

 

Tags: breasthealth

Comments

0 comments