Advertisement

ချစ်တို့ရေ ရာသီလာခါနီးပြီဆိုရင် ခံစားရတတ်တဲ့ ရာသီအကြို လက္ခဏာတွေ သိထားပေးဖို့ လိုပါတယ်နော်။

ရာသီလာတယ်ဆိုတာ ရှောင်လွှဲလို့ မရတဲ့ အရာပါပဲ။ ရာသီလာပြီဆိုရင်လည်း ရာသီမလာခင်ရက်တွေမှာ အကြိုလက္ခဏာတွေ ဖြစ်ပြီး ခံစားရတယ်လေ။ တချို့ဆိုရင် ဆေးခန်းတွေတောင် ပြကြရတယ်မလား။ တခါတလေ ကိုယ်က ရာသီလာမယ့်ရက်ကို သတိမထားမိဘဲ ဝေဒနာတွေ ခံစားနေရရင်လည်း ဘာများဖြစ်တာလဲဆိုပြီး စိတ်ပူနေတတ်တယ်လေ။ ဒီတော့ ရာသီအကြို လက္ခဏာတွေကို သိထားသင့်တာပေါ့။

ဗိုက်အောင့်တာ

ရာသီလာခါနီး ဗိုက်အောင့်တာက ဘယ်လိုဗိုက်အောင့်တာမျိုးနဲ့မှ မတူဘူးနော်။ အလေးသွားချင်တာလည်း မဟုတ် ဗိုက်ရစ်တာလည်း မဟုတ်ဘဲနဲ့ကို အောင့်နေတတ်တာ။ ဆီးစပ်နားက အောင့်တာမျိုးလည်း ရှိတတ်ပါတယ်။ အစားတွေ မမှားဘဲ လေထိုးလေအောင့်လိုမျိုး မဟုတ်ဘဲ အောင့်ရင်တော့ ရာသီလာရက် ပြန်တွက်ကြည့်နော်။ ရာသီလာခါနီး အကြိုလက္ခဏာပြတာ ဖြစ်နိုင်တယ်လေ။ တချို့ကတော့ ရာသီလာခါနီး (၁) ပတ် (၃) ရက်လောက်မှာ ခံစားရပေမယ့် တချို့အတွက်ကတော့ ရာသီလာချိန်မှ အောင့်တတ်ပါတယ်။

www.thetimes.co.uk

စိတ်တိုလွယ်တာ

ရာသီလာခါနီးပြီဟေ့ ဆိုလို့ကတော့ စိတ်တိုလွယ်သလား မမေးနဲ့။ မြင်မြင် သမျှ အကုန်စိတ်တိုတော့တာပါပဲ။ စိတ်လည်း အရမ်းအကဲဆတ်နေတဲ့အချိန်ဆိုတော့ တစ်ခုခုဆို ပက်ခနဲ ပြန်ပြောလိုက်တာမျိုး၊ သည်းခံနိုင်စွမ်း နည်းတာမျိုး ဖြစ်တတ်ပါတယ်။ မဆီမဆိုင် အတိတ်ကို ပြန်တွေးပြီး ရည်းစားဟောင်းကိုတောင် လှမ်းစိတ်တိုတာမျိုးထိ ရှိတတ်ကြတယ်နော် ချစ်တို့ရေ…။

www.thetimes.co.uk

ခေါင်းကိုက်မယ်

တချို့မိန်းကလေးတွေမှာ ခေါင်းမကိုက်ပေမယ့် တချို့တွေမှာတော့ ခေါင်းကိုက်တတ်ပါတယ်။ အဲဒါက ရာသီလာခါနီး အက်စတိုဂျင်လို့ခေါ်တဲ့ ဟော်မုန်းတစ်မျိုး ပမာဏမြင့်လာတာကြောင့်ပါ။ ခေါင်းတခြမ်းကိုက်တာမျိုးလည်း ဖြစ်တတ်ပါသေးတယ်နော်။ မခံနိုင်အောင် ကိုက်ရင်တော့ ဆရာဝန်ပြဖို့ လိုပါတယ် ချစ်တို့ရေ။

ပင်ပန်းနွမ်းနယ်တာ

နောက်ထပ်တစ်ခုကတော့ ကိုယ်လက် မအီမသာ ဖြစ်ပြီး နေရထိုင်ရတာ သက်တောင့်သက်သာ မဖြစ်တာမျိုးပါ။ တစ်ကိုယ်လုံး ကိုက်ခဲပြီး ပင်ပန်းသလို ခံစားနေရတယ်ဆိုရင် ရာသီလာခါနီးမလို့ ဖြစ်တာပါနော်။ ဟော်မုန်းအပြောင်းအလဲတွေ စဖြစ်လို့ ပင်ပန်းနေတာမျိုးပါ။

www.thetimes.co.uk

ဝက်ခြံထွက်မယ်

ဒါကတော့ စိတ်အညစ်ရဆုံးပဲ မဟုတ်လားနော်။ မျက်နှာမှာ ဝက်ခြံတွေ ထွက်လာပြီး နီရဲနေတာမျိုးပေါ့။ ကုတ်ဖဲ့မိရင် အမာရွတ်ပါဖြစ်သွားနိုင်တယ်လေ။ ရာသီလာခါနီး ဟော်မုန်းပြောင်းတာတွေကြောင့် ဝက်ခြံထွက်တာမျိုး ကြုံနိုင်ပါတယ်နော်။

 

Comments

0 comments