Advertisement

ရင်သားကင်ဆာအဆင့်ထိ မရောက်ခင်မှာ အမျိုးသမီး အများစုက အိမ်မှာတင် ကိုယ်တိုင်ရင်သားကို စမ်းကြည့်ပြီး စစ်ဆေးတာတွေ လုပ်ရင်းနဲ့ သိရှိကြတာ များတယ်လို့ သုတေသီတွေက ပြောထားပါတယ်

ရင်သားကင်ဆာက ကာကွယ်ဆေးထိုးလို့ မရသေးပေမယ့် ရင်သားကင်ဆာ မဖြစ်အောင် အတတ်နိုင်ဆုံး ကြိုတင်ကာကွယ်ထားလို့တော့ ရပါတယ်။ ဖြစ်မှ ကုသတာထက် ကြိုတင်ကာကွယ်တဲ့ နည်းလမ်းက ပိုထိရောက်တယ်လေနော်။ ဒီတော့ ရင်သားကင်ဆာကို ဒီလိုနည်းနဲ့ ကာကွယ်ရအောင်။

ဝိတ်အလွန်အကျွံ မတက်လာအောင်

ဝိတ်အလွန်အကျွံ မတက်လာအောင် ထိန်းထားဖို့ လိုပါတယ်။ ဘာလို့လဲဆိုတော့ ခန္ဓာကိုယ်ထဲမှာ အဆီတွေနဲ့ ကိုလက်စထရောတွေ များနေခြင်းက ရင်သားကင်ဆာ အပါအဝင် တခြားကင်ဆာတွေ ဖြစ်ပွားနိုင်ချေ ပိုများတာနိုင်တာကြောင့်ပါ။ ချစ်တို့ ခန္ဓာကိုယ်မှာ လိုအပ်တဲ့ အဆီ၊ ကိုလက်စထရော ဘယ်လောက်ရှိရမလဲ ဝိတ်ဘယ်လောက်ရှိဖို့ လိုလဲဆိုတာ ဆရာဝန်တွေနဲ့ တိုင်ပင်တာမျိုးလည်း လုပ်ပါ။ လေ့ကျင့်ခန်းတွေနဲ့လည်း ဝိတ်မတက်လာအောင် ထိန်းထားပါ။

ကျန်းမာရေးနဲ့ ညီတာတွေပဲ စားပါ

ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာတွေက ရင်သားကင်ဆာ ဖြစ်နိုင်ချေကို လျှော့ချပေးပါတယ်။ လတ်လတ်ဆတ်ဆတ် အသီးအရွက်၊ အသားငါးတွေ စားပေးပါ။ နောက်ပြီး အသားကြိုက်လို့ ဆိုပြီး အသားတစ်မျိုးတည်း စားတာမျိုး ရှောင်ပါ။ အသီးအရွက်၊ အဆာပြေဆိုရင် အသီးတစ်မျိုးမျိုး စားပေးတာမျိုး လုပ်ပါ။ ဒါက ရင်သားကင်ဆာကို ကာကွယ်ပေးနိုင်မှာပါ။

www.medicalnewstoday.com/

Comments

0 comments