Advertisement

ချစ်တို့ ရင်သားကင်ဆာဖြစ်တာကို ကြိုတင်ကာကွယ်ချင်တယ်ဆိုရင်တော့ ဒီနည်းတွေကို သိထားပေးနော်။

ခုနောက်ပိုင်းမှာ ကိုယ့်အသက်အန္တရာယ်အထိ ခြိမ်းခြောက်လာနိုင်တဲ့ ရောဂါကတော့ ရင်သားကင်ဆာပါပဲ။ ကမ္ဘာတစ်ဝှမ်းက အမျိုးသမီးတိုင်းရင်သားကင်ဆာနဲ့ ပတ်သက်ပြီး ဂရုတစိုက် ရှိသင့်ပါတယ်။ ရင်သားကင်ဆာ ဖြစ်နိုင်ချေ အမျိုးမျိုး ရှိပေမယ့် တတ်နိုင်သမျှတော့ ကြိုတင်ကာကွယ်ထားဖို့ လိုပါတယ်။

ရင်သားကင်ဆာ ဖြစ်နိုင်ချေများ

ရင်သားကင်ဆာ ဖြစ်နိုင်ချေကတော့ မျိုးရိုးလိုက်တာ၊ နေထိုင်စားသောက်မှု ပုံစံ၊ ကိုယ်လက်လှုပ်ရှားမှု နည်းတာ၊ ခန္ဓာကိုယ်အလေးချိန် များတာ၊ ဆေးလိပ်နဲ့ အရက်သောက်တာတွေကြောင့် ဖြစ်နိုင်ချေ များပါတယ်။

www.freepik.com

ဘယ်လိုကာကွယ်ကြမလဲ

ရင်သားကင်ဆာ ဖြစ်တာကို လျှော့ချဖို့ဆိုရင်တော့ အပေါ်မှာ ပြောပြထားတဲ့ ဖြစ်နိုင်ချေ များတဲ့ အချက်တွေကို ရှောင်ရှားဖို့ပါပဲ။ ကိုယ်လက်လှုပ်ရှားမှု လုပ်တာ၊ နေထိုင်စားသောက်မှုပုံစံကို ကျန်းမာရေးနဲ့ ညီအောင် နေတာ၊ ရှိသင့်တဲ့ ကိုယ်အလေးချိန်ကို ထိန်းထားတာနဲ့ ဆေးလိပ်၊ အရက် အလွန်အကျွံ သောက်တာကို လျှော့ဖို့ပါ။

www.freepik.com

ကြိုတင်ကာကွယ်ခြင်း

ရင်သားကင်ဆာက သားအိမ်ခေါင်းကင်ဆာလို ကာကွယ်ဆေး ထိုးလို့ မရသေးပေမယ့် သဘာဝက ပေးတဲ့ အစားအသောက်တွေနဲ့ ကြိုတင် ကာကွယ်လို့ ရပါတယ်။

  • ကြက်သွန်နီ
  • ပန်းသီး
  • သစ်တော်သီး
  • မက်မွန်သီး
  • အနီရောင် ငရုတ်ပွသီး
  • ပဲအမျိုးမျိုး
  • ခရမ်းချဥ◌်သီး
  • မုန်လာဥနီ တို့ စားပေးပါ။

ကြိုတင်ရှောင်ရမယ့် အစားအစာ

ပြုပြင်ထားတဲ့ အစားအသောက်တွေမှာ ပါဝင်တဲ့ ဆီတွေ၊ အဆီတွေက ရင်သားကင်ဆာ ဖြစ်နိုင်ခြေကို မြင့်တက်စေနိုင်ပါတယ်။ ဒါကြောင့် ချစ်တို့ ရင်သားကင်ဆာ ကြိုတင်ကာကွယ်မယ်ဆိုရင် ဒီလို အစားအစာတွေ စားသုံးတာကို လျှော့စားဖို့ လိုပါတယ်။

 

Comments

0 comments