Advertisement

ရာသီအလာနည်းလို့ အမြဲတမ်း စိတ်ညစ်နေရတယ်ဆိုရင် ကိုယ့်ဆီမှာ ဒီပြဿနာတွေ ရှိနေလား ပြန်လည်ဆန်းစစ်ကြည့်ပါ။ ရှိနေတယ်ဆိုရင် ကြိုတင်ပြင်ဆင်ထားပါဦးနော်။

 တချို့က ရာသီအမြဲနည်းတာမျိုး ရှိတတ်သလို တစ်လတစ်လေမှ ပုံမှန်လာနေကျထက် ပိုပြီး နည်းတတ်တာမျိုးလည်း ရှိတာမို့ ဘာလို့နည်းရသလဲဆိုတဲ့ အဖြေတွေ သိထားသင့်တယ်နော်။ ကိုယ့်ခန္ဓာကိုယ်က ဘာတွေပြောင်းလဲလို့ ရာသီအလာနည်းသွားရသလဲဆိုတာ သိထားရင် အရမ်းစိတ်ပူစရာ မလိုတော့သလို ကျန်းမာရေး စောင့်ရှောက်မှုတွေ လိုရင်လည်း ပြင်ဆင်ကုသလို့ ရတယ်တာပေါ့။

သားအိမ်တစ်ရှူးအမာရွတ် ရှိခြင်း

ချစ်တို့ရေ ရာသီအလာနည်းတာက သားအိမ်တစ်ရှူးအမာရွတ် ရှိနေတာကြောင့်လည်း ဖြစ်တတ်ပါတယ်။ သားအိမ်တစ်ရှူးအမာရွတ် ရှိနေရင် သားအိမ်နံရံထူလာတာမျိုး ဖြစ်တတ်တာမို့ ရာသီအလာနည်းလာတာမျိုးပါ။ အဲဒီလိုဆိုရင်တော့ ဆရာဝန်နဲ့ တွေ့ပြီး ဆွေးနွေးဖို့ လိုတယ်နော်။

ကိုယ်ဝန်အစောပိုင်းကာလ

ချစ်တို့ရေ ကိုယ်ဝန်ရှိပြီဆိုရင် တချို့တွေက ရာသီအလာ လုံးဝရပ်သွားတာမျိုး ရှိပေမယ့် တချို့ကတော့ ရာသီနည်းနည်းလာတာ (သွေးနည်းနည်းဆင်းတာမျိုး) ရှိတတ်ပါတယ်နော်။ ကိုယ်က လိင်ဆက်ဆံမှုရှိတယ်၊ တားဆေးသုံးထားတာမျိုး မရှိဘူးဆိုရင် ဆီးစစ်ကြည့်တာမျိုး လုပ်ကြည့်ပါ။ ရာသီအလာနည်းတာက ကိုယ်ဝန်အစောပိုင်းကာလကြောင့်လည်း ဖြစ်နိုင်ပါတယ်။

ကိုယ်အလေးချိန်နည်းတာ

ချစ်တို့ရေ ခန္ဓာကိုယ်အလေးချိန်ကလည်း ရာသီလာတာ အနည်းအများအတွက် သက်ရောက်မှုရှိတယ်နော်။ ခန္ဓာကိုယ်မှာ အဆီဓါတ်တွေနည်းနေတယ်ဆိုရင် ဟော်မုန်းပမာဏကို နည်းစေတာမို့ ရာသီလာတာလည်း နည်းတတ်ပါတယ်။ ကိုယ်က ပိန်နေတယ်ဆိုရင် ရာသီလာတာ နည်းတာမျိုး ဖြစ်တတ်တယ်နော်။

ကိုယ်အလေးချိန်နည်းတာ

ကိုယ်အလေးချိန်နည်းတာ

ကိုယ်ဝန်တားဆေးတွေ သောက်တာ

ချစ်တို့ရေ ကိုယ်ဝန်တားဆေးတွေဖြစ်တဲ့ အရေးပေါ်တားဆေး၊ နေ့စဉ်သောက်ဆေးကတ်နဲ့ (၃) လခံထိုးဆေးတွေ သုံးတာက ရာသီ မမှန်တာမျိုး ဖြစ်စေတယ်နော်။ ကိုယ်ဝန်တားဆေးမှာ ပါတဲ့ ဟော်မုန်းတွေက မျိုးဥကြွေခြင်းကို အတားအဆီး ဖြစ်စေတာကြောင့် ရာသီလာခြင်းမှာလည်း ကမောက်ကမ ဖြစ်စေတာပါ။ ရာသီအလာနည်းတာ၊ များတာဖြစ်တတ်တာမို့ တားဆေးတွေသောက်မိလားဆိုတာ ပြန်တွေးပါ။

စိတ်ဖိစီးမှုများတာ

စိတ်ဖိစီးမှုများတာ

စိတ်ဖိစီးမှုများတာ

ချစ်တို့ အလုပ်ကိစ္စ၊ လူမှုရေးကိစ္စတွေကြောင့် စိတ်ဖိစီးမှုတွေ ဖြစ်ပြီး စိတ်ထဲ အဆင်မပြေနေရင်လည်း ဟော်မုန်းတွေ အပြောင်းအလဲ ဖြစ်ပြီး ရာသီလာတာ အနည်းအများ ဖြစ်တတ်ပါတယ်။ စိတ်ဖိစီးတာက ရာသီနည်းတဲ့အကြောင်းအရင်းထဲက တစ်ခုဖြစ်တာကြောင့် ကိုယ်ဒီလမှာ စိတ်ပိုင်းဆိုင်ရာ အဆင်ပြေရဲ့လားဆိုတာ ပြန်သုံးသပ်ကြည့်ပါ။

ရာသီအလာနည်းလို့ အမြဲတမ်း စိတ်ညစ်နေရတယ်ဆိုရင် ကိုယ့်ဆီမှာ ဒီပြဿနာတွေ ရှိနေလား ပြန်လည်ဆန်းစစ်ကြည့်ပါ။ ရှိနေတယ်ဆိုရင် ကြိုတင်ပြင်ဆင်ထားပါဦးနော်။

Tags: heatlhperiod

Comments

0 comments