Advertisement

အစားအသောက်မပျက်ဘဲ ကယ်လိုရီတွေ လောင်ကျွမ်းသွားစေဖို့ စားသင့်တဲ့ အစားအစာတွေနော်။ ကယ်လိုရီများများ ပါတဲ့ အစားအစာတွေအစား ဒါမျိုးလေးတွေ ရွေးချယ်စားသုံးပါ။

(photo: parade.com)

အစားစားရင်း ကယ်လိုရီတွေ လောင်ကျွမ်းသွားမှာတဲ့နော်။ သူများတွေ အစားတွေလျှော့ချပြီး ကယ်လိုရီ လောင်ဖို့ ကြိုးစားနေတဲ့အချိန်မှာ ကိုယ်က အစားစားရင်းနဲ့ပဲ ကယ်လိုရီတွေ လျော့အောင် လုပ်မယ်ဆိုတော့ တကယ့်ကို ပျော်စရာပါပဲ။ ဒီတော့ ဘယ်အစားအစာတွေ စားရမလဲ၊ ကယ်လိုရီလျော့စေမယ့် အစားအစာတွေက ဘာတွေဖြစ်မလဲဆိုတာ သိထားဖို့ လိုတယ်နော်။

အရွက်စိမ်းစိမ်းတွေ

(photosimplyrecipes.com)

အရွက်စိမ်းစိမ်းတွေက ကယ်လိုရီတွေ လောင်ကျွမ်းစေမယ့် အစားအစာတွေထဲက တစ်မျိုးပါ။ အရွက်စိမ်းစိမ်းတွေမှာ Anti- Stress ဖြစ်စေတဲ့ အာဟာရတွေ ပါဝင်ပြီး အမျှင်ဓါတ်လည်း ပါဝင်တာမို့ ကယ်လိုရီတွေ လောင်ကျွမ်းစေပါတယ်။ အရွက်စိမ်းစိမ်းတွေ ဖြစ်တဲ့ ကိုက်လန်၊ ဟင်းနုနွယ်တွေ များများစားပေးပါ။

အစပ်

(photo: thejakartapost.com)

ငရုတ်သီးအစပ်တွေက ကယ်လိုရီတွေ လောင်ကျွမ်းစေတဲ့ အစားအစာပါပဲ။ ငရုတ်သီးအတောင့်လိုက် စားတာမျိုး မဟုတ်ရင်တောင် အစပ်စားပေးတာမျိုးပေါ့။ ဗိုက်နဲ့ ခါးမှာ ရှိတဲ့ အဆီတွေဖြစ်စေမယ့် ကယ်လိုရီတွေကို လောင်ကျွမ်းစေတာမို့ အစားစားရင်း အဆီတွေကို နှုတ်ဆက်နိုင်မှာပါ။

Green Tea

Tea တွေထဲမှာမှ Green Tea ကတော့ ကယ်လိုရီတွေ လောင်ကျွမ်းပေးနိုင်မယ့် Tea ပါ။ ခုနောက်ပိုင်းမှာ နို့နဲ့ အထူးပြုလုပ်ထားတဲ့ Tea တွေ အသောက်များလာကြတယ်နော်။ ဒါတွေက ကယ်လိုရီတွေကို မလောင်ကျွမ်းစေနိုင်တာမို့ ကြိုက်လို့ သောက်ပေမယ့် Green Tea လေးလည်း တခါတလေ သောက်ပေးပါနော်။

 Vitamin C

(photo: earthfoodandfire.com)

Vitamin C များများပါတဲ့ အစားအစာတွေကလည်း ကယ်လိုရီတွေ လျော့ကျစေပြီး ထပ်မတက်လာအောင် စွမ်းဆောင်ပေးနိုင်တဲ့ အစားအစာပါပဲ။ Vitamin C များများပါတဲ့ အစားအစာတွေထဲမှာ လိမ္မော်သီးနဲ့ ချဉ်တဲ့အသီးတွေ တော်တော်များများ ပါ ပါတယ်။ အပျင်းပြေ အသီးအနှံလေး စားမယ်ဆိုရင် အချဉ်ပါတဲ့ အသီးလေးတွေ ရွေးချယ်လို့ ရတယ်နော်။

ထောပတ်သီး

(photo: welcometothetable.coop)

ထောပတ်သီးမှာ အမျှင်ဓါတ်များများ ပါဝင်ပြီး ကျန်းမာရေးအတွက် မကောင်းတဲ့ အဆီတွေကို လောင်ကျွမ်းစေပါတယ်။ သွေးတွင်းသကြားဓါတ်ကိုလည်း ထိန်းထားပေးတာမို့ ကျန်းမာရေးနဲ့လည်း ညီညွတ်တယ်လေ။ ဒီတော့ ထောပတ်သီးရာသီမှာ ဝိတ်လျော့မယ်ဆိုရင် ထောပတ်သီး စားဖြစ်အောင်စားပါနော်။

 

Tags: eatingfoodhealth

Comments

0 comments
Advertisement