Advertisement

ဒီအတိုင်းရေဆေးရုံနဲ့ သန့်စင်သွားတဲ့ ဟင်းသီးဟင်းရွက်တွေရှိသလို ရိုးရိုးရေဆေးရုံနဲ့မရဘဲ သေချာအားစိုက်ဆေးရတဲ့ ဟင်းသီးဟင်းရွက်တွေလည်းရှိတယ်။

ဟင်းသီးဟင်းရွက် နေ့တိုင်းစားတဲ့သူတစ်ယောက်ဆိုရင် မချက်ခင်မှာ သေသေချာချာလေး သတိထားဖို့တော့ လိုမယ်။ ဟင်းသီးဟင်းရွက်တွေကို မချက်ခင် ရေနဲ့စင်အောင်ဆေးဖို့ အရေးကြီးတယ်။ မချက်ခင်မှာ ဆေးဖို့ သတိပြုပါ။

မလှီးခင် ဆေးတာထက်၊ လှီးပြီးမှ ဆေးတာ ဘယ်ဟာပိုကောင်းလဲ

လှီးပြီးမှ ဆေးတာ ဒါမှမဟုတ် မချက်ခင် ဆေးတာမျိုးက ပိုပြီး safe ဖြစ်စေတယ်။ အော်ဂဲနစ်ပဲဖြစ်ဖြစ်၊ ပိုးသတ်ဆေးပါတာပဲဖြစ်ဖြစ် မစားခင် ရေနဲ့စင်အောင်ဆေးပါ။ အော်ဂဲနစ်ဆိုရင်တောင်မှ ဟင်းသီးဟင်းရွက်တွေမှာ မြေကြီးတွေ၊ မြေမှုန်တွေ ကပ်နေနိုင်လို့ပါ။ ပြီးတော့ ပိုးသတ်ဆေးတွေ၊ အင်းဆက်ပိုးမွှားတွေ၊ E.Coli ဘက်တီးရီးယားတွေ တွေ ရှိနေနိုင်တာကြောင့် ရေနဲ့ကောင်းကောင်းဆေးဖို့လိုပါတယ်။

ဟင်းသီးဟင်းရွက် ရေဆေးနည်း

ဇလုံတစ်ခုထဲမှာ ရေဖြည့်ပြီး ဟင်းသီးဟင်းရွက်တွေကို ဆေးပါ။ ရေဖောဖောသီသီသုံးပါ။ အနည်းဆုံး ၂ကြိမ်ကနေ ၃ကြိမ်အထိ ဆေးပေးမယ်ဆိုရင် အသီးအရွက်တွေမှာ ကပ်နေတဲ့ အကြွင်းအကျန်တွေကို ဖယ်ရှားပေးပြီး ဖြစ်သွားမှာပါ။

ဟင်းသီးဟင်းရွက်အမျိုးအစား

ဒီအတိုင်းရေဆေးရုံနဲ့ သန့်စင်သွားတဲ့ ဟင်းသီးဟင်းရွက်တွေရှိသလို ရိုးရိုးရေဆေးရုံနဲ့မရဘဲ သေချာအားစိုက်ဆေးရတဲ့ ဟင်းသီးဟင်းရွက်တွေလည်းရှိတယ်။ ဥပမာ မှို။ မှိုကို ဒီအတိုင်းရေဆေးရုံနဲ့ မပြောင်ပါဘူး။ ဘရပ်တွေသုံးပြီး သေချာတိုက်ဆေးပေးမှ သန့်စင်သွားတာပါ။

ဟင်းသီးဟင်းရွက်အမျိုးအစားပေါ်မူတည်ပြီး ပြောင်အောင် ရေနဲ့ဆေးဖို့ အရေးကြီးပါတယ်။

Comments

0 comments