Advertisement

ဗီတာမင်ဒီ ချို့တဲ့တာကြောင့် ဖြစ်တဲ့ အရေပြားပြဿနာ အပါအဝင် တခြားကျန်းမာရေး လက္ခဏာတွေကို ရှောင်ရှားပြီးသား ဖြစ်တာပေါ့။

ချစ်တို့ရေ ကျန်းမာခြင်းဆိုတာ တကယ့် လာဘ်ကြီးတစ်ပါးပါပဲ။ ကျန်းမာနေမှ ကိုယ့်စိတ်ရှိတိုင်း အလုပ်တွေ လုပ်လို့ရမှာလေနော်။ စိတ်သွားတိုင်း ကိုယ်ပါနိုင်မှာပေါ့။ ဒီတော့ ကျန်းမာချင်တယ်ဆိုရင် ကျန်းမာရေးနဲ့ ညီအောင် နေဖို့ လိုပါတယ်။ ကျန်းမာချင်တယ်ဆိုရင်တော့ မနက်ခင်းလေးမှာ လုပ်သင့်တာတွေ ရှိပါတယ်။ မနက်ခင်းတိုင်း လုပ်ဆောင်သွားမယ်ဆိုရင် ကိုယ့်ကျန်းမာ‌ေရး အရင်ထက် ကောင်းမွန်လာမှာပါ။

ရေသောက်ပါ

မနက်အိပ်ရာနိုးနိုးချင်း ရေသောက်တာက ကျန်းမာစေတဲ့နည်းတွေထဲက တစ်ခုပါ။ အစာအိမ်လမ်းကြောင်းကို ရှင်းပြီးသား ဖြစ်သလို အပူအပုပ်တွေ ကင်းစင်စေပါတယ်။ ဒီတော့ ဝမ်းမှန်စေတဲ့အပြင် အပူနာတွေ ပေါက်တာလည်း လျော့စေပါတယ်။ ရိုးရိုးရေနော် ချစ်တို့ရေ ရေခဲရေ မဟုတ်ဘူးနော်။

ကိုယ်လက်လှုပ်ရှားပါ

ချစ်တို့ရေ မနက်ခင်းမှာ ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်း လုပ်ဖို့ လိုပါတယ်။ လမ်းလျှောက်တာ အကြောလျှော့တာနဲ့ သွေးပူလေ့ကျင့်ခန်းတွေ လုပ်ပေးပါ။ ပြေးတာလည်း ကောင်းပါတယ်။ မပြေးနိုင်ဘူးဆိုရင် လမ်းတော့ မိနစ်(၂၀) လောက် လျှောက်ပေးပါ။ ဒါက ကြွက်သားတွေကို ကောင်းမွန်စေတဲ့အပြင် သွေးလည်ပတ်မှုကိုလည်း ကောင်းစေပါတယ်။

မနက်စာ မဖြစ်မနေ စားပါ

အများစုက မနက်ဆို အိပ်ရာမနိုးတာနဲ့ပဲ မနက်စာကောင်းကောင်း သေချာ မစားကြဘဲ အလွတ်ခံလေ့ရှိပါတယ်။ တကယ်တော့ မနက်စာက မဖြစ်မနေ စားဖို့ လိုပါတယ်။ တစ်နေလုံး တက်ကြွလန်းဆန်းမှုကို ပေးတဲ့အပြင် နေ့လည်စာ ညစာ အချိန်မမှန်တာတွေလည်း မဖြစ်စေတော့ဘူးပေါ့။

အသက်ရှူလေ့ကျင့်ခန်း

ချစ်တို့ရေ မနက်အစောကြီး လေကောင်းလေသန့်ရှူရင်း အသက်ရှူလေ့ကျင့်ခန်း လုပ်ပါ။ ယောဂကျင့်စဉ်နဲ့ဖြစ်ဖြစ် တရားထိုင်တာပဲဖြစ်ဖြစ် အသက်ရှူလေ့ကျင့်ခန်း လုပ်ပါ။ ဒါက ကျန်းမာရေးကို သိသိသာသာ ကောင်းစေပါတယ်။

နေရောင်ခြည်ထိတွေ့ပါ

မနက်စောစော နေရောင်ခြည် ထိတွေ့တာက ချစ်တို့အတွက် ဗီတာမင်ဒီဓါတ် ရရှိစေပါတယ်။ ခန္ဓာကိုယ် ကျန်းမာရေး ကောင်းမွန်ဖို့ မနက်ခင်းနေရောင်ခြည်ကနေ ရရှိတဲ့ ဗီတာမင်ဒီ လိုပါတယ်။ ဗီတာမင်ဒီ ချို့တဲ့တာကြောင့် ဖြစ်တဲ့ အရေပြားပြဿနာ အပါအဝင် တခြားကျန်းမာရေး လက္ခဏာတွေကို ရှောင်ရှားပြီးသား ဖြစ်တာပေါ့။

ချစ်တို့ရေ ကျန်းကျန်းမာမာ ရှိနေဖို့ မနက်ခင်းလေး တဖြတ် လုပ်သင့်တာတွေ လုပ်ကြည့်ပေးနော်။

Tags: healthmorning

Comments

0 comments