Advertisement

အိမ်ထောင်ကျပြီးနောက်ပိုင်းမှာ ကိုယ့်ခန္ဓာကိုယ်ကို ဝမလာအောင် ထိန်းထားချင်တယ်ဆိုရင်တော့ ပြောပြထားတဲ့ အချက်တွေကို သေချာလေး လိုက်လုပ်ကြည့်ပေးနော်။

အိမ်ထောင်ရှင်မလေး တော်တော်များများ ကြားဖူးကြတဲ့စကားကတော့ အိမ်ထောင်ကျပြီးရင် ပိုဝလာတယ်နော် ဆိုတာပါပဲ။ အများစုက အိမ်ထောင်ကျပြီးရင် ခန္ဓာကိုယ် ပြည့်ပြည့်လေးတွေ ဖြစ်လာတတ်ကြတယ်လေ။ ဒီလိုမျိးဖြစ်တာက သားဆက်ခြားနည်းတွေကြောင့်လည်း ဖြစ်တတ်သလို သားဆက်ခြားနည်း မသုံးဘဲ ဝတာမျိုးလည်း ရှိပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အိမ်ထောင်ကျပြီးနောက်မှာ မဝချင်ဘူးဆိုရင်တော့ နည်းလမ်းကောင်းလေးတွေ လိုတယ်နော်။

ပုံမှန်လေ့ကျင့်ခန်း

အိမ်ထောင်ကျပြီးနောက်မှာ ခန္ဓာကိုယ်အလေးချိန် တိုးမလာချင်ဘူးဆိုရင်တော့ ပုံမှန်လေ့ကျင့်ခန်း လုပ်ဖို့ မမေ့ပါနဲ့နော်။ Gym ဆော့တာမျိုး မလုပ်ချင်ဘူးဆိုရင်တောင် အိမ်မှာတင် အိပ်ထမတင် လုပ်တာ၊ ပုံမှန်လမ်းလျှောက်တာမျိုး လုပ်ပါ။

စားသောက်နေထိုင်မှု

ယောကျ်ားရပြီဆိုတော့ ယောကျ်ားနဲ့ အတူတူ စားကောင်းသောက်ဖွယ်တွေ သေချာ ပြင်ဆင်ချက်ပြုတ်စားသောက်ပြီဆိုရင်လည်း ခန္ဓာကိုယ် ဝလာနိုင်ပါတယ်နော်။ ကိုယ့်ယောကျ်ားနဲ့ တန်းတူ လိုက်စားတာမျိုးပေါ့။ နောက်ပြီး ယောကျ်ားက ဝလည်း ချစ်မှာပဲ ဆိုပြီး အရင်လို ဝိတ်ကို ထိန်းမထားတာတွေက အိမ်ထောင်ကျပြီးနောက်မှာ ဝလာစေတဲ့အချက်တွေပါ။ အဲဒါကြောင့် အိမ်ထောင်ကျပြီးနောက်မှာ မဝချင်ရင် စားသောက်နေထိုင်မှု စနစ် မှန်ကန်ပါစေနော်။

ပုံမှန်လေ့ကျင့်ခန်း

ပုံမှန်လေ့ကျင့်ခန်း

သားဆက်ခြားနည်း

အိမ်ထောင်ကျပြီးနောက်မှာ ခန္ဓာကိုယ် မဝချင်ဘူးဆိုရင်တေ့ာ ဟော်မုန်းမပါတဲ့ သားဆက်ခြားနည်းကို ရွေးချယ်လို့ ရပါတယ်။ နေ့စဉ်သောက်ဆေးကတ်၊ (၃) လခံထိုးဆေးနဲ့ လက်မောင်းထည့် ပစ္စည်းတွေကတော့ ဟော်မုန်းပါတဲ့အတွက် ဟော်မုန်းကြောင့် ပိန်တာ၊ ဝတာ ဖြစ်နိုင်ပါတယ်။ ဟော်မုန်းအပြောင်းအလဲ မဖြစ်ချင်ဘူးဆိုရင်တော့ သားအိမ်တွင်းထည့်တဲ့ သားဆက်ခြားနည်းကို ရွေးချယ်ပါ။ သူကတော့ ဟော်မုန်းမပါတော့ ခန္ဓာကိုယ် အပြောင်းအလဲ မဖြစ်ပါဘူး။

သားဆက်ခြားနည်း

သားဆက်ခြားနည်း

 

ဝလည်း ရတယ်

ဝလည်းချစ်မှာပဲဆိုပေမယ့် ယောကျ်ားတိုင်းကတော့ အလှကြိုက်ကြပါတယ်နော်။ ဝလည်း ချစ်မှာပဲကို မယုံလိုက်ပါနဲ့။ ခန္ဓာကိုယ် အချိုးအစား ပြေပြစ်အောင် ဂရုစိုက်ပြီး နေထိုင်ပါ။ အဆီပိုတွေ ထွက်မလာဖို့ သတိပြုပါ။ အိမ်ထောင်ကျပြီးပြီဆိုပြီး မလှလည်း ဖြစ်တယ်လို့ မတွေးပါနဲ့။ အသီးအရွက်စားပါ။ Detox သောက်တာမျိုးတွေ လုပ်ပါ။

အိမ်ထောင်ကျပြီးနောက်ပိုင်းမှာ ကိုယ့်ခန္ဓာကိုယ်ကို ဝမလာအောင် ထိန်းထားချင်တယ်ဆိုရင်တော့ ပြောပြထားတဲ့ အချက်တွေကို သေချာလေး လိုက်လုပ်ကြည့်ပေးနော်။

Comments

0 comments