ကိုယ့်ရဲ့ ခန္ဓာကိုယ် ကျန်းမာဖို့ဆိုတာ ခန္ဓာကိုယ်က လိုအပ်တဲ့ ဗီတာမင်ဓါတ်တွေ အကုန် ရရှိဖို့ လိုပါတယ်။ ချစ်တို့ ခန္ဓာကိုယ်မှာ လိုအပ်တဲ့ ဗီတာမင်ဓါတ်တွေ လုံလုံလောက်လောက် ရှိရဲ့လားဆိုတာလည်း အမြဲတမ်း စစ်ဆေးကြည့်နေဖို့ လိုတယ်နော်။ ဒီတစ်ခါမှာတော့ ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားစနစ်အတွက် အဓိက လိုအပ်တဲ့ ဗီတာမင်စီဓါတ် ပြည့်ဝနေရဲ့လား နည်းနေလားဆိုတာ ကိုယ်တိုင် စစ်ကြည့်နိုင်အောင် ဖော်ပြပေးလိုက်ပါတယ်နော်။ ဗီတာမင်စီဓါတ် နည်းနေမယ်ဆိုရင် ကိုယ့်ရဲ့ ခန္ဓာကိုယ်မှာ ပြမယ့် လက္ခဏာတွေပါ။
အသားအရေခြောက်လာမယ်
ခန္ဓာကိုယ်မှာ ဗီတာမင်စီ နည်းလာမယ်ဆိုရင် ကိုယ့်ရဲ့ အရေပြား အသားအရေ ခြောက်သွေ့တာတွေ၊ အရေးအကြောင်း ထင်တာတွေ ဖြစ်လာတတ်ပါတယ်။ ဘာလို့လဲဆိုတော့ ဗီတာမင် စီဓါတ်ဟာ အသားအရေ စိုစွတ်ပြီး အိအိချောချော ဖြစ်စေတာကြောင့်ပါ။ ဗီတာမင်စီမှာ ပါဝင်တဲ့ ဓါတ်တိုးဆန့်ကျင့်မှုတွေက အသားအရေခြောက်သွေ့တာကနေ ကာကွယ်ပေးနိုင်တာကြောင့်ပါ။ ဒီတော့ ချစ်တို့ဆီမှာ ဗီတာမင်စီဓါတ် နည်းနေတယ်ဆိုရင် အသားအရေ ခြောက်တဲ့ လက္ခဏာကို မြင်ရမှာပါ။
ခန္ဓာကိုယ် ဝိတ်တက်လာမယ်
ဗီတာမင်စီက ခန္ဓာကိုယ်ရဲ့ အဆီတွေ လောင်ကျွမ်းဖို့ စွမ်းအင်တစ်မျိုး ထုတ်ပေးတာမို့ ဗီတာမင်စီ နည်းနေတယ်ဆိုရင် ခန္ဓာကိုယ်က ဝိတ်တက်လာတာမျိုး ဖြစ်တတ်ပါတယ်။
ကိုယ်ခံအားစနစ် အားနည်းမယ်
ကိုယ်ခံအားစနစ်နဲ့ ဗီတာမင်စီက ဆက်နွယ်မှု ရှိပါတယ်။ ဗီတာမင်စီ အပြည့်အဝ မရဘူးဆိုရင် ခန္ဓာကိုယ်မှာ အားနည်းလာပြီး ခဏခဏ ဖျားလာတာမျိုးပေါ့။ ကိုယ်ခံအားစနစ် နည်းမယ်ဆိုရင် ဘက်တီးရီးယားပိုးမွှားဝင်ရောက်တာကို ကာကွယ်ပေးနိုင်စွမ်းလည်း နည်းလာနိုင်ပါတယ်။
အမြင်အာရုံ အားနည်းတာ
ဗီတာမင်စီ ချို့တဲ့မယ်ဆိုရင် အမြင်အာရုံ ဝေဝါးတာ၊ မကြည်လင်တာတို့လည်း ဖြစ်တတ်ပါတယ်နော်။ အမြင်အာရုံ ကြည်ကြည်လင်လင် ဖြစ်တဲ့ ဗီတာမင်စီပါတဲ့ အစားအစာတွေ များများ စားပေးဖို့ လိုပါတယ်။ ချစ်တို့မှာ ဒီလို လက္ခဏာတွေ ပြ မပြဆိုတာ ကြည့်ကြည့်ပါဥ◌ီးနော်။
Comments