Advertisement

တရေးနိုးတာတွေ လျော့အောင် တရေးနိုးလာရင်လည်း မြန်မြန်ပြန်အိပ်ပျော်အောင် လုပ်ဖို့ လိုလာပြီနော်။ ဘယ်နည်းလမ်းလေးတွေနဲ့ စမ်းလို့ရမလဲ ဖတ်ကြည့်ရအောင်။

ညဘက်တွေ တရေးနိုး လန့်နိုးလာပြီးရင် တော်တော်နဲ့ ပြန်အိပ်ပျော်ဖို့ ခက်ပြီး မိုးလင်းတဲ့အထိ မျက်စိကြောင်နေတာမျိုး ဖြစ်ကြတယ်မလား။ အဲဒီလို မိုးလင်းခါနီးမှ အိပ်ပျော်တော့ တကယ်တမ်း မနက်ထရမယ်ဆိုရင် တိုင်ပတ်ပါလေရော။ အဲဒီလို မဖြစ်ချင်ဘူးဆိုရင်တော့ တရေးနိုးတာတွေ လျော့အောင် တရေးနိုးလာရင်လည်း မြန်မြန်ပြန်အိပ်ပျော်အောင် လုပ်ဖို့ လိုလာပြီနော်။ ဘယ်နည်းလမ်းလေးတွေနဲ့ စမ်းလို့ရမလဲ ဖတ်ကြည့်ရအောင်။

ဆူညံသံတွေ

တရေးနိုးပြီးမှ ပြန်အိပ်ပျော်ဖို့ဆိုရင် ဆူဆူညံညံရှိတဲ့ အသံတွေနဲ့ ဝေးနေဖို့လည်း လိုတယ်နော်။ အရမ်းဆူညံနေရင် ဒါမှမဟုတ် ကိုယ့်စိတ်ကို အနှောင့်အယှက် ဖြစ်စေမယ့် ဆူညံသံတွေ ရှိနေရင် ပြန်အိပ်ပျော်ဖို့ ခက်တာမို့ ဆူညံသံ ရှိတဲ့နေရာကို ရှောင်လိုက်ပါ။ ပိုပြီး တိတ်ဆိတ်တဲ့ ပတ်ဝန်းကျင်ကို ဖန်တီးပြီး ပြန်အိပ်ပါ။ ဒါဆို အမြန်အိပ်ပျော်မှာပါ။

ညဘက်စောစောအိပ်တာ

ညဘက်အရမ်းစောစော အိပ်ရာဝင်မိရင်လည်း ညသန်းခေါင်ကျ တရေးနိုးတတ်ကြပါတယ်။ တရေးနိုးတဲ့အခါ ပြန်အိပ်မရတာမျိုး ဖြစ်တယ်နော်။ အဲဒါကြောင့် အရမ်းစောစော အိပ်ရာဝင်တာမျိုး ရှောင်ပါ။

စိတ်ကိုစုစည်းပါ

မိန်းကလေးတို့ရေ တရေးနိုးပြီးလို့ ပြန်အိပ်ပျော်ချင်တယ်ဆိုရင်တော့ စိတ်ကို သေချာစုစည်းဖို့ လိုပါတယ်။ ကိန်းဂဏန်းရေတွက်တာ၊ ဝင်လေထွက်တာမှတ်တာ၊ တခုခု ရွတ်ဆိုတာမျိုးတွေ လုပ်ပါ။ အာရုံတွေ ဘယ်မှမလွင့်တော့ဘူးဆိုရင် ပြန်အိပ်ပျော်မှာပါ။

အခန်းမီးအလင်းရောင်

ပြန်အိပ်ပျော်ဖို့ဆိုရင် အခန်းမီးအလင်းရောင်ကိုလည်း သတိထားပါ။ ချက်ချင်း မီးထဖွင့်လိုက်တာမျိုး မလုပ်ပါနဲ့။ အဲဒီလို လုပ်မယ်ဆိုရင်လည်း အလင်းရောင်ကြောင့် ပြန်အိပ်မပျော်တာမျိုး ဖြစ်တတ်ပါတယ်။ ချက်ချင်း ပြန်အိပ်ပျော်ဖို့ အရင်အခြေအနေကို ထူးခြားသွားအောင် ပြောင်းလဲလိုက်တာမျိုး မဖြစ်စေနဲ့နော်။

ဝမ်းအကျင့်

မျက်စိအကျင့် ဝမ်းအကျင့်ဆိုတဲ့ စကားရှိတယ်မလား။ ညဘက်တရေးနိုးတာက အပေါ့သွားချင်လို့၊ အိမ်သာတက်မလို့ဆိုတဲ့ အကြောင်းတွေကြောင့် ဖြစ်တတ်ပါတယ်။ အဲဒီအကျင့် ရှိနေတာကြောင့်လည်း တရေးနိုးတာမျိုး ဖြစ်တတ်ပါတယ်။ အဲဒီအချိန်ကျရင် အပေါ့သွားချင်တာ၊ အိမ်သာတက်ချင်တာမျိုးပေါ့။ အဲဒီလိုဆိုရင်တော့ ညအိပ်ရာမဝင်ခင်မှာ သွားထားပါ။ နောက်ပြီး တရေးနိုးလာရင်လည်း အပေါ့သွားတာကို အောင့်နိုင်သလောက်လေး အောင့်ကြည့်ပါ။ ဒါဆိုရင် နောက်ရက်တွေ အဲဒီလို မဖြစ်နိုင်လောက်ပါဘူး။

ဖုန်းမသုံးပါနဲ့

တရေးနိုးလာပြီး ပြန်အိပ်ပျော်ဖို့ဆိုရင် ဖုန်းမသုံးမိဖို့ လိုတယ်နော်။ ဖုန်းသုံးလိုက်မယ်ဆိုရင် ဟိုကြည့်ဒီကြည့်နဲ့ တော်တော်နဲ့ ပြန်အိပ်မပျော်တော့တာမျိုး ဖြစ်တတ်ပါတယ်။ ဂိမ်းဆေ့ာမိတာ၊ လိုင်းသုံးမိတာတွေက တော်တော်နဲ့ ပြန်မအိပ်ဖြစ်တော့ဘဲ ပိုပြီးတော့တောင် မျက်စိကြောင်တတ်တယ်နော်။

Comments

0 comments