Advertisement
အိပ်မပျော်တဲ့သူတွေ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်စေမယ့် သီချင်းများ

Sleeping sound လေးတွေက ညအိပ်ယာဝင်ခါနီး ဦးနှောက်အား ပြေလျှော့စေအောင် အချက်ပြချက်တွေ ခန္ဓာကိုယ်ထဲကနေ ထုတ်လုပ်ပေးပါတယ်။

Covid – 19 တတိယအကြိမ်ဖြစ်ပွားပြီးနောက်ပိုင်း ရောဂါပျောက်ကင်းပြီးသွားသူအချို့ ညပိုင်းအိပ်မပျော်တဲ့ ဝေဒနာ အနည်းနဲ့အများ လူကြီးလူငယ်တိုင်းနီးပါး ကြုံရတယ်။ အိပ်ပျော်စေတဲ့ တိုင်းရင်းဆေး၊ အိပ်ဆေး၊ ဂျယ်လီ၊ ဆေးရည် တွေရဲ့ အကူအညီယူကြသလို အိပ်စက်ခြင်းကို လှုံ့ဆော်ပေးတဲ့ အစားအသောက်တွေကိုလည်း စားသုံးပေးကြတယ်။

အခုနောက်ပိုင်း အားတဲ့အချိန်တွေကို ဖုန်းအသုံးပြုရင်း ကုန်ဆုံးလာကြသလို ညအိပ်ခါနီးအချိန်က အင်တာနက်အသုံးပြုတဲ့သူအများဆုံး အချိန်ဖြစ်တယ်။ အကယ်လို့ YouTube အသုံးပြုသူတစ်ယောက်ဆိုရင် sleeping sound လေးတွေ နားထောင်ရင်းအိပ်ကြည့်ဖို့ တိုက်တွန်းပါတယ်။

Sleeping sound လေးတွေက ညအိပ်ယာဝင်ခါနီး ဦးနှောက်အား ပြေလျှော့စေအောင် အချက်ပြချက်တွေ ခန္ဓာကိုယ်ထဲကနေ ထုတ်လုပ်ပေးပါတယ်။ Sleeping sound တွေက လူကြီးလူငယ်တွေအတွက်သာမက ကလေးတွေအတွက်ပါ အလွန်ကောင်းပါတယ်။ ကလေးတွေကို ညအိပ်ယာဝင်ခါနီး ထမင်းကျွေး၊ ရေမိုးချိုးပြီး sleeping sound လေးဖွင့်ပေးတာက မြန်မြန်အိပ်ပျော်အောင် ကူညီပေးပါတယ်။ ညနေပိုင်း လေ့ကျင့်ခန်းပြုလုပ်ပေးတာကလည်း ညပိုင်းအိပ်ပျော်အောင် အထောက်အကူပြုတယ်။

YouTube မှာ view များပြီး နားထောင်သူ 1M ကျော်ရှိတဲ့ sleeping sound လေးတွေကို တိုက်ရိုက်နားထောင်တာပဲဖြစ်ဖြစ် download ချပြီးတာပဲဖြစ်ဖြစ် ညအိပ်ခါနီး အဆင်ပြေသလို နားထောင်နိုင်ပါတယ်။

ပင်လယ်ရေလှိုင်း ရိုက်ခံသံလေးတွေက နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်အောင် အထောက်အကူပြုတယ်။

မိုးဖွဲဖွဲလေးတွေရွာတဲ့ အသံက အကြောအချဥ်တင်းမာမှုတွေကို ပြေလျှော့စေကာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေပါတယ်။

ရှေးဟောင်းအလွမ်းအဆွေးဂီတသံလေးက နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်အောင် အထောက်အကူပြုတယ်။

ငြိမ်းချမ်းတဲ့သီချင်းလေးက စိတ်ပင်ပန်းနွမ်းနယ်တာတွေကို ပြေလျှော့စေပြီး အိမ်မက်လှလှမက်စေပါတယ်။

မိုးရွာတဲ့အသံလေးက မျက်လုံးမဖွင့်ချင်လောက်အောင် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေပါတယ်။

Comments

0 comments