Advertisement

ချစ်တို့ရေ အိမ်မှာနေရင်း အပျင်းထူမနေဘဲ ဒီလို လေ့ကျင့်ခန်းလေးတွေ တစ်နေ့ကို နာရီဝက်လောက် အချိန်ပေးပြီး လုပ်ပေးနော်။

Stay Home ကာလမှာ အိမ်မှာပဲ စားလိုက်သောက်လိုက်နဲ့ ဝိတ်တွေ တက်နေပြီလား။ ခုက အားကစားခန်းမတွေလည်း ပိတ်ထားဆဲဆိုတော့ အိမ်မှာပဲ ဝိတ်မတက်အောင် ထိန်းရတော့မှာလေနော်။ ဒါမှ အပြင်ပြန်ထွက်ရတဲ့အခါ လှလာမှာလေ။ ချစ်တို့ Stay Home နေရင်းနဲ့ ပေါ့ပေါ့ပါးပါး လေ့ကျင့်ခန်းတွေ လုပ်ရအောင်။

အိပ်ထ မ တင် လုပ်ပါ

မိန်းကလေးတစ်ယောက်မှာ ဝိတ်တက်လာပြီဆိုရင် အရင်ဆုံး သိသာတာက ဗိုက်ကအဆီ ဗိုက်ကအခေါက်ပါပဲ။ ဗိုက်ခေါက်တွေ ထွက်လာပြီဆိုရင် နေရထိုင်ရတာလည်း အဆင်မပြေလှသလို ဝတ်တဲ့အခါလည်း ချပ်ချပ်ရပ်ရပ် မဖြစ်နေဘူးလေ။ ဒီတော့ ဗိုက်ခေါက်အတွက် အဆီချရအောင် အိပ်ထ မ တင် လုပ်ပါ။ အိပ်ထ မ တင်ကို တစ်နေ့ (၁၅) ကြိမ် (၃) ကြော့လောက် လုပ်ပေးပါ။ နေ့တိုင်းနီးပါးလုပ်ပေးနော်။

https://www.shape.com.sg/

Plank ထောက်ပါ

ဘာပစ္စည်းအကူအညီမှ မလိုဘဲ လုပ်လို့ရတဲ့ လေ့ကျင့်ခန်းကတော့ Plank ထောက်ပါ။  Plank ထောက်တာက ခန္ဓာကိုယ်မှာ ရှိတဲ့ အဆီတွေ အကုန်ကျစေတဲ့အပြင် ကိုယ့်ရဲ့ ကိုယ်နေဟန်ထားကိုလည်း တည့်မတ်စေပါတယ်။ စက္ကန့်နည်းနည်းလေး ထောက်နိုင်ရင်တောင် လက်မလျှော့လိုက်ပါနဲ့။ Plank ထောက်ဖို့အတွက် အရင်ဆုံး ကြမ်းပြင်မှာ ထောက်ပြီး ခြေဖျားထောက်ပါ။ တံတောင်ဆစ်ကို အားယူပြီး ခန္ဓာကိုယ်ကို ကြမ်းပြင်ကနေ ဆွဲမပါ။ (၃) စက္ကန့်လောက် ထောက်ထားနိုင်ရင်ကို အတော်လေး အဆင်ပြေပါပြီ။

ဒိုက်ထိုးပါ

ဒိုက်ထိုးတာကို မိန်းကလေးတွေ မလုပ်ရဘူးလို့ မထင်နဲ့နော်။ လုပ်ဖို့ လိုပါတယ်။ ဒိုက်ထိုးတာက တခြားအကူပစ္စည်းတွေ မလိုတာမလို့ အိမ်မှာပဲ လွယ်လွယ် လုပ်လို့ ရပါတယ်။ ကိုယ့်ရဲ့ လက်မောင်းအဆီ၊ ပေါင်အဆီ၊ ဗိုက်အဆီတွေကို ချစေတဲ့အပြင် လက်ပြင်ကိုင်းတာမျိုးတွေလည်း ပြေလျော့စေပါတယ်။

ဘေးစောင်း လေ့ကျင့်ခန်း

ဗိုက်အဆီတွေ ကျအောင် ချပြီးရင်တော့ ခါးဘေးအဆီတွေ ကျအောင် ချရပါမယ်။ ခါးဘေးဘက်က အဆီတွေ လျော့ဖို့အတွက် ခါးကို မတ်မတ်ရပ်ထားပါ။ ပြီးရင် ခါးကို ဘေးဘက်ကို ကိုင်းပြီး စောင်းချပါ။ ဘယ်ညာ တစ်ခါပြီးမှ တစ်လို့ ရေပါ။ သတိထားရမှာက ခါးပဲ ကိုင်းပါ။ ပခုံးကြီးတစ်ခုလုံး ဘေးကို လိုက်ကိုင်းတာမျိုး မလုပ်ပါနဲ့နော်။ ဒါမှ ဘေးအဆီတွေ ကျမှာပါ။

 

Tags: fitnesshealthstay home

Comments

0 comments