Advertisement

ခန္ဓာကိုယ်က မပင်ပန်းဘူးဆိုရင်တောင် စိတ်က ပင်ပန်းနေတာမျိုးလည်း ဖြစ်တတ်ပါတယ်။ စိတ်ပင်ပန်းလာပြီဆိုရင် စိတ်မရှည်တာတွေ အကောင်းမမြင်တာတွေ ဖြစ်လာတတ်ပါတယ်။

ချစ်တို့ရေ အလုပ်ကြောင့်ပဲဖြစ်ဖြစ် စိတ်ပင်ပန်းမှုတွေကြောင့်ပဲဖြစ်ဖြစ် ခန္ဓာကိုယ်က ပင်ပန်းလာတတ်တယ်။ ခန္ဓာကိုယ်ကလည်း ပင်ပန်းလာပြီဆိုရင် အနားယူဖို့ လိုအပ်ကြောင်း အချက်တွေ ပြတတ်ပါတယ်။ ခန္ဓာကိုယ်က အဲဒီလို အချက်ပြလာတဲ့အခါ အနားယူဖို့ လိုပါတယ်။ ဘယ်အချက်တွေ ဖြစ်မလဲ ဖတ်ကြည့်ရအောင်နော်။

ကောင်းကောင်းအိပ်မပျော်တာ

ချစ်တို့ရေ အိပ်တာက အနားယူတာပါပဲ။ တစ်နေ့တာ ပင်ပန်းသမျှတွေကို အိပ်စက်ခြင်းနဲ့ပဲ အနားယူလေ့ရှိကြတာမလား။ အဲ့တော့ ခန္ဓာကိုယ်က ပင်ပန်းလာပြီဆိုရင် ကောင်းကောင်းအိပ်မပျော်တာနဲ့ အချက်ပြပေးတတ်ပါတယ်။ အဲ့ဒီလိုမျိုး အချိန်မှာ အိပ်ပျော်အောင် သေချာကြိုးစားကြရပါမယ်။ အလုပ်တွေချည်းပဲ တောက်လျောက်လုပ်ပြီး အချိန်ပြည့် ဦးနှောက်ကို အလုပ်ပေးနေတာကလည်း ပင်ပန်းစေနိုင်ပါတယ်။

ခဏတော့ အနားယူပါ

ခဏတော့ အနားယူပါ

 

အစားစားချင်စိတ်နည်းလာတာ

ချစ်တို့ရေ အစားစားချင်စိတ် ကုန်ခမ်းလာတာ ခံတွင်းပျက်လာတာကလည်း ခန္ဓာကိုယ် ပင်ပန်းနေတဲ့ အချက်တွေထဲက တစ်ချက်ပါပဲ။ စိတ်ပင်ပန်း ကိုယ်ပင်ပန်းလာတဲ့အခါ ခန္ဓာကိုယ်ရဲ့ အစာခြေစနစ်ကို နှောင့်နှေးစေပါတယ်။ အစားပုံမှန် မစားတာ အချိန်မမှန်တာတွေက်လည်း ကျန်းမာရေးထိခိုက်စေတဲ့အချက်တစ်ချက်မလို့ အဲဒီလို လက္ခဏာတွေ ပြလာရင် သေချာပေါက် အနားယူပါ။

တစ်ယောက်တည်း နေချင်လာတာ

တစ်ယောက်တည်းနေချင်ကြတဲ့ အကြောင်းအမျိုးမျိုး ရှိတတ်ကြပေမယ့် ဘယ်သူနဲ့မှ စကားမပြောချင်တော့ဘဲ တိတ်တိတ်လေး နေချင်လာတာ၊ အများနဲ့ စကားပြောဖို့ကို စိတ်ပင်ပန်းလာနေပြီဆိုရင်တော့ ခဏလောက် အနားယူဖို့ လိုအပ်ပါတယ်။ ဘယ်လိုအလုပ်တွေပဲ လုပ်လုပ် စိတ်မပါ လက်မပါဖြစ်ပြီး တစ်ယောက်တည်းပဲ အဝေးကြီးကို ထွက်သွားချင်တဲ့စိတ်တွေ ဖြစ်လာတာမျိုးဆိုရင်လည်း အနားယူဖို့ လိုပါတယ်။

နေမကောင်းတာ

ချစ်တို့ရေ ခဏခဏ ကိုယ်ပူတာ ဖျားတာ ကိုယ်လက်ကိုက်ခဲတာနဲ့ ခန္ဓာကိုယ် နေရာအနှံ့က တစ်ခုပြီးတစ်ခု ဖြစ်နေတာကလည်း အနားယူဖို့ အချက်ပြနေတဲ့ လက္ခဏာတွေထဲက တစ်ခုပါနော်။ ကိုယ့်ခန္ဓာကိုယ်က ကျန်းမာရေး မကောင်းနေဘူးဆိုရင် ဘာမှမလုပ်ဘဲ (၁) ရက်လောက် ဖြစ်ဖြစ် အနားယူလိုက်ပါ။

အစားစားချင်စိတ်နည်းလာတာ

အစားစားချင်စိတ်နည်းလာတာ

 

စိတ်မရှည်တာနဲ့ အကောင်းမမြင်တာ

ချစ်တို့ ခန္ဓာကိုယ်က မပင်ပန်းဘူးဆိုရင်တောင် စိတ်က ပင်ပန်းနေတာမျိုးလည်း ဖြစ်တတ်ပါတယ်။ စိတ်ပင်ပန်းလာပြီဆိုရင် စိတ်မရှည်တာတွေ အကောင်းမမြင်တာတွေ ဖြစ်လာတတ်ပါတယ်။ ကိုယ့်ပတ်ဝန်းကျင်က လူတွေကို အော်ငေါက်ပစ်တာ၊ အလိုလို ဒေါသထွက်နေတာမျိုးနဲ့ အကောင်းမြင်စိတ် နည်းလာတာမျိုးတွေက ပင်ပန်းနေတဲ့ လက္ခဏာတွေပါပဲ။ အဲဒီလိုဆိုရင် အချိန်ခဏလောက် အနားယူဖို့ လိုပါတယ်။

ချစ်တို့ရေ အနားယူဖို့ လိုအပ်နေလားသိနိုင်ဖို့ ကိုယ့်ခန္ဓာကိုယ်မှာ ဘယ်အချက်တွေ ပြနေလဲ ဖတ်ကြည့်ပါဦးနော်။

 

Tags: healthwellness

Comments

0 comments