Advertisement
လက်ဖက်ရည်နဲ့ ကော်ဖီ ဘယ်တစ်ခုက ကျန်းမာရေးအတွက် ပိုကောင်းစေလဲ ?

လက်ဖက်ရည်နဲ့ ကော်ဖီက ကျန်းမာရေးအတွက် ကောင်းစေတာ အတူတူပါပဲ။ ကြိုက်နှစ်သက်တဲ့ သူတွေအတွက် ရွေးချယ်ဖို့လဲ ခက်ခဲမယ် မထင်ပါဘူးနော်။ ဒါပေမဲ့ နှစ်မျိုးလုံးကို ကြိုက်တဲ့သူတွေအနေနဲ့တော့ ဘာကိုသောက်လို့ သောက်ရမှန်း မသိပဲ စဥ◌်းစားတတ်ကြပါတယ်။ ဒါကြောင့် ကော်ဖီနဲ့ လက်ဖက်ရည်မှာ ဘာတွေ ခြားနားလဲဆိုတာ ပြောပြပေးချင်ပါတယ်နော်။

ကိုယ့်ရဲ့စွမ်းအင်ကို မြှင့်တင်လိုရင်

လက်ဖက်ရည်နဲ့ ကော်ဖီ နှစ်မျိုးလုံးမှာ ကဖိန်းဓါတ် ပါဝင်ပါတယ်။ ဒါပေမဲ့ အလုပ်မှာ တနေ့တာလုံး တက်တက်ကြွကြွနေချင်ရင်တော့ မနက်ခင်းမှာ ကော်ဖီသောက်ပေးတာ ကောင်းပါတယ်။ အမျိုးမျိုးသော ကဖိန်းဓါတ် ပါဝင်မှု ကွာပြားပေမဲ့လည်း ပုံမှန် လက်ဖက်ရည်တခွက်မှာ ကဖိန်းဓါတ် ၁၄-၇၀ မီလီဂရမ်ခန့် ပါဝင်ပါတယ်။ ပုံမှန် ကော်ဖီတခွက်မှာတော့ ၆၅-၁၅၀ မီလီဂရမ်ခန့် ပါပါတယ်။ ဒါကြောင့် ကဖိန်းဓါတ်များတာဟာလည်း ပြဿနာတစ်ခု ဖြစ်စေနိုင်ပါတယ်။

ကိုယ့်မှာ အစာအိမ်ရောဂါ ရှိတယ်ဆိုရင်

ကော်ဖီက လက်ဖက်ခြောက်ထက် အက်စစ်ဓါတ် ပိုများပါတယ်။ အစာအိမ် ဒါမှမဟုတ် အစာခြေပြဿနာများ ရှိရင်တော့ လက်ဖက်ရည်သောက်တာ ပိုကောင်းပါတယ်။ လက်ဖက်ခြောက်တွေမှာ အချဥ◌်ဓါတ် ပါဝင်ပေမဲ့ Chamomile Tea လိုမျိုး အစာအိမ်ကို သက်သာစေတဲ့ လက်ဖက်ခြောက်တွေ ရှိပါတယ်။

သွေးထဲမှာ သကြားဓါတ်များနေရင်

သွေးထဲမှာ သကြားဓါတ် များနေရင်တော့ ကော်ဖီက သကြားပမာဏကို လျှော့ချပေးပြီး အင်ဆူလင်အသုံးပြုမှု ပိုမိုများပြားတယ်လို့ သိရပါတယ်။ လေ့လာမှုတွေအရ တစ်နေ့ကို ကော်ဖီ သုံးခွက်မှ ငါးခွက်ခန့် သောက်ပေးတာက အမျိုးအစား ၂ ဆီးချိုရောဂါ ဖြစ်နိုင်ချေကို လျှော့ကျစေပါတယ်တဲ့။ မိသားစုထဲမှာ ကင်ဆာဖြစ်ဖူးတဲ့ ရာဇဝင်ရှိရင်တော့ ကော်ဖီကို ရွေးချယ်သောက်သုံးတာ ပိုကောင်းပါတယ်နော်။

ကိုယ်အလေးချိန် ကျဆင်းနေတယ်ဆိုရင်

အစားအသောက်စားရင် လက်ဖက်ရည်နဲ့ဆို ပိုသင့်တော်ပါတယ်။ ဒါပေမဲ့ ချွေးထုတ်ပြီး ကိုယ်တွင်းမှာ ရှိတဲ့ အဆီတွေကို လောင်ကျွမ်းစေချင်ရင်တော့ ကော်ဖီသောက်ပေးလို့ရပါတယ်။ ကော်ဖီက စွမ်းအင်ကို မြှင့်တင်ပေးရုံသာမက ဇီဝဖြစ်ပျက်မှုကိုလည်း ကူညီပေးပါတယ်။

Tags: advicecoffeetea

Comments

0 comments