Advertisement

 ဝိတ်ချနေတယ်ဆိုရင်တော့ တကယ် ဝိတ်ကျသွားဖို့ လိုတယ်နော်။ အပြောနဲ့သာ ဝိတ်တွေကျနေတာ ပေါင်ချိန်စက်ပေါ် တက်လိုက်လို့ ဒုံရင်းဆိုရင်တော့ အကူအညီတွေ လိုပြီပေါ့။

ဝိတ်ကျဖို့အတွက် ကိုယ့်ကို အကူအညီပေးမယ့် အရာလေးတွေက ဘယ်ဟာဖြစ်မလဲ ဖတ်ကြည့်ရအောင်။

(photo: sohu.com)

Goals သေးသေးလေး ထားပါ

ဝိတ်မြန်မြန်ကျဖို့အတွက် ကိုယ့်စိတ်ထဲမှာ ရည်မှန်းထားတာမျိုး ရှိမှာ သေချာပါတယ်။ ပေါင်နှစ်ဆယ်ကျရမယ်၊ Six packs ရရမယ် အစရှိသလိုပေါ့။ ဒါပေမယ့် အဲဒီလိုမျိုး ဖြစ်ဖို့က တစ်လတည်းနဲ့ မပြေဘူးလေ။ ဆော့ပြီး ကိုယ်လိုချင်တာကြီး ချက်ချင်းမရတော့ ဝိတ်ချဖို့ စိတ်ညစ်မိတာမျိုး ဖြစ်လာတာပေါ့။ အဲဒီတော့ Goals ကို သေးသေးလေးပဲ ထားပါ။ ဥပမာ- တစ်ပတ်ကို (၃) ပေါင် ချမယ်ဆိုတာမျိုးပေါ့။ တပတ်ပြီးမှ တပတ်ဆိုရင် လူလည်း ပိုပြီးအားရှိမှာပါ။

ကိုယ့်လိုသူငယ်ချင်းရှိပါစေ

ကိုယ့်လိုမျိုး ဝိတ်ချမယ်လို့ စိတ်ကူးထားတဲ့ သူငယ်ချင်း ရှိရင် အကောင်းဆုံးပါ။ ဒါမှ ဝိတ်ချမယ့် နည်းလမ်းတွေအကြောင်း စိတ်ဝင်တစားနဲ့ တိုင်ပင်လို့ ရမှာလေနော်။ ကိုယ့်လိုသူငယ်ချင်း ရှိတဲ့အခါကျတော့ ကိုယ်ပြောမယ့် ဝိတ်ကျနည်းလမ်းစဉ်တွေနဲ့ ပတ်သက်ပြီး စိတ်ဝင်စားပေးမယ့်အပြင် အတူတူ ဂျင်ဆော့တာ၊ အစားအသောက် ရှောင်တာတွေလည်း လုပ်လို့ရတယ်လေ။

(photo: shuttestock)

Activities တွေကို တိုးပြီးတော့ လုပ်ပါ

ဝိတ်ကျဖို့ ကြိုးစားနေတယ်ဆိုရင်တော့ ကိုယ်တစ်နေ့ လုပ်နေတဲ့ လေ့ကျင့်ခန်းတွေကို ဖြည်းဖြည်းချင်းတိုးသွားဖို့ လိုတယ်နော်။ ဆိုလိုတာက ဒီတပတ် အိပ်ထမတင် (၅၀) လုပ်တယ်ဆိုရင် နောက်တပတ်မှာ (၇၀) လုပ်မယ်ပေါ့။ အဲဒီလိုမျိုးလေးတွေ တိုးပါ။ နောက်ပြီး လေ့ကျင့်ခန်း အမျိုးအစားတွေ တိုးပြီးတော့လည်း လုပ်ပါ။

(photo: health)

Metabolism

ကိုယ့်ရဲ့ အစာအိမ်လမ်းကြောင်း၊ အူလမ်းကြောင်းနဲ့ ဝမ်းသွားတာပုံမှန်ဖြစ်ဖို့တွေလည်း ဂရုစိုက်ဖို့ လိုပါတယ်နော်။ ဇီဝဖြစ်စဉ်ကောင်းလေ ဝိတ်ကျဖို့အတွက် အထောက်အကူ ဖြစ်လေပါပဲနော်။ Metabolism ကောင်းဖို့အတွက် ရေများများသောက်တာမျိုး လုပ်ဖို့ လိုသလို အာဟာရ မှန်မှန်သေချာ စားဖို့လည်း လိုပါတယ်။ ဒါမှ ဝိတ်အမြန်ကျဖို့ အစားအစာတွေက အထောက်အကူဖြစ်မှာပါ။ အစားမစားခင် ရေသောက်တာက အစားစားချင်စိတ်ကို နည်းစေတာမို့ ထမင်းမစားခင် (၁) နာရီလောက်မှာ ရေတခွက်လောက် သောက်တာမျိုး လုပ်ပါ။

စိတ်မလျှော့ပါနဲ့

ဝိတ်ကျသွားစေဖို့ ကိုယ့်ကို အကောင်းဆုံး ကူညီပေးမယ့်အရာကတော့ စိတ်အားတင်းထားတာပါပဲ။ စိတ်လျှော့လိုက်တာက ဝိတ်ကျဖို့အတွက် နှောင့်နှေးစေတယ်လေ။ နေ့တိုင်း ဖြည်းဖြည်းချင်းသာ ကြိုးစားပါ။ ဝိတ်ကျကို ကျရမယ်လို့ စိတ်အားတင်းထားပါနော်။

 

Comments

0 comments
Advertisement