Advertisement

 အရေးပေါ်တားဆေးဆိုတဲ့အတိုင်း အရေးပေါ်မှသာ သုံးပါ။ ဒါပေမယ့် ကိုယ်သောက်မယ့် ဆေးအကြောင်း အပြည့်အစုံ သိထားဖို့ လိုပါတယ်နော်။

အရွယ်ရောက်လာတဲ့အခါ  လိင်မှုဆက်ဆံခြင်းဆိုတာ ရှိလာမှာပါပဲ။ ဒီအခါမှာ တစ်ဆက်တည်း ထည့်စဥ◌်းစားရမှာက သားဆက်ခြားနည်းပါပဲ။ ကိုယ်က ကိုယ်ဝန်ယူဖို့ စိတ်ကူးမရှိဘူးဆိုရင်တော့ သားဆက်ခြားနည်းတွေနဲ့ ပတ်သက်ပြီး စီစဥ◌်ထားရမှာပါ။ သားဆက်ခြားနည်း(ကိုယ်ဝန်တားနည်း)တွေကလည်း အမျိုးမျိုး ရှိတာမလို့ အဲဒီထဲကမှ တစ်ခုဖြစ်တဲ့ အရေးပေါ်တားဆေးအကြောင်း ပြောပြပေးလိုက်ပါတယ်။

အရေးပေါ်တားဆေးကို ဘယ်အချိန်မှာ သောက်သင့်သလဲ

အရေးပေါ်တားဆေးဆိုတာ တကယ့်ကို အရေးပေါ်တဲ့ အချိန်မှာ သုံးသင့်တဲ့ ဆေးဖြစ်ပြီး နေ့စဥ◌်သောက်ဆေးကတ် သောက်ဖို့ မေ့တာမျိုး၊ ကွန်ဒုံးနဲ့ ဆက်ဆံပေမယ့် ပေါက်ပြဲသွားတဲ့ အခါမျိုး၊ ကိုယ်ဝန်ရရှိသွားနိုင်တဲ့ ဆက်ဆံခြင်း အခြေအနေတွေမှာ သောက်သင့်ပါတယ်။

ဘယ်လို သောက်ရမလဲ

အရေးပေါ်တားဆေးတွေက ဆက်ဆံပြီးနောက်မှ သောက်ရမှာပါ။ မဆက်ဆံခင် ကြိုသောက်ထားလို့ မရပါဘူး။ မဆက်ဆံရင် ကြိုသောက်ရင် ကိုယ်ဝန် မတားပေးပါဘူး။ အရေးပေါ်တားဆေးသောက်တာကတော့ ကိုယ်ရွေးချယ်တဲ့ ဆေးကုမ္ပဏီပေါ်မှာ မူတည်ပြီး (၇၂) နာရီအတွင်း သောက်ရတဲ့ စေ◌ျးရှိသလို နာရီ(၁၂၀) အတွင်း သောက်ရတဲ့ ဆေးလည်း ရှိပါတယ်။ ဒါကတော့ ဆေးအညွှန်းမှာ ပါပါတယ်။ ဆေးသောက်ရမယ့် ပုံစံကတော့ ဆက်ဆံပြီးနောက် စောနိုင်သမျှ စောစော သောက်ရမှာပါ။ ဆက်ဆံချိန်နဲ့ ဆေးသောက်ချိန် ဝေးလေ ကိုယ်ဝန်တားပေးနိုင်တဲ့ အာနိသင် လျော့လေပါပဲ။ တစ်ကြိမ် ဆက်ဆံလိုက် အရေးပေါ်တားဆေး တစ်ခါသောက်လိုက် မဟုတ်ဘဲ ဆက်ဆံပြီးမှသာ ဆေးကို တစ်ကြိမ်သောက်ရမှာပါ။ တစ်ခု သတိထားရမှာက ဆက်ဆံချိန်နဲ့ ဆေးသောက်ချိန် မဝေးဖို့ပါ။ တချို့ဆေးတွေမှာတော့ တစ်ကတ်ကို (၂) လုံးပါပြီး တချို့ဆေးတွေမှာတော့ တကတ်ကို (၁) လုံးပဲ ပါပါတယ်။ (၂) လုံးပါရင် (၂) လုံးလုံး သောက်ပါ။ အရေးပေါ်တားဆေး သောက်ပြီး (၂) နာရီအတွင်း အန်တယ်ဆိုရင် ထပ်သောက်ဖို့ လိုပါတယ်။

အရေးပေါ်တားဆေး သောက်ပြီးရင် ဘာတွေခံစားရနိုင်လဲ

အရေးပေါ်တားဆေး သောက်ပြီးပြီဆိုရင် သူ့မှာ ဟော်မုန်းပါလို့ ပျို့အန်ချင်တာ၊ခေါင်းကိုက်တာ ခေါင်းမူးတာ၊ ကိုယ်လက် မအီမသာ ဖြစ်တာ၊ ဗိုက်အောင့်တာမျိုး ဖြစ်တတ်ပါတယ်။ မခံနိုင်အောင် ဖြစ်ရင်တော့ ဆေးခန်းသွားဖို့ လိုပါတယ်။

နောက်တစ်ခုကတော့ သူက ဟော်မုန်းပါလို့ ရာသီပုံမှန်လာနေကျ ရက်ထက် စောလာတာ နောက်ကျနေတာ ရာသီသွေးဆင်းတာ နည်းတာ များတာတွေ ဖြစ်တတ်ပါတယ်။ အရမ်းစိတ်မပူပဲ ရာသီလာရက်ကို စောင့်ကြည့်ပါ။

ကိုယ်ဝန် ရှိသွားပြီလား ဘယ်လိုသိနိုင်မလဲ

အရေးပေါ်တားဆေး သောက်ပြီးနောက် ဒါမှမဟုတ် နောက်ဆုံး ဆက်ဆံပြီးနောက်မှာ ရာသီလာတယ်ဆိုရင် ကိုယ်ဝန် မရှိပါဘူးနော်။ နောက်ဆုံး ဆက်ဆံပြီးနောက် (၁၅) ရက်ကနေစပြီး ချစ်တို့ ဆီးစစ်တံနဲ့ ဆီးစစ်ကြည့်လို့ ရပါတယ်။ ဒီနည်းလမ်း(၂) မျိုးနဲ့ ကိုယ်ဝန် ရှိလား မရှိလား စစ်ဆေးနိုင်ပါတယ်။

 

Comments

0 comments