ကန်စွန်းရွက်ဆိုတာ အလွယ်တကူနဲ့ ဝယ်ယူလို့ ရနိုင်ပြီး အိမ်တွေတိုင်းလဲ နေ့တိုင်းမပါမဖြစ်ဆိုသလို နေ့တိုင်းနီးပါး စားကြတဲ့အရွက်ပါနော်။ ကန်စွန်းရွက်ကို ကြော်စားစား၊ ပြုတ်စားစား၊ သုပ်စားစား၊ ချဥ◌်ရည်ဟင်းချက်စားစား အရမ်းစားကောင်းတာမို့ ကန်စွန်းရွက်စားရင် ဘာတွေကိုယ်ခန္ဓာကိုယ်အတွက် ဘာတွေကောင်းစေလဲဆိုတာ ပြောပြပေးချင်ပါတယ်။

ကန်စွန်းရွက်မှာ ဗီတာမင် အေ ပါဝင်ပြီး ဗီတာမင် အေက မျက်စိအာရုံကို ကောင်းမွန်စေပါတယ်။ ကန်စွန်းရွက်ကို စာသုံးခြင်းဖြင့် ကိုလက်စထရော ကျစေခြင်းနဲ့ ခန္ဓာကိုယ်အလေးချိန်ကျစေဖို့ ကို အထောက်အကူပြုပါတယ်။
ကန်ဇွန်းရွက်မှာ ဗီတာမင်အေ၊ ဗီတာမင်စီ၊ မဂ္ဂနီစီယမ်ဓာတ်၊ အမျှင်ဓာတ်၊ သံဓာတ်နဲ့ ရေဓာတ် စတဲ့ ကျန်းမာရေးအတွက် အထောာက်အကူ ဖြစ်စေတဲ့ ဗီတာမင်ဓါတ် များစွာပါဝင်ပါတယ်။
ကန်စွန်းရွက်မှာ ရေဓါတ်များများ ပါဝင်တာကြောင့် ဆီးသွားစေဖို့ အထောက်အကူပြုစေပါတယ်။ ကျောက်ကပ်ရောဂါ ရှိလို့ ဆီးသွားရာတွင် ပြဿနာတွေ ရှိနေတယ်ဆိုရင်လည်း ကန်စွန်းရွက် စားပေးလို့ ရတယ်လို့ သိရပါတယ်။ ဒါကြောင့် လက်တကမ်းမှာ အလွယ်တကူ ရရှိ စားသောက်နိုင်တဲ့ ကန်စွန်းရွက် မပါမဖြစ် စားပေးပါလို့ တိုက်တွန်းလိုက်ပါတယ်နော်။
Comments