Advertisement

 ကိုယ်လုပ်သမျှ လေ့ကျင့်ခန်းတွေ ထိရောက်ပြီး သိသာချင်တယ်ဆိုရင် အခုပြောပြထားတဲ့ အချက်တွေ မမေ့နဲ့နော်။ သေချာလိုက်လုပ်ပေးရင် ကိုယ်လိုချင်တဲ့ ခန္ဓာကိုယ်လေး အမြန်ရမှာပါ

Gym တွေဆော့၊ Cardio တွေဆော့ပြီး တကယ်တမ်းကျ ထင်သလောက် မထိရောက်သလို ခံစားမိလာတတ်တယ်နော်။ ဆော့သာဆော့နေတာ တကယ်ရော ဝိတ်ကျရဲ့လား၊ ဝိတ်တက်လာရဲ့လားပေါ့။ အပင်ပန်းခံ ဆော့ပြီးမှ မထိရောက်ဘူးဆိုရင်လည်း မောတာပဲ အဖတ်တင်မယ်လေနော်။ ဒီလိုမဖြစ်ချင်ဘူးဆိုရင်တော့ လေ့ကျင့်ခန်း လုပ်တဲ့အခါ သတိထားရမှာတွေ ရှိပါတယ်။ ကိုယ့်ရဲ့ Workout တိုင်းကို ထိရောက်စေမယ့် နည်းတွေပေါ့။

ကိုယ်တကယ်ကြိုက်မှ ဆော့ပါ

လေ့ကျင့်ခန်းတွေ ထိရောက်ဖို့ဆိုရင် ကိုယ့်စိတ်က တကယ်ကြိုက်ဖို့ လိုပါတယ်။ ကိုယ်က ဇွန်ဘားကရတာကို မကြိုက်ဘဲ ကနေရတယ်ဆိုရင်တော့ ထိရောက်မှုအားနည်းနိုင်တယ်နော်။ ဘာလို့လဲဆိုတော့ စိတ်ကမှ မကြိုက်နေဘူးဆိုတော့ သေချာလည်း မလိုက်လုပ်ဖြစ်ဘဲ တရက်ပျက်လိုက် တရက်ဆော့လိုက်ပဲ ဖြစ်နေတတ်တာကြောင့်ပါ။

(photo: nrp)

ဖုန်းနဲ့ ဝေးဝေးမှာနေပါ

ချစ်တို့ရေ ဂျင်တော့သွားပါရဲ့၊ ဓါတ်ပုံရိုက်ပြီးပြန်လာတယ်ဆိုတာမျိုးကတော့ လုံးဝမထိရောက်ဘူးနော်။ ဒီတော့ ဂျင်ခန်းမတွေဆီ သွားဆော့တဲ့အခါ ဖြစ်ဖြစ် အိမ်မှာ ဆော့တဲ့အခါဖြစ်ဖြစ် ဖုန်းကြည့်တာတွေ၊ သုံးတာတွေ မလုပ်ပါနဲ့။ မဟုတ်ရင် လေ့ကျင့်ခန်းလုပ်တဲ့ဆီ ရောက်မှာ မဟုတ်တော့ဘူးနော်။

ဝိတ်တုံးတွေကို မကြောက်ပါနဲ့

တချို့ကောင်မလေးတွေက ဝိတ်တုံးတွေ မ မချင်ကြဘူးနော်။ တကယ်တော့ ကြွက်သားတက်အောင် ဆော့မယ်ဆိုရင် ဝိတ်တုံးတွေ မဖို့ လိုပါတယ်။ Trainer ခိုင်းတဲ့အတိုင်း လုပ်ဖို့ မမေ့ပါနဲ့။ ဒါမှ ထိရောက်တဲ့ လေ့ကျင့်ခန်းလုပ်နည်းတွေ လုပ်ဖြစ်မှာပါ။

တကိုယ်လုံးကို အာရုံစိုက်ပါ

ချစ်တို့ရေ ကိုယ့်ခန္ဓာကိုယ်ရဲ့ ဘယ်နေရာကို အဓိက ဝိတ်ကျချင်တယ်၊ ဝိတ်တက်စေချင်တယ်ဆိုပြီး ရှိမှာပါ။ ဒါပေမယ့် တကိုယ်လုံးကို အချိုးညီအောင် ဆော့ပါ။ တစ်နေရာတည်း ကျချင်လို့၊ တက်ချင်လို့ ကွက်ပြီးဆော့တာမျိုး မလုပ်ပါနဲ့။ ဘယ်နေရာကိုမှ မထိရောက်တော့တာမျိုး ဖြစ်တတ်တာကြောင့်ပါ။ ခန္ဓာကိုယ်တစ်ခုလုံး ဂရုစိုက်ပါ။

(photo: freepik)

နားတာ

လေ့ကျင့်ခန်း ဘယ်လောက်ကြာကြာ လုပ်လဲမေးရင်တော့ နာရီနဲ့ချီပြီး ကြာတယ်၊ ဒါပေမယ့် တကယ်တမ်း လုပ်တဲ့အချိန်က (၁၅) မိနစ်လောက်ပဲဆိုရင် ဘယ်ထိရောက်ပါ့မလဲ။ အဲဒီတော့ လေ့ကျင့်ခန်း တစ်ခုနဲ့တစ်ခုကြားမှာ အကြာကြီးနားတာမျိုး မလုပ်ပါနဲ့။ ထိရောက်အောင် အချိန်ကအစ သေချာဆော့ပါ။

(photo: freepik)

Limit ထားပါ

ချစ်တို့ရေ လေ့ကျင့်ခန်း လုပ်သမျှ ထိရောက်ဖို့ဆိုတာ ကိုယ်ရဲ့ တစ်နေ့တာ လုပ်ဆောင်သမျှတွေ မျှတနေဖို့ လိုတယ်နော်။ အစားအသောက်တွေ Limit လုပ်ဖို့ လိုသလို ကိုယ့်ရဲ့ခန္ဓာကိုယ်ကို ဘယ်လောက်အနေအထားထိ လိုချင်တယ်ဆိုပြီး သတ်မှတ်ထားဖို့ လိုပါသေးတယ်။

ရေသောက်ပါ

ကိုယ်လုပ်သမျှ လေ့ကျင့်ခန်းတွေ ထိရောက်ချင်တယ်ဆိုရင် ရေသောက်ဖို့လည်း မမေ့ပါနဲ့ဦး။ ခန္ဓာကိုယ်မှာ လိုအပ်တဲ့ ရေဓါတ်ရနေမှ ကျန်းမာမှာ ဖြစ်သလို ကယ်လိုရီတွေလည်း ပိုလောင်ကျွမ်းနိုင်မှာပါ။

 

Tags: workout်fitness

Comments

0 comments
Advertisement