Advertisement

စိတ်မရှည်တော့ရင် ကိုယ့်ရဲ့ ဝိတ်ကျရေး အစီအစဥ◌်ကြီး ပျက်သွားနိုင်ပါတယ်။ ဝိတ်ကျမယ့် plan တွေကိုသာ တစိုက်မတ်မတ်လုပ်မယ်ဆိုရင် ဘာတွေလိုမလဲ

ချစ်တို့ရေ ဝိတ်ချတော့မယ်လို့ တွေးပြီလား။ ဝိတ်ချတော့မယ်လို့ တွေးလိုက်ပြီဆိုတာနဲ့ ဝိတ်ချဖြစ်အောင် စီစဥ◌်ဖုိ့ လိုသလို သိထားသင့်တာတွေလည်း ရှိပါတယ်။ ဝိတ်ချတဲ့အခါ လုပ်သင့်တဲ့ အချက်တွေနဲ့ ရှောင်ရမယ့် အချက်တွေပေါ့။ ချစ်တို့ ဝိတ်ချရေး လမ်းစဥ◌်ကြီး အောင်မြင်အောင်ဖတ်ထားသင့်တယ်နော်။

စိတ်အလိုမလိုက်ပါနဲ့

ဒီနေ့လေးပဲ စားမှာပါ နောက်ရက်တွေဆို မစားတော့ဘူးဆိုပြီး ကိုယ့်စိတ် ကိုယ့်ဗိုက်ကို အလိုလိုက်နေရင်တော့ ဘယ်လိုနည်းနဲ့မှ ဝိတ်မကျပါဘူး။ ဒီတော့ စားချင်နေတဲ့ စိတ်လေးနဲ့ ခဏခဏ ဆာနေတဲ့ ဗိုက်ကို လုံးဝအလိုမလိုက်ဖို့ လိုပါတယ်။ ဝိတ်ကျဖို့ဆိုတာ ကိုယ်စားတဲ့ အစားအသောက်တွေနဲ့ အများကြီး သက်ဆိုင်တာမလို့ အစားစားချင်စိတ်ကိုလည်း ထိန်းချုပ်ဖို့ လိုပါတယ်။

ကောက်ရိုးမီး မလုပ်ပါနဲ့

ခဏတော့ ဝိတ်ချမှ ဖြစ်မယ် ဝိတ်ကျအောင် နည်းမျိုးစုံနဲ့ ကြိုးစားပေမယ့် ရေရှည်မဟုတ်ဘဲ ကောက်ရိုးမီးလို တပတ်လောက်နေရင် ဘာမှ ဆက်မဖြစ်တော့တာမျိုး လုပ်တတ်ကြပါတယ်။ တကယ်တမ်း ဝိတ်ချမယ်လို့ စဥ◌်းစားထားရင်တော့ ကောက်ရိုးမီး လုပ်လို့ မရပါဘူး။ ကာလတိုတိုအတွက် မကြည့်ဘဲ ကိုယ်တကယ် လိုက်လုပ်နိုင်မယ့် plan ကိုပဲ ‌ရေရှည်အတွက်စဥ◌်းစားပြီး ဝိတ်ချပါ။

လေ့ကျင့်ခန်းတွေ အလွန်အကျွံ မလုပ်ပါနဲ့

ချစ်တို့ရေ လေ့ကျင့်ခန်း လုပ်တဲ့အခါမှာလည်း ချက်ချင်းမြန်မြန်ကျအောင် လေ့ကျင့်ခန်းတွေ အများကြီး တထိုင်တည်း မလုပ်ပါနဲ့။ အဲဒီလို အများကြီး အလွန်အကျွံ လုပ်တာက ချစ်တို့အတွက် ခန္ဓာကိုယ်တွေ နာကျင်စေပြီး ရေရှည် လေ့ကျင့်ခန်း လုပ်ချင်စိတ်ကို ပျောက်စေပါတယ်။ ဒီတော့ ချစ်တို့အနေနဲ့ လေ့ကျင့်ခန်းကို ဖြည်းဖြည်းနဲ့ ပုံမှန်ပဲ လုပ်သွားပါ။

လေ့ကျင့်ခန်းတွေ အလွန်အကျွံ မလုပ်ပါနဲ့

လေ့ကျင့်ခန်းတွေ အလွန်အကျွံ မလုပ်ပါနဲ့

စိတ်ဓါတ်ကျတာ

ဝိတ်ချတာ တစ်လပဲ ရှိသေးတယ် ထူးထူးခြားခြား မကျလာလို့ဆိုပြီး စိတ်ဓါတ်တွေ မကျပါနဲ့။ ခဏခဏ ပေါင်ချိန်နေတာမျိုးလည်း မလုပ်ပါနဲ့။ ချနေတာလည်း ဝိတ်က မကျလာဘူးဆိုပြီး စိတ်မရှည်တော့ရင် ကိုယ့်ရဲ့ ဝိတ်ကျရေး အစီအစဥ◌်ကြီး ပျက်သွားနိုင်ပါတယ်။ ဝိတ်ကျမယ့် plan တွေကိုသာ တစိုက်မတ်မတ်လုပ်မယ်ဆိုရင် ဝိတ်ကျလာမှာမလို့ စိတ်ဓါတ်မကျလိုက်ပါနဲ့။

ဆေးတွေမသောက်ပါနဲ့

ဆေးတွေမသောက်ပါနဲ့

ဆေးတွေမသောက်ပါနဲ့

ချစ်တို့ရေ ဝိတ်ချတဲ့အခါမှာ ဆရာဝန်မညွှန်ကြားတဲ့ ဆေးတွေ မသောက်မိဖို့ လိုပါတယ်။ ဝိတ်ချမယ်ဆိုရင် အစားအသောက်ထိန်းဖို့နဲ့ လေ့ကျင့်ခန်း လုပ်ဖို့ကိုသာ အဓိက ထားပြီး လုပ်ဆောင်ပါ။ အဲဒါမှသာ ကျန်းမာရေး မထိခိုက်ဘဲ ဝိတ်ကျနိုင်မှာပါ။

ချစ်တို့ရေ ဝိတ်ချတော့မယ်ဆိုတဲ့ မဟာအစီအစဥ◌်ကြီး ဆွဲပြီးပြီဆိုရင်တော့ မပျက်သွားအောင် ဒီအချက်လေးတွေ သိထားဖို့ လိုတယ်နော်။

Tags: fitnessweight

Comments

0 comments