Advertisement

စ◌ပျစ်သီးက တခြားအသီးတွေထက်စာရင် သကြားပါဝင်နှုန်းမြင့်တယ်။ လူကြိုက်များတဲ့ အသီးဖြစ်ပေမယ့်လည်း နေ့တိုင်းတော့ မစားသင့်ဘူး။

စပျစ်သီးက အရသာရှိတဲ့ အသီးဖြစ်ပြီး ဗီတာမင်ဓါတ်တွေ အများကြီးပါတယ်။ စပျစ်သီးရဲ့ အားသာချက်က ၁၂ ရာသီပတ်လုံးဝယ်လို့ရတဲ့အပြင် အမျိုးအစားပေါ်မူတည်ပြီး စေ◌ျးနှုန်းတွေလည်း ကွာခြားတယ်။ အများဆုံးတွေ့မြင်ရတာကတော့ စပျစ်သီး အစိမ်းရောင်နဲ့ အညိုရောင်ပါ။  အနံ့အရသာကတော့ သိပ်ပြီး မကွာခြားပါဘူး။

စ◌ပျစ်သီးက တခြားအသီးတွေထက်စာရင် သကြားပါဝင်နှုန်းမြင့်တယ်။ လူကြိုက်များတဲ့ အသီးဖြစ်ပေမယ့်လည်း နေ့တိုင်းတော့ မစားသင့်ဘူး။ နေ့တိုင်းစားမယ်ဆိုရင်တော့ ကိုယ်အလေးချိန် မြင့်လာနိုင်တယ်။ ဒါပေမယ့် စပျစ်သီးမှာ ကျန်းမာရေးအထောက်အကူပြုတဲ့ အမျှင်ဓါတ်နဲ့ ပိုတက်စီယမ်တို့ပါတယ်။

စပျစ်သီး အစိမ်းရော အညိုပါ ကျန်းမာရေးနဲ့ညီပြီး ရေဓါတ် ၈၀ ရာခိုင်နှုန်းပါတယ်။ ဒါပေမယ့် ကွဲပြားတာလေးတွေတော့ အနည်းငယ်ရှိတယ်။ စပျစ်သီး အညိုရောင်က အစိမ်းရောင်ထက် အမျှင်ဓါတ်ပိုပါတယ်။ စပျစ်သီးအညိုရောင် ၁၀၀ ဂရမ်မှာ အမျှင်ဓါတ် ၂.၁ ဂရမ်ပါတယ်။ စပျစ်သီးအစိမ်း ၁၀၀ ဂရမ်မှာ အမျှင်ဓါတ် ၁.၄ ဂရမ်ပါတယ်။ အမျှင်ဓါတ်ပိုလိုချင်တဲ့သူတွေ စပျစ်သီး အပြာရောင်ရွေးစားသင့်ပါတယ်။

Comments

0 comments