Advertisement

လေ့ကျင့်ခန်းကို လုပ်ဆောင်ပြီးပြီးချင်းမှာ ကိုကို မမတို့ အနေနဲ့ အစားစားမယ့် အချိန်နဲ့ အချိန်တစ်ခု သတ်မှတ်ပြီးမှသာ စားရမှာ ဖြစ်ပါတယ် ။ တကယ်လို့ လေ့ကျင့်ခန်း ပြီးပြီးချင်းမှာသာ အစားကို စားခဲ့မယ်ဆိုရင် မအီမသာဖြစ်မယ် ၊ အန်ချင်မယ် ၊ ဝမ်းလျောမယ် ၊ ပျို့မယ် စတာတွေ ဖြစ်လာနိုင်ပါတယ် ။ ဒါကြောင့် မို့ အစားအစာကို လေ့ကျင့်ခန်းလုပ်ပြီးပြီးချင်းအနည်းလေး နာရီပိုင်း မဟုတ်ရင်တောင်မှ မိနစ်ပိုင်း ကို မိနစ် ၃၀ လောက်တော့ ခြားသင့်တယ် ဆိုတာကို အကြံပြုပါရစေ

ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းမျိုးပဲ ဖြစ်ဖြစ် Gym ကစားလို့ပဲ ဖြစ်ဖြစ် ပြုလုပ်ပြီးတာနဲ့ အစားကို ချက်ချင်းကြီး မစားရတာဖြစ်ပါတယ်နော် ။ လေ့ကျင့်ခန်းမဟုတ်ဘဲ နေ့စဉ် ပုံမှန်တစ်နေ့ကို နာရီဝက်လောက်လမ်းလျှောက်နေကြ သူတွေ ဆိုရင်တောင်မှ အစားမစားခင် လမ်းလျှောက်ပြီး ပြန်လာရင် ရေကို အရင်ဆုံး ချိုးပြီးမှ ထမင်းစားခြင်း ၊ မုန့်တစ်ခုခု စားခြင်းကို ပြုလုပ်ရမှာ ‌ဖြစ်ပါတယ်

 

 

မုန့်သရေစာနဲ့ ထမင်းတောင် မတူပါဘူးနော် ။ အချိန်တစ်ခု သတ်သတ်မှတ်မှတ်ထားပြီး စားရမယ့် အထဲမှာ ထမင်းတင်မကဘဲ ၊ မုန့်သရေစာလည်း ပါဝင်ပါတယ် ။ မုန့်သရေစာကို စားမယ့် အချိန်ကတော့ ထမင်းစားရမယ့် အချိန်လောက် ခွာထားဖို့ မလိုပေမယ့်လည်း ထမင်းစားမယ့် အချိန်ကို တော့ လေ့ကျင့်ခန်းလုပ်ပြီး တစ်နာရီ နာရီဝက်လောက် ခြားထားတာကတော့ အသင့်တော်ဆုံး ဖြစ်တယ် လို့ အကြံပြုပါရစေနော်

Comments

0 comments