Advertisement


ဝိတ်ကျမယ်သာ ပြောလိုက် ဘယ်နည်းလမ်းနဲ့မဆို ဝိတ်ချဖို့ ကြိုးစားပြီးသားပဲ။ အစားအသောက် ထိန်းတာ၊ Keto Diet ဝင်တာ၊ Gym ဆော့တာ၊ Zumba Class တက်တာ အစုံမှ အစုံပဲ။ အကုန်လုပ် ကြိုးစားကြည့်တယ်..ဒါပေမယ့် အဆီတွေက ရှိမြဲ ရှိမြဲပဲ။ အဲဒီတော့ ဝိတ်ချနည်းတွေ မျိုးစုံသုံးပေမယ့် အဆီတွေ မကျတာ ဘာကြောင့်လဲ အဖြေရှာသင့်တယ်နော်။ ဒါမှ ကိုယ်သုံးနေတဲ့ နည်းလမ်းတွေ ထိထိရောက်ရောက်ဖြစ်မှာ။

ရေများများမသောက်တာ

တချို့ရှိတယ်နော်.. တစ်နေ့လုံးမှ ဖန်ခွက်နဲ့ ရေ(၂) ခွက်လောက် သောက်တာမျိုး..။ ဒါတွေက အဆီတွေ မကျစေတဲ့ အကြောင်းတွေထဲက တစ်ခုနော်။ ဘာလို့လဲဆိုတော့ ရေက  ခန္ဓာကိုယ်အတွက် (၅၀) ကနေ (၆၀) ရာခိုင်နှုန်းလောက်အထိ လိုအပ်ပြီး ဝိတ်ကျဖို့နဲ့ အစားနည်းနည်းပဲ စားဖြစ်အောင် ထိန်းချုပ်ပေးနိုင်တာကြောင့်ပါ။ နောက်တစ်ခုကတော့ ကယ်လိုရီတွေ လောင်ကျွမ်းဖို့အတွက်လည်း အများကြီး ကူညီပေးနိုင်သေးတယ်လေ။ ဘယ်နည်းနဲ့ပဲ ဝိတ်ချချ ရေသောက်တဲ့ ဝိတ်ချနည်းကိုတော့ မေ့ထားခဲ့လို့ မရဘူးနော်။

ကျန်းမာရေးနဲ့ မညီတာတွေစားတာ

ဝိတ်ချနေတဲ့သူ အများစု သုံးတဲ့နည်းလမ်းကတော့ အစားအစာ ရှောင်တာပါပဲ။ လျှော့စားတယ်ပေါ့။ ညစာလောက်တော့ လျှော့စားပါရဲ့ တစ်နေ့လုံး စားတာတွေက အသင့်စားအစားအစာတွေ၊ အဆီအနှစ်တွေဆိုရင် ဘာမှမထူးဘူးနော်။ ကျန်းမာရေးနဲ့ မညီတာတွေ စားမယ်ဆိုရင် ဘယ်လိုနည်းနဲ့မှ အဆီတွေ မကျနိုင်သလို အစားလျှော့လည်း သိပ်မသာနိုင်ဘူးနော်။

ကိုယ်လက်လှုပ်ရှားနည်းတာ

(photo: www.cnet.com)

အဆီကျချင်တဲ့ ဘယ်သူမဆို ကိုယ်လက်လှုပ်ရှားမှုကို မေ့ထားလို့ မရပါဘူး။ အစားတွေ လျှော့လည်း အဆီတွေ ပျော်သွားစေဖို့အတွက်တော့ လေ့ကျင့်ခန်း လိုတယ်နော်။ လေ့ကျင့်ခန်းကလည်း လုပ်တဲ့အခါမှာ ထိထိမိမိ လုပ်ဖို့လိုတယ်နော်။ Gym ဆေ့ာတယ်ဆိုရင်လည်း တကယ် ထိထိမိမိ လိုက်လုပ်တာမျိုးပေါ့။ အဲဒီလိုမျိုးတွေ မလုပ်ရင်တော့ အဆီတွေ ကျဖို့ လမ်းမမြင်ပါဘူး ချစ်တို့ရေ..

အိပ်ချိန်မမှန်တာ

(photo: ucihealth.org)

အိပ်ချိန်မမှန်တာကလည်း အဆီတက်စေတယ်တဲ့နော်။ ညဘက်ဆို နောက်ကျမှ အိပ်၊ မနက်ဆိုလည်း နောက်ကျမှ အိပ်ရာထတာတွေက အဆီတွေ ဖြစ်တည်မှုကို ပိုဖြစ်စေပြီး အဆီမပျော်နိုင်ပါဘူး။ ညဘက် ခပ်စောစောအိပ်ပြီး မနက်နည်းနည်းစောထတာက အကောင်းဆုံးနော်။

ကဲ… ဒါလေးတွေ သိပြီဆိုရင်တော့ ဝိတ်ချပြီး အဆီကျနိုင်ပြီနော်

REF: www.active.com

Tags: bellyfitness

Comments

0 comments