Advertisement

ချစ်တို့ရေ ဒီလောက်ဆိုရင်တော့ ညဘက် အိပ်မပျော်အောင် လုပ်မိနေတဲ့ အရာတွေကို သိလောက်ပြီး ဖြစ်မှာပါ။ ဒီအချက်တွေ လုပ်မိနေတယ်ဆိုရင် ရှောင်ဖို့ တိုက်တွန်းလိုက်ပါတယ်နော်။

ခုကာလက Stay Home ကာလဖြစ်နေတော့ အိမ်မှာပဲ အိပ်လိုက် စားလိုက် ဖြစ်နေမှာ သေချာသလောက်ပါပဲ။ အရင်ကတော့ အလုပ်မသွားရရင် အိမ်မှာ သေချာ အိပ်ဖြစ်မယ် အိပ်ချိန်ပိုရမယ်လို့ တွေးကောင်းတွေးခဲ့ကြမှာပါ။ ဒါပေမယ့် တကယ့်တကယ်တမ်း အိမ်မှာ နားရတဲ့အခါ ထင်သလိုမျိုး သေချာ မအိပ်ဖြစ်တာ၊ အိပ်ချိန်နည်းတာ အိပ်မပျော်တာမျိုး ခံစားရတတ်ပါတယ်။ တချို့ဆိုရင် အိပ်တော့ အိပ်ပါရဲ့  မနက် ည လွဲနေတာမျိုးတွေ ဖြစ်တတ်ပါတယ်။ ညကျ တစ်ညလုံးနိုးနေပြီး မနက်မှ အိပ်တာမျိုးပေါ့။ ဒီလို ရေရှည်ဖြစ်နေရင် ကျန်းမာရေး ထိခိုက်လာနိုင်တာမလို့ ညဘက် အိပ်မပျော်‌ေစေတဲ့ အကြောင်းရင်းတွေ ရှာလိုက်ရအောင်။

အသက်ရှူရခက်တာ

ညဘက်တွေ ကောင်းကောင်း အိပ်မပျော်တဲ့ အချက်တွေထဲမှာ ကိုယ့်ရဲ့ ကျန်းမာရေး အခြေအနေတွေလည်း ပါဝင်နိုင်ပါတယ်။ အဲဒါက ဘယ်လိုမျိုးလဲဆိုတော့ ညဘက်အိပ်နေရင်းနဲ့ အသက်ရှူလို့ မဝသလို ခံစားလာရပြီး နိုးလာတတ်တာမျိုးပါ။ တော်ရုံနဲ့ ပြန်အိပ်မပျော်တာမျိုး ဖြစ်တတ်ပါတယ်။ နောက်ပြီး အိပ်ရာနိုးလာတဲ့အခါ မောပန်းနေသလို အားမရှိသလိုတွေ ဖြစ်ပြီး ရေဆာရေငတ်တာမျိုးလည်း ဖြစ်တတ်ပါတယ်။

စိတ်ဖိစီးမှု များတာ

စိတ်ဖိစီးမှုဆိုတာက ကိုယ်က ဖိစီးနေတယ်လို့ သေချာမသိဘဲ မသိစိတ်မှာ စိုးရိမ်စိတ် ကြီးနေတာမျိုးလည်း ဖြစ်တတ်ပါတယ်။ မသိစိတ်ထဲမှာ စိတ်ဖိစီးမှု များနေတာမျိုးပေါ့။ အဲဒီလို စိတ်ဖိစီးမှုတွေနဲ့ အိပ်ရာဝင်ရင်လည်း ကောင်းကောင်း အိပ်မပျော်တာ၊ အိပ်ပျော်နေတုန်း ခဏခဏ လန့်နိုးနေတာမျိုး ဖြစ်တတ်ပါတယ်။ နောက်ပြီး အိမ်မက်ဆိုး မက်တာမျိုး ဖြစ်ပြီး ပြန်အိပ်ဖို့ ခက်တာတွေလည်း ဖြစ်တတ်ပါတယ်။ ဒါတွေက အိပ်မပျော်စေတဲ့ အကြောင်းအရင်းတွေထဲက တစ်ချက်ပါပဲနော်။

အိပ်ခါနီး စားတဲ့ အစားအသောက်တွေ

အိပ်ခါနီးမှာ စားတဲ့ အစားအသောက်တွေကြောင့်လည်း ညဘက် အိပ်မပျော်တာတွေ ဖြစ်စေနိုင်ပါတယ်။ အိပ်ခါနီးမှာ ရေခဏခဏ ဆာစေတဲ့ အငန်မုန့်တွေ၊ ဆီကြော်တွေနဲ့ ဝမ်းပူစေတဲ့ အပူအစပ်တွေ စားမိရင် ညဘက်ကောင်းကောင်း မအိပ်ပျော်နိုင်ပါဘူး။ နောက်ပြီး ရေဆာတာနဲ့ ဝမ်းဗိုက်ထဲမှာ ပူပူကြီး ခံစားနေရလို့ လန့်နိုးတာတွေ ဖြစ်တတ်ပါတယ်။

/www.freepik.com

အိပ်ယာဝင်ခါနီး ဖုန်းသုံးတာ

ဒီအချက်ကို လုံးဝလုပ်မှာ သေချာသလောက်ပါပဲ။ ဖုန်းသုံးတဲ့အခါ မျက်စိက တော်ရုံနဲ့ မအိပ်တော့ဘဲ မျက်လုံးကြောင်တာမျိုး ဖြစ်သွားတတ်ပါတယ်။ နောက်ပြီး ဖုန်းကလာတဲ့ အလင်းရောင်ကြောင့် အိပ်မပျော်တာတွေ ဖြစ်နိုင်ပါတယ်။ ဒီတော့ ဖုန်းသုံးတာကို ညအိပ်ရာမဝင်ခင်ကတည်းက အချိန်ခွာပြီး ရပ်နားဖို့ လိုပါတယ်။

 

Tags: healthsleeping

Comments

0 comments