Advertisement

အဓိကပြောချင်တာကတော့ ကိုယ့်ကိုယ်ကို အရမ်းဝလာပြီ ပိန်ကိုပိန်သင့်နေပြီလို့ တွေးပြီး အတင်းဝိတ်ချတာမျိုးတွေ မလုပ်ဖို့ပါ။ အာဟာရပြည့်ဝပြီး ကျန်းမာတယ်ဆိုရင် ပိန်ခြင်း ဝခြင်းက အရမ်းအဓိက မကျပါဘူးနော်။

ခုနောက်ပိုင်း မိန်းကလေးတွေ အတော်များများ ဝိတ်ချနေကြနေကြတာ တွေ့ဖူး ကြားဖူးကြမှာပါ။ အစားအသောက် လျှော့တယ်၊ Gym ဆော့တယ်၊ ကီတို တွေ လုပ်တယ်၊ အဆီကျတယ်ဆိုတဲ့ အရာတွေ အကုန်လုပ်တာမျိုးပေါ့။ တကယ်တမ်းတော့ ချစ်တို့ ခန္ဓာကိုယ် တကယ်ပိန်သင့်ပြီလားဆိုတာ ပြန်တွေးဖို့ လိုပါတယ်။

ခန္ဓာကိုယ် ကောက်ကြောင်း မရှိလို့

တချို့ ကောင်မလေးတွေက ခန္ဓာကိုယ် ကောက်ကြောင်းမရှိလို့ ရင် ခါး တင်က သူများတွေ သတ်မှတ်ထားတဲ့ အချိုးအစား မဖြစ်လို့ ဆိုပြီး ဝိတ်ချဖို့ ကြိုးစားကြပါတယ်။ တကယ်တော့ ခန္ဓာကိုယ်ကောက်ကြောင်းက ခန္ဓာကိုယ် ပြည့်တဲ့သူတွေမှာလည်း ရှိပါတယ်နော်။ အဝတ်အစားကို သေချာ ရွေးချယ်ဝတ်တတ်ဖို့တော့ လိုပါတယ်။ ခန္ဓာကိုယ် မသွယ်လျဘဲနဲ့လည်း ခန္ဓာကိုယ် ကောက်ကြောင်းအတွက်နဲ့တော့ အရမ်းအပင်ပန်းခံပြီး ဝိတ်မချပါနဲ့။

http://www.capsica.in

သူများတွေ ပြောလို့

သူများတွေက ဝလာပြီ ပြောလို့ ပိန်သင့်နေပြီလို့ ထင်တဲ့ ကောင်မလေးတွေလည်း အများကြီး ရှိပါတယ်။ အလှအပဆိုတာ ကြည့်တဲ့သူရဲ့ မျက်စိနဲ့ပဲ ဆိုင်တာမလို့ သူများပြောတာတွေကို အာရုံအရမ်းစိုက်ပြီး ကိုယ့်ကိုယ်ကို ဒုက္ခပေးတာမျိုး မလုပ်ပါနဲ့။ သူများအပြောတွေနဲ့ ကိုယ့်ကိုယ်ကို ပိန်သင့်ပြီ မတွေးဘဲ ကိုယ့်ခန္ဓာကိုယ်မှာ အဆီပိုတွေ ရှိနေတယ် ကိုယ့်အရပ်နဲ့ ဝိတ် မညီမျှတဲ့အထိ ဖြစ်တယ်ဆိုမှသာ ဝိတ်ချပါ။

အဝတ်အစား ဝတ်ရတာ အဆင်မပြေလို့

ခန္ဓာကိုယ်နည်းနည်း ပြည့်လာတာနဲ့ ကိုယ်ဝတ်နေကျ အဝတ်အစားတွေ မတော်တော့တာမျိုး ဖြစ်တတ်ပါတယ်။ အရင်က ကိုယ်က ခန္ဓာကိုယ်နဲ့ အတိအကျပ်လေးတွေ ဝတ်တတ်တယ်ဆိုရင် မဆိုစလောက်လေး ပြည့်လာတာနဲ့ အင်္ကျီတွေ ကြပ်တတ်တယ်လေ။ ဒါကို စိတ်သောကတွေ ရောက်ပြီး ဝိတ်အတင်းတွေ မချပါနဲ့။ ပေါင်(၁၀၀) လောက်ကနေ (၁၀၅) လောက် ဖြစ်လာရင်ကို အဝတ်အစားလေးတွေ ကြပ်တတ်တာမလို့ပါ။ ပေါင်(၁၀၅) ဆိုတာ အရပ်(၅) ပေ ရှိတဲ့ မိန်းကလေး တစ်ယောက်အနေနဲ့ မဝသေးပါဘူးနော်။

http://www.capsica.in

ကျန်းမာရေးအတွက်

ကျန်းမာရေးအတွက်ဆိုရင်တော့ ဝိတ်က တကယ့်ကို အရေးကြီးပါတယ်။ ကိုယ့်မှာ နှလုံးရောဂါလိုမျိုး ရှိတယ်ဆိုရင်တော့ ဝိတ်များတယ် နည်းတယ် ကိုလက်စထရော များတယ် နည်းတယ်ဆိုတာတွေကို ကန့်သတ်ရမှာဖြစ်လို့ ကျန်းမာရေးအတွက် ဝိတ်ချသင့်ပါတယ်။ဒါကလည်း ဆရာဝန်တွေက ဘယ်လောက်ဝိတ်အထိ ရှိရမယ်ဆိုတာ သတ်မှတ်ပေးမှာပါ။ အဝလွန်ရင် ကျန်းမာရေးအတွက် မကောင်းပေမယ့် ပိန်လွန်းနေတယ် လုံလောက်တဲ့ အာဟာရတွေ မစားဘူးဆိုတာကလည်း ကျန်းမာရေးအတွက် မကောင်းပါဘူး။ ဒီတော့ ကျန်းမာရေးအတွက် ဝိတ်ချဖို့ လိုမလို ဆရာဝန်တွေနဲ့ တိုင်ပင်ရမှာပါမယ်နော်။

 

Tags: fitnesshealthweight

Comments

0 comments