ယောဂကျင့်ဖူးကြလား။ မကျင့်ရသေးရင် ခုပဲ ယောဂကျင့်ဖို့ စီစဥ◌်လိုက်တော့နော်။ ဘာလို့လဲဆိုတော့ ယောဂကျင့်တာက ချစ်တို့ကို စိတ်ရောကိုယ်ပါ ကျန်းမာစေလို့ပါပဲ။ အသက်ကြီးတဲ့အထိ စိတ်ရောကိုယ်ပါ နုပျိုချင်တယ်ဆိုရင် ယောဂကျင့်ထားဖို့ လိုပါတယ်။ ချစ်တို့အတွက် ဘာတွေအကျိုးထူးမလဲဆိုတာ ဖတ်ကြည့်ရအောင်။
စိတ်ကျတာမျိုး မဖြစ်စေဘူး
တခါတလေမှာတော့ စိတ်အဆင်မပြေတာ စိတ်ကျတာမျိုး ဖြစ်တတ်ကြပါတယ်။ ယောဂလေ့ကျင့်တာက ဒီလိုမျိုး စိတ်ဖိစီးမှုတွေကို ဖျောက်ဖျက်ပေးနိုင်ပြီး စိတ်တည်ငြိမ်အောင် ကူညီပေးပါတယ်။ စိတ်ကျတာတွေ စိတ်ဖိစီးတာတွေ မဖြစ်ဘူးဆိုရင် ညဘက်အိပ်မပျော်တာကိုလည်း သက်သာစေနိုင်တာမလို့ ကျန်းမာရေးအတွက်ပါ အကျိုးရှိစေတဲ့ နည်းလမ်းတစ်မျိုးပါပဲ။
ဥ◌ီးနှောက်မှတ်ဥာဏ်ကောင်းစေတယ်
ယောဂလေ့ကျင့်တာက ခန္ဓာကိုယ် လှုပ်ရှားမှုကို တိုးတက်စေရုံတင်မဟုတ်ဘဲ ဥ◌ီးနှောက်မှတ်ဥာဏ်ကိုလည်း တိုးတက်စေပါတယ်။ ဥ◌ီးနှောက်နဲ့ အာရုံကြော ကောင်းဖို့အတွက် လှုပ်ရှားရတဲ့ လေ့ကျင့်ခန်းတွေလည်း လုပ်ရတာမလို့ ချစ်တို့ရဲ့ ဥ◌ီးနှောက် မှတ်ဥာဏ်ကိုပါ ကောင်းစေပါတယ်နော်။

www.freepik.com
ခန္ဓာကိုယ်အတွက် ကျန်းမာစေတယ်
ခန္ဓာကိုယ် ကျန်းမာရေးအပြင် အချိုးအစားကျကျ လှပဖို့လည်း အကျိုးကျေးဇူး ပေးစွမ်းနိုင်ပါတယ်။ ယောဂလေ့ကျင့်တာက ခန္ဓာကိုယ်မှာရှိတဲ့ ကယ်လိုရီတွေကို လောင်ကျွမ်းစေပြီး အကြောအခြင်တွေလည်း ပြေစေပါတယ်။ ဒီတော့ ဇက်ကြောတက်တာ၊ ခါးနာတာမျိုးတွေ ရှိရင် သက်သာစေနိုင်ပါတယ်။ ချစ်တို့ သီးသန့် အကြောလျော့နှိပ်စရာတောင် မလိုတော့ဘူးလေနော်။ ကိုယ်လက်လှုပ်ရှားပြီးသား ဖြစ်စေလို့ ကျန်းမာရေး ကောင်းစေပါတယ်။
အသားအရေ လှစေတယ်
ယောဂလေ့ကျင့်တဲ့အခါ ချွေးထွက်တာမို့ မျက်နှာအသားအရေထဲမှာ အညစ်အကြေးတွေ ချွေးပုပ်တွေကို ဖယ်ထုတ်ပြီးသား ဖြစ်စေပါတယ်။ ချွေးထွက်တဲ့အတွက် အသားအရေလည်း လှစေမှာ အသေအချာပါပဲ။ နောက်ပြီး ယောဂကျင့်တာက စိတ်ဖိစီးမှုတွေ လျော့စေတာမလို့ စိတ်ဖိစီးမှုကြောင့် ဝက်ခြံထွက်တာမျိုးလည်း နည်းစေမှာပါ။

www.freepik.com
ယုံကြည်မှု ရှိလာမယ်
ယောဂကျင့်တာက ကိုယ့်ကိုယ်ကို ယုံကြည်မှု ပိုရှိလာစေပါတယ်။ အပေါ်မှာ ပြောပြသလိုပဲ ယောဂကျင့်တာက စိတ်ဖိစီးမှု ဝေးစေတယ်၊ ခန္ဓာကိုယ် အချိုးအစား ကျစေတယ်၊ အသားအရေ အတွက်လည်း ကောင်းကျိုး ပြုတယ်ဆိုတော့ စိတ်ရောကိုယ်ပါ ကျန်းမာနေမှာ အသေအချာပါပဲ။ ဒီတော့ စိတ်ချမ်းသာရပြီး ကိုယ့်ကိုယ်ကို ယုံကြည်မှု ပိုရှိလာပြီပေါ့။
Comments