Advertisement

 သွားကျဥ◌်တယ်ဆိုတာ ခံစားရခက်တဲ့ ဝေဒနာ တစ်မျိုးပဲမလို့ သွားကျဥ◌်တာကို ကုသရင်း မဖြစ်အောင်လည်း ကြိုတင်ကာကွယ်ထားဖို့ လိုပါတယ်နော်။

ချစ်တို့ရေ ကျန်းမာရေး မကောင်းဘူးဆိုရင် စိတ်ညစ်ရတယ်နော်။ ကျန်းမာရေးတွေထဲမှာ သွားကျဥ◌်တာကလည်း စိုးရိမ်ပြီး စိတ်ညစ်ရတဲ့ အချက်တစ်ချက်ပဲမလို့ ချစ်တို့ ဂရုစိုက်ဖို့ လိုပါတယ်။ သွားကျဥ◌်နေတယ်ဆိုရင် တခြားဘာကိုမှ အာရုံမစိုက်နိုင်တော့ဘဲ အစားလည်း ကောင်းကောင်းစားလို့ မရဘဲ အလုပ်တောင် သေချာမလုပ်နိုင်ဘူး ဖြစ်နေမှာပါ။ ရေသောက်ရင်တောင် သွားကျဥ◌်တာမျိုး ဖြစ်နေမှာမလို့ ခံစားရခက်နေရင် ဒါတွေ လုပ်ပါ။

သွားကျဥ◌်တာတွေ မဖြစ်အောင်

  •  သွားကျဥ◌်တာတွေ မဖြစ်အောင် သွားကို သေချာဂရုစိုက်ပေးဖို့ လိုပါတယ်။ သွားကျန်းမာရေးအတွက် စားစရာတွေကနေ ရတဲ့ အက်ဆစ်ဓါတ် လိုအပ်ပါတယ်။ ဒါပေမယ့် အလွန်အကျွံ ဖြစ်လို့တော့ မရပါဘူး။ အချဥ◌်ဓါတ် ပါတာတွေ အလွန်အကျွံ စားတာမျိုးတွေ မလုပ်ပါနဲ့။
  • သွားကျဥ◌်တာတွေ မဖြစ်ခင်မှာ သွားနာတာမျိုး၊ သွားဖုံးကို ထိခိုက်စေတာမျိုး ဖြစ်တတ်ပါတယ်။ သွားမကျဥ◌်စေချင်ရင် သွားတိုက်တံကိုလည်း ဂရုစိုက်ရပါမယ်။ ဘာလို့လဲဆိုတော့ သွားတိုက်တံ မာတာတွေက သွားနာအောင် ထိခိုက်မိတာမျိုး ဖြစ်စေနိုင်တာကြောင့်ပါ။
  • သွားတိုက်တဲ့အခါ နည်းစနစ်မှန်မှန်နဲ့ အချိန်(၂) မိနစ် ကြာအောင် တစ်နေ့(၂) ကြိမ် တိုက်ပါ။ ဒါဆိုရင် သွားကျဥ◌်တာကို ကာကွယ်ပြီးသား ဖြစ်မှာပါ။
  •  သွားကျဥ◌်တာတွေ မဖြစ်စေချင်ရင်တော့ အစာမာမာ စားတာမျိုးတွေလည်း ရှောင်ပါ။ အစာမာမာ တွေ စားမိလို့ သွားရဲ့ အပေါ်ယံကြွေလွှာတွေ ပျက်စီးရင်လည်း သွားကျဥ◌်တာတွေ ဖြစ်စေတတ်ပါတယ်။ အစာမာမာတွေကြောင့် သွားမှာ ပြဿနာ တစ်စုံတစ်ရာ ဖြစ်ခဲ့ရင်လည်း သွားကျဥ◌််တတ်ပါတယ်။
 ဂရုစိုက်ရမှာတွေ

ဂရုစိုက်ရမှာတွေ https://www.cvhn.org/

ဂရုစိုက်ရမှာတွေ

  • သွားကျဥ◌်တယ်ဆိုတာ သွားကြိတ်တတ်တဲ့သူတွေမှာလည်း ဖြစ်တတ်ပါတယ်။ သွားတွေ ကြိတ်ထားပြီး မနက်အိပ်ရာနိုးတဲ့အခါကျ နာကျင်နေတာ အထိမခံနိုင်အောင် ကျဥ◌်တာမျိုး ဖြစ်တတ်ပါတယ်။ ဒီတော့ ကိုယ်က ညအိပ်တဲ့အခါ သွားကြိတ်တတ်တဲ့သူဆိုရင် ဂရုစိုက်ပါ။ သတိထားပြီး အိပ်ပါ။
  • သွားကျဥ◌်တာတွေ မဖြစ်အောင် ခံတွင်းသန့်ရှင်းရေးကို ဂရုစိုက်ရပါမယ်။ သွားမှာ ချေးတွေ ရှိနေရင်လည်း သွားကျဥ◌်တတ်ပါတယ်။ ဒီတော့ အပေါ်မှာ ပြောခဲ့သလိုပဲ သွားတစ်နေ့ (၂) ကြိမ် တိုက်ပါ။ ဖလူရိုက်ပါဝင်တဲ့ သွားတိုက်ဆေးကိုသာ သုံးပါ။
ဆရာဝန်ပြရမှာတွေ

ဆရာဝန်ပြရမှာတွေ https://www.cvhn.org/

ဆရာဝန်ဆီပြပါ

သွားမှာ ပြဿနာဖြစ်ပြီဆိုရင် သွားဆရာဝန် ပြဖို့ လိုပါတယ်။ သွားကျဥ◌်တာ၊ သွားနာတာတွေနဲ့ သွားကိုက်တာတွေ ဖြစ်လာပြီဆိုရင် ဆရာဝန်ဆီမှာ အမြန်ဆုံး  ပြဖို့ လိုပါတယ်။ သွားကျဥ◌်နေတဲ့အချိန်မှာ ပိုနာကျင်စေမယ့် သွားတိုက်တာ၊ ရေခဲရေသောက်တာနဲ့ ဆရာဝန်မညွှန်ကြားထားတဲ့ ဆေးတွေ လိမ်းတာမျိုး မလုပ်ဖို့ပါ။

 သွားကျဥ◌်တယ်ဆိုတာ ခံစားရခက်တဲ့ ဝေဒနာ တစ်မျိုးပဲမလို့ သွားကျဥ◌်တာကို ကုသရင်း မဖြစ်အောင်လည်း ကြိုတင်ကာကွယ်ထားဖို့ လိုပါတယ်နော်။

 

Comments

0 comments