ဟန်းနီးမွန်း ခရီးစဉ်လေးမှာ ဒါလေးတွေ ထည့်သွားပါ

by: Phyo Pyae Thu
 0 comments  0 love

ပျော်စရာကောင်းတဲ့ ဟန်းနီးမွန်းမှာ ပစ္စည်းမေ့ကျန်ခဲ့တာတွေကြောင့် စိတ်မညစ်စေဖို့ အစုံအလင်ထည့်သွားဖို့ မမေ့ပါနဲ့။ Marry က ပြောပြတာလေးတွေ အဓိကထားပြီး ထည့်ပါနော်။

စုံတွဲလေးတို့ရေ ဟန်းနီးမွန်း ခရီးစဉ်ဆိုတာ နှစ်ယောက်ကြားမှာ တသက်မမေ့နိုင်တဲ့ ခရီးစဉ်လေး တစ်ခုပါ။ ဒီလို အမှတ်ရစရာ ကောင်းတဲ့ ဟန်းနီးမွန်းမှာ ပစ္စည်း မစုံမလင်တာကြောင့် စိတ်ညစ်စရာတွေ ဖြစ်နေမယ်ဆိုရင် ဘယ်ကောင်းပါ့မလဲ။ ဒီတော့ ဟန်းနီးမွန်းကို စိတ်အေးလက်အေး လည်ပတ်လို့ရအောင် ထည့်သွားရမယ့် ပစ္စည်းလေးတွေ ပြောပြမယ်နော်။

အဝတ်အစား

စုံတွဲလေးတို့ ဟန်းနီးမွန်းအတွက် အဝတ်အစား ရွေးပြီဆိုရင် အရင်ဆုံး နေ့လည်ခင်းဘက်မှာ ဝတ်မယ့် အဝတ်အစားတွေကို စတင်ပြီး စဉ်းစားပါ။ စကတ်အရမ်းတိုတာလေးတွေတော့ မရွေးချယ်သင့်ပါဘူး။ ဇနီးချောလေးတို့ အရမ်းနေရထိုင်ရ ခက်တာတွေ ဖြစ်စေနိုင်ပါတယ်။ ဘောင်းဘီနဲ့ ဂါဝန်တွေ များများ ထည့်ပါ။ တီရှပ်လေးတွေ မဖြစ်မနေ သယ်သွားပါ။ နေ့လည်ခင်းမှာ ဝတ်တဲ့ အဝတ်အစားလေးတွေက ခန္ဓာကိုယ်ဆီ နေရောင်ထိတွေ့မှုကနေ ကာကွယ်ပေးနိုင်တာမျိုးဆိုရင် ပိုကောင်းပတယ်။ အင်္ကျီလက်ရှည်လေးတွေ မမေ့ပါနဲ့။ ပူတဲ့ နေရာကို သွားမယ်ဆိုရင်တော့ အမည်းရောင်အင်္ကျီတွေ အများကြီး မသယ်သွားပါနဲ့နော်။ ပိုပြီး ပူစေတာကြောင့်ပါ။

ဟန်းနီးမွန်း ခရီးစဉ်လေးမှာ

 ဆေးဝါးလေးတွေ

ဟန်းနီးမွန်းထွက်တာက လမ်းခရီးသွားတာပဲ ဖြစ်တာကြောင့် ဆေးဝါးလေးတွေ သယ်သွားပါ။ သောက်နေကျ ဆေးတွေအပြင် လိမ်းဆေးလိုမျိုးတွေရောပေါ့။ နောက်တစ်ခုကတော့ ကိုယ်ဝန်ချက်ချင်း မယူသေးဘူးဆိုရင်လည်း စုံတွဲလေးတို့ တိုင်ပင်ပြီး ကိုယ်ဝန်တားဆေးနဲ့ ပတ်သက်ပြီး ဘယ်လိုဆေးဝါး သုံးမယ်ဆိုတာ ကြိုတင်ပြင်ဆင် ယူဆောင်သွားရမှာပါနော်။

ဇနီးလေးတို့ရေ ဒီအချိန်က အလှဆုံးအချိန်နဲ့ အပျော်ဆုံးအချိန်ဖြစ်ရမှာ ဖြစ်တာကြောင့် အလှပြင်ဖို့ လိုပါတယ်နော်။ အလှပြင်ပစ္စည်းလေးတွေ သယ်သွားပါ။ အများကြီးတော့ မဟုတ်ဘူးပေါ့နော်။ နှုတ်ခမ်းနီဆိုရင်လည်း အများဆုံး(၃) ချောင်းလောက်ပဲ သယ်ပါနော်။ Skin care လေးတွေလည်း သယ်သွားပါ။ ဘယ်လိုခရီးစဉ်ပဲ ဖြစ်ဖြစ် နေပူထိတာမျိုး ဖြစ်နိုင်တာကြောင့် Sunscreen ယူသွားဖို့ မမေ့ပါနဲ့။

Accessories လေးတွေ (photo: flyopedia.com)

Accessories လေးတွေ

အသစ်စက်စက် အိမ်ထောင်ရှင်မလေးတို့ရေ Accessories လေးတွေ သယ်သွားဖို့ မမေ့ပါနဲ့နော်။ ခြေအိတ်၊ ဆံပင်ညှပ်တဲ့ ကလစ်စတာလေးတွေအပြင် ပေါ့ပေါ့ပါးပါး ရှိတဲ့ ဖိနပ်ပဲ သယ်ပါနော်။ ညအိပ်ဝတ်စုံ လှလှလေး သယ်ဖို့ လုံးဝမမေ့ပါနဲ့နော်။ ဟန်းနီးမွန်း ကာလလေးမှာ Romantic လေးဖြစ်ဖို့ လိုတာကြောင့်ပါ။

ပျော်စရာကောင်းတဲ့ ဟန်းနီးမွန်းမှာ ပစ္စည်းမေ့ကျန်ခဲ့တာတွေကြောင့် စိတ်မညစ်စေဖို့ အစုံအလင်ထည့်သွားဖို့ မမေ့ပါနဲ့။ Marry က ပြောပြတာလေးတွေ အဓိကထားပြီး ထည့်ပါနော်။

From Marry with


Comments

0 comments
Latest video
Refer to more useful articles
Community
Latest wedding promotions
Keywords